သီပေါမြို့နယ်အတွင်း ကျောက်မီးသွေး ဆက်တူးဖော်မှုရှိနေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်မကျေးရွာအုပ်စုအတွင်း ငွေရည်ပုလဲ ကုမ္ပဏီမှ ကျောက်မီးသွေး ဆက်လက် တူးနေကြောင်း စုံစမ်းသိရှိရသည်။

နိုဝင်ဘာ ၂၃ ရက်တွင် သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ကျောက်မီးသွေးတူးဖော်မှုကို ရပ်တန့်ပေးပြီး လူထုများ၏ စားဝတ်နေရေးအတွက်ကို ကြည့်ပေးသင့်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

“သူတို့ အသစ်ထပ်တူးတော့မယ်။ သူတို့ ဒေသခံတွေကို ကြည့်ပေးသင့်တယ်။ ကျောက်မီးသွေး ထပ်တူးရင် ဒေသခံတွေက စိုက်ပျိုးရေးတွေ ထိခိုက်လာတယ်။ ရေတွေလည်း ညစ်ညမ်းလာမယ်” ဟု သျှမ်းလူ့အခွင့်ရေးမဏ္ဍိုင်က ပြောခွင့်ရ စိုင်းရွက်လွင်က ပြောသည်။

ထို ငွေရည်ပုလဲကုမ္ပဏီသည် သီပေါမြို့နယ်ထဲ ကျောက်မီးသွေး တူးဖော်မှုကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့ကစပြီး တူးဖော်မှုကို ရပ်ဆိုင်ပေးမည်ဟု ဒေသခံများနှင့် ကုမ္မဏီအကြား စာချုပ်ချုပ်ဆိုခဲ့ကြသည်။

သို့သော် လက်ရှိ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းယူမှုကြောင့် ငွေရည်ပုလဲကုမ္ပဏီက စစ်ကောင်စီ၏ နောက်ခံဖြင့် သီပေါမြို့နယ် နမ့်မ ဟိုးနာ့မ ရေဝင်ကြောနေရာအသစ် ထပ်မံပြီး ကျောက်မီးသွေး တူးဖော်မည်ဖြစ်ကြောင်း သိရသည်။

“အရင်က ဒေသခံနဲ့ ကုမ္မဏီကြားက ထပ်မတူးဖို့ စာချုပ်ချုပ်ဆိုခဲ့တယ်။ အဲတုန်းကတော့ NLD အစိုးရ လက်ထက်လေ။ အခုက အစိုးရအသစ်ဆိုတော့ သူတို့ ဒီအစိုးရရဲ့ ကာဗာယူပြီးတော့ ထပ်လာတူးတာ။ စာချုပ်ကိုလည်း ပယ်ဖျတ်ပစ်တယ်။ ကျူးကျော်ပြီး ထပ်လာတူးနေတာပေါ့” ဟု စိုင်းရွက်လွင်က ပြောသည်။

ယခု ဆက်လက်တူးမည့် ဟိုးနာ့မ သည် နမ့်မအုပ်စု၏ အဓိက ရေဝင်ကြောဖြစ်ပြီး ထိုနေရာကို ဆက်လက်တူးဖော်ပါက ဒေသခံများ သုံးရေးအတွက် အခက်ခဲများစွာရှိလာနိုင်ကြောင်း စိုင်းရွက်လွင်က ထပ်လောင်းပြောသည်။

“ဟိုးနာ့မ က ရေထွက်တဲ့နေရာ ဖြစ်တယ်။ အဲနားတူးလိုက်ရင် ဒေသခံတွေသုံးဖို့ ရေတွေက အခက်ခဲတွေရှိလာနိုင်တယ်။ ရေတွေ ပိုပြီး ညစ်ညမ်းလာမယ်။ နမ့်မကျေးရွာအုပ်စုက အဲရေကို အဓိက အသုံးပြုကြတာဖြစ်တယ်” ဟု‌ စိုင်းရွက်လွင် က ဆိုသည်။

ငွေရည်ပုလဲကုမ္မဏီမှ ဆက်လက်တူးဖော်မည့် ကျောက်မီးသွေးများကို ရပ်တန့်ပေးရန်အတွက် ဒေသခံများကလည်း အထပ်ထပ်အခါခါ ကန့်ကွက်ဆန္ဒပြခဲ့သည်။

ငွေရည်ပုလဲကုမ္မဏီသည် သီပေါမြို့နယ်ထဲ ၂၀၀၄ ခုနှစ်မှ စတင်ကာ တူးဖော်ခဲ့ပြီး လက်ရှိတွင် နားကွန်ကျေးရွာနှင့် ကုန်းပေါင်းကျေးရွာကြားတွင် ဆက်လက်တူးဖော်နေလျက်ရှိကြောင်း သိရသည်။ ထိုကျောက်မီးသွေးတူးဖော်မှုကြောင့် ဒေသခံ ၃၀၀၀ ကျော်က ဆိုးကျိုးခံစားနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...