CATEGORY

သတင်း

NDAA ထိန်းချုပ် မိုင်းလားမြို့ တာလော့ဂိတ်တွင် ကျားဖြန့်လုပ်ကိုင်သူများကို တရုတ်နိုင်ငံသို့ စစ်ကော်မရှင်လွှဲပေး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့ရှိ တာလော့ဂိတ်မှတဆင့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၁) ဦးကို စစ်ကော်မရှင်မှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၁၇ ရက်)တွင် မိုင်းလားတပ်ဖွဲ့ NDAA နှင့် စစ်ကောင်မရှင်တို့ ပူးတွဲထိန်းချုပ်ထားသည့် မိုင်းလားမြို့ တာလော့နယ်စပ်ဂိတ်တွင် ကျိုင်းတုံမြို့ လူဝင်မှုကြီးကြပ်ရေးဌာန လဝက...

ရန်ကုန်- တောင်ကြီးသို့ တင်ပို့မည့် နိုင်ငံခြားကုန်ပစ္စည်းများကို စစ်ကော်မရှင်မှ သိမ်းဆည်း

ကလော-သာစည် လမ်းပိုင်းရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ရန်ကုန်မြို့မှ တောင်ကြီးမြို့သို့ တင်ပို့သည့် နိုင်ငံခြားကုန်ပစ္စည်းများကိုသိမ်းဆည်းမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် တောင်ပိုင် ကလော နှင့် သာစည် လမ်းပိုင်းရှိ စစ်ကော်မရှင် စစ်ဆေးရေး ကျွဲတပ်ဆုံ ဂိတ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်မှစပြီးရန်ကုန် မှ တောင်ကြီးသို့ တင်ပို့လာသည့်  နိုင်ငံခြားထုတ် ကုန်ပစ္စည်းအမျိုးမျိုးကို သိမ်းဆည်းမှုများကြောင်း အသက် ၄၀ ဝန်းကျင် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပင်လောင်းမြို့ ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံး၊ နှစ်ဦး အပြင်းထန်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့သစ် သပြေကုန်းအုပ်စု ဧဒင်ကျေးရွာတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံးပြီး၊ နှစ်ဦးအပြင်းထန် ဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ( ဩဂုလတ် ၂၇) ရက် နံနက် ၂ နာရီ လူအိပ်ချိန်တွင် ရုတ်တရက် တောင်ပြိုပြီး တောင်ကျရေနှင့်အတူ ကျောက်တုံး၊...

ဆီဆိုင် နောင်ထောင်ကျေးရွာ ဈေးဆိုင်ခန်းများကို PNO ဖျက်ခိုင်းနေ

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာ အုပ်စု နောင်ထောင်ကျေးရွာတွင်းရှိ ဈေးဆိုင်ခန်းများကို စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNOက ဖျက်ခိုင်းနေ ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်တွင် ဆီဆိုင်မြို့နယ် နောင်ထောင်ကျေးရွာ၌ စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ PNO တို့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်တော် PNLA...

ရပ်စောက်မြို့ EPC ဓာတ်အားခွဲရုံ ပေါက်ကွဲမှုဖြစ်

သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့ရှိ လျှပ်စစ်ရုံ EPC ဓာတ်အားခွဲရုံ ရှော့ခ်ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( သြဂုတ်လ ၂၆ရက်) ည ၈ နာရီခွဲကျော်တွင် ရပ်စောက်မြို့ ဥတ္တာရပ်ကွက်ရှိ EPC ဓာတ်အားခွဲရုံပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရပ်စောက်မြို့ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မိုးကြိုးထိမယ်ထင်တယ် လျှပ်စီးဝင်ပြီး...

