နယ်စပ်ကုန်စည်ပစ္စည်းတင်သွင်းခွင့် ပိတ်သိမ်းရပ်ဆိုင်းမှုကြောင့် ယာဉ်ပြေးဆွဲမှု ရပ်နားရ
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် စစ်ကော်မရှင်ဘက်မှ ပစ္စည်းတင်ပို့ခွင့် မပြုခြင်းကြောင့် ခရီးသည်တင်ယာဉ်အချို့ ရပ်နားထားရကြောင်း စုံစမ်းသိရသည်။ သြဂုတ်လ တတိယပတ်မှ စတင်ပြီး တာချီလိတ်မြို့မှ အခြားမြို့သို့ တင်ပို့မည့် ကုန်ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ သယ်ဆောင်ခွင့်မပြုခြင်း၊ ခရီးသည် သွားလာမှု နည်းပါးခြင်းတို့ကြောင့် ခရီးသည်တင်ယာဉ်အချို့ ရပ်နားထားရကြောင်း တာချီလိတ်ကားသမားတစ်ဦးက...
မိုးကုတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကော်မရှင်တပ် လေကြောင်းဖြင့် ဖိအားပေးတိုက်ခိုက်နေ
လာမည့် ဒီဇင်ဘာလ ရွေးကောက်ပွဲမတိုင်မီ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးဆက်တိုက်ကြဲကာ ဖိအားပေးနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ် ၂၅ ရက်) ည ၁၁ နာရီဝန်းကျင်တွင် မိုးကုတ်မြို့အရှေ့ပိုင်း စည်ပင်သာရပ်ကွက်ရှိ...
မိုင်းလားတပ် NDAA ထိန်းချုပ် မိုင်းယောင်းမြို့နယ်ထဲ မြေရှားသတ္တုတွင်း (၁၉) ခုတိုးလာ
သျှမ်းပြည်အရှေ့ပိုင်း အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် မိုင်းလားတပ်ဖွဲ့ (NDAA) ထိန်းချုပ်ထားသော မိုင်းယောင်းမြို့နယ်အတွင်း မြေရှားသတ္တု တူးဖော်မှုသည် စစ်အာဏာသိမ်းကာလ လေးနှစ်အတွင်း နေရာ(၁၉)ခုထက်မနည်း တိုးလာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)က ယနေ့ (သြဂုတ် ၂၅ ရက်)တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ မိုင်းလားတပ်ဖွဲ့ NDAA ထိန်းချုပ်ထားသော...
TNLA ထိန်းချုပ် နမ့်ခမ်းမြို့ပေါ် လျှပ်စစ်မီတာခစျေးနှုန်း အဆမတန်ကောက်ယူနေ
သျှမ်းပြည်မြောက်ပိုင်း TNLA ထိန်းချုပ်ထားသော နမ့်ခမ်းမြို့နယ်တွင် လျှပ်စစ်မီတာယူနစ်နှုန်းကို အမှန်တကယ် ကုန်ကျသည်ထက် ပိုရေးပြီး ငွေအဆမတန် ကောက်ယူနေသဖြင့် ဒေသခံများ အခက်အခဲ ကြုံတွေ့နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်တွင် နမ့်ခမ်းမြို့ပေါ် ရပ်ကွက်များရှိ နေအိမ်များကို TNLA လက်အောက်ခံ ဝန်ထမ်းများမှ လျှပ်စစ်မီတာ ယူနစ်များကို...
MNDAA က နယ်စပ်လုံခြုံရေးအတွက် သေနတ်(၂၀၀) လက်ကို တရုတ်လက်အပ်၊ (၅၀၀)နီးပါး မီးရှို့ဖျက်ဆီး
SHAN -
မြန်မာ-တရုတ်နယ်စပ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA က သေနတ် (၆၇၆) လက်ကို သိမ်းဆည်းခဲ့ပြီး ထိုထဲမှ သေနတ် (၂၀၀) လက်ကို တရုတ်နိုင်ငံဘက် လွှဲပြောင်းပေးခဲ့ကာ ကျန်ရှိသည့် (၄၇၆) လက်ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့်...
ကျောက်မဲမြို့ပေါ် စစ်ကော်မရှင်လေကြောင်းဗုံးကြဲမှု ကိုရင်(၃)ပါးဒဏ်ရာရ၊ နေအိမ်(၂၀)ကျော်ပျက်စီး
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုရင်(၃) ပါး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၂၀) ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) နံနက်ပိုင်း ၁၁ နာရီကျော်တွင်...
ရွာငံတွင် စစ်ကော်မရှင်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်ကော်မရှင်မှ မြေပြင်စစ်ကြောင်းထိုး၍ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ၊ ဂျက်လေယာဉ်ဖြင့် လှည့်ပတ်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဩဂုတ်လ ၂၄) ရက် တွင် စစ်ကော်မရှင်တပ်မှ ရွာငံမြို့ မြောက်ဘက် ကျေးရွာနှင့် တောတောင်ဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး ဂျက်ဖိုက်တာတစ်စီးဖြင့်လည်း လှည့်လည်စောင့်ကြည့်နေကြောင်း...
ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကြိုတင်မဲပေးရန် စစ်ကော်မရှင် ထုတ်ပြန်
စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ပထမပိုင်း ကျင်းပရန် ကြေညာထားလျက်ရှိရာ ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရေး သက်ဆိုင်ရာသံရုံးသို့ ဆက်သွယ်နိုင်ကြောင်း သြဂုတ် ၂၃ ရက်တွင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လာသည်။ ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ကြိုတင်မဲပေးနိုင်ရန်အတွက် ကိုယ်ရေးအချက်အလက်များကို ဖော်ပြပြီး သက်ဆိုင်ရာသံရုံးသို့ ပေးပို့တောင်းဆိုရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်...
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် တိုက်ပွဲကြား လေကြောင်းဗုံးနှင့် သေနတ်ပစ်ခတ်မှုကြောင့် ပိတ်မိပြည်သူ (၅) ဦးထက်မနည်း ထပ်မံသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၄ ရက်) ညနေပိုင်းတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ်...
ကျောက်မဲ-နောင်ချိုကြား ကမ္ဘာကျော် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရ
SHAN -
သျှမ်းပြည် ကျောက်မဲမြို့နှင့် နောင်ချိုမြို့ကြားရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကြီး မိုင်းခွဲဖျက်ဆီးခံရပြီး တံတားချဉ်းကပ်နေရာ ကျိုးပဲ့ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာနှင့် နောင်ချိုမြို့နယ် ဂုတ်ထိပ်ရွာကြားရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကြီး မိုင်းခွဲဖျက်ဆီးခံရပြီး နောင်ပိန်ဘက်ခြမ်း တံတားချဉ်းကပ်တိုင်နေရာတွင် ကျိုးပဲ့ပျက်စီးနေကြောင်း ယနေ့ (ဩဂုတ်လ ၂၄ ရက်) နံနက်ပိုင်း၌ အွန်လိုင်းလူမှုကွန်ရက်...





