သျှမ်းပြည်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲ ရပ်တန့်ရန် စွမ်း တိုက်တွန်း

သျှမ်းပြည်အတွင်း ဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အချင်းချင်း ပစ်ခတ်တိုက်ခိုက်နေမှုများ ရပ်တန့်ရန် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (စွမ်း) မှ တိုက်တွန်းလိုက်ကြောင်း သိရသည်။

ထို တိုက်တွန်းချက်ကို နိုဝင်ဘာလ ၂၅ ရက်တွင် ကျရောက်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့တွင် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (စွမ်း) ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သျှမ်းပြည်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်းကြား မကြာခဏဖြစ်ပွားသည့် တိုက်ပွဲများကြောင့် သျှမ်းပြည်သူ၊ ပြည်သား တစ်သောင်းနီးပါး လယ်ယာမြေနှင့် အိုးအိမ် စွန့်ခွာရပြီး စစ်ပြေးရှောင်ဘဝအဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“စစ်ဘေးရှောင်တွေ အထူးသဖြင့် အမျိုးသမီးတွေရဲ့ အနာဂတ်ဟာ ဒီတိုက်ပွဲတွေကြား ပြေးရင်းလွှားရင်းနဲ့ပဲ ဘဝ မပြီးစေချင်ဘူး၊ စစ်ပဋိပက္ခဖြစ်တဲ့ဒေသတွေမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ဆိုတာ လက်နက်ကိုင်အဖွဲ့အစည်းတိုင်း လိုက်နာဆောင်ရွက်ရမယ် Military Code of Conduct တွေကို သေချာလိုက်နာ ဖို့လိုတယ်လေ” ဟု စွမ်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

နိုင်ငံရေး ရှုပ်ထွေးမှုနှင့် သျှမ်းပြည်တွင်း လက်နက်ကိုင်များကြား ဖြစ်ပွားနေသော စစ်ပဋိပက္ခများသည် အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ဘဝလုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း၊ စစ်ပွဲအတွင်း စစ်ဘေးရှောင်ကိုယ်ဝန်သည်များ မွေးဖွားရန် အခက်အခဲရှိနေပြီး မွေးကင်းစ ကလေးနှင့် မိခင်များအတွက် နေရာထိုင်ခင်း ခက်ခဲကျပ်တည်းမှုနှင့် ရင်ဆိုင်နေကြကြောင်း စွမ်း၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့အပြင် နိုဝင်ဘာ ၂၅ ရက် အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှု ပပျောက်ရေးနေ့ တွင် စွမ်းမှ ဦးဆောင်ပြီး အမျိုးသမီးအပေါ် အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုများ ရပ်တန့်အောင် ရည်ရွယ်သည့် အွန်လိုင်းလှုပ်ရှားမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီနှစ်မှာ စွမ်း အနေနဲ့ အခမ်းအနားတွေ စကားဝိုင်းတွေ မလုပ်ဖြစ်ဘူး၊ ဒါပေမဲ့ အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံတာတွေ၊ အကြမ်းဖက်မှုတွေအားလုံး ရပ်တန့် ပပျောက်သွားအောင် ရည်စူးပြီးတော့ နိုဝင်ဘာ ၂၅ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ အွန်လိုင်းကနေ လှုပ်ရှားမှုတွေရှိပါတယ်” ဟု စွမ်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

သျှမ်းပြည်တွင်းနှင့် အခြားပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပဋိပက္ခများ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အချင်းချင်းကြား ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်ပြီး စွမ်း၏ ထုတ်ပြန်ချက်တွင် စစ်တပ်မှ နိုင်ငံတော်အာဏာ သိမ်းယူပြီးနောက်ပိုင်း အကြမ်းဖက်နည်းမျိုးစုံဖြင့် အသတ်ခံရသည့် မြန်မာပြည်မှ အမျိုးသမီး ၁၀၀ ကျော် ရှိနေကြောင်းလည်း ရေးသားဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းပြည်တွင်း စိုးရိမ်ဖွယ်ရာ လိင်နှင့်ဂျဲန်ဒါ အကြမ်းဖက်မှုပုံစံများ ဖြစ်ပွားနေဟု ‘စွမ်း’ ထောက်ပြ

0
သျှမ်းပြည်တစ်ဝှမ်း လိင်နှင့် ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှု (SGBV) ပုံစံများ စိုးရိမ်ဖွယ်ရာ ဖြစ်ပွားနေကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (စွမ်း) က အစီရင်ခံစာ အသစ်တစ်စောင် ထုတ်ပြန်လိုက်သည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) တွင် ထုတ်ပြန်သည့် “အကြမ်းဖက်မှုကို ရင်ဆိုင်ရချိန်တွင်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...