ရွာငံမြို့နယ် စစ်ကော်မရှင်တပ်မှ အရပ်သား (၄)ဦးကို အကြောင်းမဲ့ ထပ်မံဖမ်းဆီးနေ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်က စစ်ကြောင်းထိုးပြီး အရပ်သား (၄)ဦးကို ထပ်မံ ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ရက်တွင် စစ်ကော်မရှင်က ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး တောတောင်အနီး တော်လှန်ရေးတပ်ဖွဲ့များကို ရှာဖွေခြင်း၊ အရပ်သားနေအိမ်သို့ ဝင်ရောက် ရှာဖွေခြင်းများ ပြုလုပ်ကာ အရပ်သား (၄)ဦးကို စစ်ကော်မရှင်က ဖမ်းသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“စစ်ကြောင်းက တောစပ်နီးတဲ့ ရွာတွေနား ပိုထိုးတယ်။ အင်အားအလုံးရင်းနဲ့ကို လာတာ။ တော်လှန်ရေး တပ်ဖွဲ့တွေ ကို လိုက်ရှာနေတာ။ သူတို့စစ်ကြောင်းထိုးတဲ့နေ့ဆို ခြံမသွားရဘူး။ အခုလည်း ရွာသား (၄)ဦးကို အကြောင်းမရှိ ဖမ်းသွားတယ်။”ဟု ကျောက်ငှက်ကျေးရွာ အုပ်စုမှ အသက် ၃၀ ကျော် အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသည့် အရပ်သား (၄)ဦးသည် အသက် ၄၀ ဝန်းကျင်အရွယ်ရှိ  အမျိုးသားများဖြစ်ကာ (၃)ရက်ကြာသည်အထိ အဆက်သွယ်မရသေးကြောင်း ၎င်းက ဆက်ပြောသည်။

ထိုကဲ့သို့ စစ်ကော်မရှင်တပ်သည် ကျေးရွာအနီး စစ်ကြောင်းထိုးပြီး အရပ်သားများကို  အကြောင်းရင်းမရှိ မကြာခဏဖမ်းဆီးမှုပြုလုပ်နေကြောင်း ရွာငံ ဒေသခံများကပြောသည်။​

ပြီးခဲ့သည့် အောက်တိုဘာလလယ်နှင့် နိုဝင်ဘာလ ပထမပတ်တွင်လည်း စစ်ကော်မရှင်သည် အရပ်သား (၇)ဦးကို ဖမ်းဆီးသွားခဲ့ပြီး ယနေ့(နိုဝင်ဘာ ၁၇)ရက်ထိ ပြန်မလွှတ်ပေးသေးကြောင်းသိရသည်။ 

ထို့အပြင် ရွာငံမြို့နယ် ကျောက်မြောင်းကျေးရွာ အုပ်စု၊ သိမ်ကုန်းကျေးရွာ အုပ်စု၊ တပင်ပျော်ကျေးရွာအုပ်စု၊ ကျောက်ကူပြင်ကျေးရွာအုပ်စု၊ လင်းဝေး ကျေးရွာ အုပ်စု တို့တွင် စစ်မှုထမ်း အမှတ်စဉ် (၁၉)အတွက် တစ်အိမ်လျှင် ကျပ်ငွေ (၅ထောင်)မှ တစ်သောင်းအထိ ကောက်ခံနေကြောင်း ရွာငံမြို့နယ် ကျောက်ကူပြင်ကျေးရွာအုပ်စုမှ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“စစ်မှုထမ်းကြေးဆိုပြီး လူငယ်ရှိတဲ့ အိမ်တွေဆို တစ်သောင်း၊ မရှိတဲ့အိမ်ဆို ငါးထောင်ထည့်ရတယ်။ ကိုယ်စားဖို့ အသာထား သူတို့ကို ထည့်ဖို့ အရင်ရှာထားရတယ်။ စစ်ကော်မရှင်တပ် ကိုယ်တိုင်က လာကောက်တာ မဟုတ်ဘူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လာကောက်တာ။” ဟု ၎င်းအမျိုးသမီးက ဆိုသည်။ 

ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ စစ်မှုထမ်းကြေးလိုက်လံကောက်ခံရာတွင် စစ်ကောင်စီသတ်မှတ်ထားသည်ထက် ပိုကောက်ပြီး ၎င်းတို့ အုပ်ချုပ်ရေးမှူးက ငွေကြေးမတရားယူနေမှုလည်း ရှိကြောင်း အဆိုပါ အမျိုးသမီးက ဆိုသည်။

ယခုလက်ရှိရွာငံ မြို့နယ်၊ ကျောက်ငှက်ကျေးရွာအုပ်စု၊ ရနဲ ကျေးရွာအုပ်စုနှင့် ကျောက်ပိဇပ် ကျေးရွာအုပ်စု တို့တွင် စစ်ကော်မရှင်တပ်က လာရောက်တပ်စွဲထားပြီး ကျေးရွာ အဝင်ထွက်များကိုလည်း ပိတ်ဆို့ကာ တင်းကျပ်စစ်ဆေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၂၈)ရက်တွင် ရွာငံမြို့နယ် ကျောက်ပိဇပ်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် အရပ်သားတစ်ဦး အသတ်ခံရပြီး စစ်ကော်မရှင်က ကျေးရွာအဝင်ထွက်ကို ပိတ်ပြီး စစ်ဆေးမှု လုပ်ဆောင်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...