PNOခေါင်းဆောင် ခရိုနီ နေဝင်းထွန်း ကိုယ်တိုင် စံကားဒေသ ဆင်းပြီး ရှေ့တန်းထွက်ရန် တပ်သားခေါ်နေ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ဒေသခံများကို ရှေ့တန်းတွင် စစ်တိုက်ထွက်ရန် အတင်းဖိအားပေးခေါ်ယူ နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်မှစပြီး PNOခေါင်းဆောင် ခရိုနီနေဝင်းထွန်းကိုယ်တိုင် စံကားဒေသ ထီရီးကျေးရွာ၊ နမ့်ဗွန်ကျေးရွာ၊ ရေပူကျေးရွာ နှင့် ညောင်လေးပင်း ကျေးရွာသို့ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံချိန်တွင် ဒေသခံများကို ပင်လောင်း-ဖယ်ခုံနယ်စပ်တွင် တိုက်ပွဲဝင်ရန် တစ်ရွာလျှင် အရပ်သားနှစ်ဆယ် ဦးအထိ မဖြစ်မနေ သွားရမည်ဖြစ်ပြီး၊ မသွားသည့်သူများကို ဖမ်းဆီးသွားမည်ဖြစ်ကြောင်း အသက် ၂၅နှစ်အရွယ်ရှိ စံကားဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိအချိန်တွင် စံကားဒေသအတွင်း စစ်ရေးငြိမ်သက်နေပြီး၊ စစ်ရေးပြင်းထန်နေသည့် ပင်လောင်း-ဖယ်ခုံဘက်သို့ သွားရောက်အင်အားဖြည့်ရန် PNO ခေါင်းဆောင် ခရိုနီ နေဝင်းထွန်းကိုယ်တိုင် လာရောက်စည်းရုံး ဖိအားပေးနေခြင်းဖြစ်သည်။

“ အခု စံကားဒေသက စစ်သင်တန်း ၅ရက် တက်ဖူးတဲ့သူတွေ တိုက်ပွဲအတွေ့အကြုံရှိသူတွေကို ဦးစားပေးခေါ်ယူတာ။ ဘယ်သူမှလည်း မငြင်းရဲဘူးလေ။ နောက်ပြီး မသွားရင်ဖမ်းဆီးမယ်ဆိုတော့ သွားပေးရတာပါပဲ” ဟု ၎င်းလူငယ်က ဆိုသည်။

ထို့ကြောင့် PNO/PNA သည် စံကားဒေသ ၏ကျေးရွာကြီးနှစ်ခုဖြစ်သည့် ရေပူကျေးရွာနှင့် ထီရိကျေးရွာ က အရပ်သားများကို ဦးတည်ပြီး ခေါ်ယူနေသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနစ် ဇူလိုင်လတွင် စံကားဒေသအတွင်း စစ်ကော်မရှင်တပ်၊ PNO/PNA ပူးပေါင်းတပ်နှင့် တော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲပြင်းထန်းခဲ့သည်။

ထိုအချိန်တွင်လည်း စံကားဒေသအတွင် အရပ်သားများကို PNO/PNA က အတင်းအဓမ္မတပ်သားစုဆောင်းပြီး ရှေ့တန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

“ အရင်ကလည်း အဲ့လိုပဲ အတင်းအဓမ္မခေါ်သွားပြီး ရှေ့တန်းပို့ခဲ့တာ။ ကျမရဲ့အသိ (၃)ယောက်ပါသွားတယ်။ အခုထိ သေလား၊ရှင်လားမသိဘူး။ ပြန်လာတာမတွေ့ဘူး။” ဟု စံကားဒေသခံအမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

PNO/PNA ခေါင်းဆောင်များသည် စံကားဒေသခံများကို လာရောက်ခေါ်ဆိုရာတွင် ကိုယ့်ဒေသကို ကာကွယ်ရန် အတွက် ဟုပြောဆိုခဲ့သော်လည်း လက်ရှိသည် အခြားဒေသ ရှေ့တန်းသို့ပို့ဆောင်နေကြောင်း ၎င်းကပြောသည်။

“စိုးရိမ်တာကတော့ အသက်တစ်ချောင်းပါပဲ အရင်စစ်သင်တန်းခေါ်တက်တုန်းကဆို ကိုယ့်ဒေသပြန် ကာကွယ်ဖို့ ပြောခဲ့တာကို အခုတော့ တစ်ခြားဒေသအထိပါ ထပ်ခေါ်သွားတာ” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ၂၀၂၅ ခုနှစ် မတ်လ မှစပြီး စစ်ကော်မရှင်နှင့် PNO/PNA တို့သည် စံကားဒေသကို ပြန်ထိန်းချုပ်ခဲ့ပြီး ဒေသခံများကို စစ်သင်တန်းပေးကာ ကျေးရွာအတွင်း ကင်းစောင့်ခိုင်းခဲ့သည်။

စံကားဒသေ အတွင်း ၂၀၂၄ခုနစ် ဇူလိုင်လတွင် ဖြစ်ပွားခဲ့သည့် စစ်ကော်မရှင်၊ PNO/PNA ပူးပေါင်းတပ်နှင့်တော်လှန်ရေးတပ်တို့နှင့် တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၅ထောင်နီးပါးသည် အင်းလေးဒေသသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ထို့နောက် ၂၀၂၅ခုနစ် သြဂုတ်လ ပထမပတ်တွင် တိုက်ပွဲများစတင်ငြိမ်လာသဖြင့် ၎င်းစစ်ဘေးရှောင် ၅ထောင်ကျော်သည် နေရပ်သို့ပြန်လာသော်လည်း PNO/PNA တို့က လူတစ်ဉီးကို တစ်လလျှင် ကျပ်ငွေ ၅သိန်းကောက်ခံနေပြီး မပေးနိုင်သူများကို PNO/PNA စစ်ဝတ်စုံ ဝတ်ခိုင်းပြီး ရှေ့တန်းသို့ ပို့ဆောင်ခဲ့သည်။

စစ်အာဏာသိမ်းပြီး ၅နှစ်တာအတွင်း စစ်ကော်မရှင် လက်အောက်ခံ PNO/PNA သည် သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်၊ဆီဆိုင်မြို့နယ်၊ ပင်လောင်း မြို့နယ်နှင့် ညောင်ရွှေမြို့နယ် အတွင်းရှိ ကျေးရွာမှ လူထုများကို အတင်းအဓမ္မ တပ်သားစုဆောင်းသည်။

၂၀၂၄ခုနစ် စက်တင်ဘာတွင် PNO/PNA သည် ၎င်းတို့ ထိန်းချုပ်သည့် ဟိုပုံးမြို့နယ်၊ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့်ညောင်ရွှေမြို့နယ်အတွင်း စစ်အင်အား သောင်းချီကို လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြလာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...