သျှမ်းတောင် လေပြင်းတိုက်မှုကြောင့် နေအိမ်၊စာသင်ကျောင်း အပျက်အစီးများ

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တွင် ယမန်နေ့ (သြဂုတ် ၂၆)ရက် မွန်းလွှဲပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့် စာသင်ကျောင်းအများအပြားပျက်စီးခဲ့ပြီး အရေးပေါ်ပြင်ဆင်ရန်အတွက် အကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။​ ပင်လောင်းမြို့နယ် နမ်းတုတ်-လုံးပဲဉ် ကျေးရွာအုပ်စု၊ ဗန်းမောက်ကျေးရွာအတွင်းရှိ အလယ်တန်းကျောင်းသည် ယမန်နေ့ ( ဩဂုတ်လ ၂၆) ရက် မွန်းလွှဲ ၁...

တောင်ကြီးရောက် လားရှိုးစစ်ရှောင်တစ်ဦး ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေဖြင့် ဖမ်းဆီးခံထားရ

သျှမ်းပြည် တောင်ကြီးမြို့နယ်တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်တစ်ဦးကို စစ်ကောင်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေဖြင့် ပထမဆုံး အမှုဖွင့် ဖမ်းဆီးခံထားရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက်(၁) တွင် နေထိုင်သည့် လားရှိုးမြို့မှ စစ်ဘေးရှောင်အမျိုးသားတစ်ဦးကို ဖေ့စ်ဘုတ် လူမှုကွန်ရက်တွင် ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်၍ ဝေဖန်ရေးသားခဲ့ခြင်းကြောင့် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား...

မိခင်ရင်ခွင်ထဲကနေ ကလေးအသက်ကို ဆွဲနှုတ်သွားတဲ့ စစ်ဗုံး

“ခမ်း နင့်သမီး ဆုံးပြီ” ဟု သျှမ်းဘာသာစကားဖြင့် ပြောလာသည်။ ထို့နောက် နန်းခမ်းတစ်ယောက် တစ်ဖက်လူ၏ မျက်နှာကို စေ့စေ့ကြည့်လျက် မျက်တောင်မခတ်ဘဲ မတုန်မလှုပ် အသက်ရှူရန်ပင် မေ့သွားသည့်အတိုင်း အံ့ဩမှင်သက်နေခဲ့သည်။ နောက်ထပ် မိနစ်အနည်းငယ် အကြာတွင်မှ “ငါ့ သမီးလေး …”ဟု မျက်ရည်ပေါက်ကြီးငယ် ကျလာလေ၏။ နန်းခမ်းသည် စိတ်ကို ချုပ်တည်းမနေတော့ဘဲ...

အင်းလေးတွင် လေပြင်းတိုက်ခတ် နေအိမ်များ ခေါင်မိုးလန် ပျက်စီး

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လေပြင်းတိုက်ခတ်သဖြင့် နေအိမ် ခေါင်မိုးများလန်ပြီး ပျက်စီးသွားကြောင်း သတင်းရရှိသည်။ ယနေ့ (သြဂုတ် ၂၆)ရက် မွန်းလွဲပိုင်းတွင် အင်းလေးဒေသ ကန်ခေါင်းကျေးရွာနှင့် စန်ခမ့်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ခေါင်မိုးလန်ကာ ပျက်စီးမှုရှိကြောင်း ဒေသခံများထံသိရသည်။ “ဒီညနေကမှ ဖြစ်တာ အိမ်တွေက ဘယ်နလုံးလဲ သေချာမသိရသေးဘူး၊ ၂၀...

နောင်ချို နေရပ်ပြန်စစ်ရှောင်များကို အိမ်ထောင်စုစာရင်းစစ်ဆေးပြီး စစ်မှုထမ်းအတွက် ဖမ်းဆီးနေ

သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ နေရပ်ပြန်စစ်ဘေးရှောင်များ၏ နေအိမ်များကို စစ်ကော်မရှင်တပ်က ညအချိန်မတော် သန်းခေါင်စာရင်း စစ်ဆေးကာ လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ တတိယပတ်မှ စတင်ပြီး စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် တောင်ဘက်ခြမ်းရှိ ကံကြီး၊ ဉာဏ်တော်၊ နောင်တော၊ ရွှေမုဋ္ဌော၊ အင်းဖို၊ မဲပုတ်နှင့်...

Latest news