ကျောက်မဲ စစ်ရှောင် တစ်ဦး ကိုဗစ်ပိုးတွေ့

သျှမ်းမြောက် ကျောက်မဲမြို့ သျှမ်းစာပေနှင့်ယဥ်ကျေးမှုမြေနေရာတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးထံမှ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (နိုဝင်ဘာ ၂၈) တွင် စစ်ဘေးရှောင်များထဲမှ ကျန်းမာရေးမကောင်းသည့် အသက် (၈၀)အရွယ် အမျိုးသမီးတစ်ဦးကို စစ်ဆေးလိုက်ရာ ကိုဗစ်ပိုး တွေ့ရှိခဲ့ကြောင်း၊ လက်ရှိစစ်ရှောင်စခန်းမှာ ကျန်းမာရေးမကောင်းသည့် သူများလည်း ရှိနေကြောင်း သျှမ်းစာပေ နှင့် ယဉ်ကျေးမှု အသင်း ဥက္ကဌ လုင်းလျန်းဟန် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“နေမကောင်းဖြစ်နေလို့ စစ်လိုက်တာ၊ ပိုးတွေ့တာပဲ၊ သက်ကြီး အမျိုးသမီးတစ်ဦးပါ၊ အဲ့မှာက လူများတယ် ဆိုတော့ သူနေတဲ့ အဆောင်မှာ ရှိတဲ့သူတွေကို အားလုံး အယောက် ၈၀ ကို စစ်တာ နောက်ထပ်ပိုးတွေ့တဲ့သူတော့ မရှိဘူး” ဟု သျှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်း ဥက္ကဌ လုင်းလျန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပိုးတွေ့လူနာသည် တွန်ဟိန့်ကျေးရွာမှ ကျောက်မဲမြို့ပေါ်သို့ စစ်ရှောင်လာခဲ့တာဖြစ်ကြောင်း၊ လွန်ခဲ့သည့် (၅)ရက်ခန့်ကမှ သျှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်း စစ်ရှောင်စခန်းသို့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အမှတ် (၈)ရပ်ကွက် သန္တိသုခ ဓမ္မာရုံရှိ စစ်ရှောင်စခန်းမှ စစ်ဘေးရှောင် သက်ကြီး သီလရှင်တစ်ပါးလည်း ကျန်းမာရေးမကောင်းသည့်အတွက် ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

“သက်ကြီး သီလရှင်တစ်ပါးပဲ၊ ကိုဗစ်လက္ခဏာလိုတော့ဖြစ်တယ်၊ အောက်ဆီဂျင်လည်း ကျနေတယ်၊ ဒါပေမယ့် Tast Kit နဲ့ စစ်ကြည့်တာတော့ ကိုဗစ်မတွေ့သေးဘူး၊ အဲ့စခန်းမှာရှိတဲ့ စစ်ရှောင်တွေကို စစ်ကြည့်ရဦးမှာပါ၊ ကျန်းမာရေးမကောင်းတဲ့သူတွေလည်း များနေတယ်” ဟု လုင်းလျန်းဟန် က ပြောသည်။

ကျောက်မဲမြို့နယ်တွင် နေရပ်မပြန်ရဲသေးသည့် စစ်ဘေးရှောင်ပြည်သူ (၂၀၀၀)ဝန်ကျင်ထိ ရှိနေသေးကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...