Tuesday, January 27, 2026

စစ်တပ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာငံဒေသခံ ၇ဦး ပြန်မလွှတ်သေး

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တွင် စစ်ကော်မရှင် က ဖမ်ဆီးခေါ်ဆောင်သွားသော ဒေသခံ ၇ဦးကို ယနေ့အထိ ပြန်မလွှတ်ပေးသေးကြောင်း သတင်းရရှိသည်။

စစ်ကော်မရှင် ဖမ်းဆီးသွားသည့် ရွာငံမြို့နယ်တွင်နေထိုသည့် ဒေသခံ (၇)ဦးသည် အောက်တိုဘာလလယ်တွင် ဒေသခံ (၅)ဦး နှင့် နိုဝင်ဘာလ ပထမပတ်တွင် ဒေသခံ (၂)ဦး ဖြစ်ကြပြီး၊ ထိုဖမ်းဆီးခံရသည့်သူများသည် အသက် (၄၀)အရွယ်ရှိ အမျိုးသားများဖြစ်ကြကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

“စစ်သားတွေ အိမ်ထဲအထိ ဝင်ဆွဲသွားတယ်လို့ သိရတယ်။ ဖမ်းသွားတာ ဒီနေ့အပါ (၆) ရက်လောက်ရှိပြီ။ ဘာကြောင့်ဖမ်းသွားလဲ မသိဘူး။ နိုင်ငံရေးနဲ့လည်း ဘာမှမပတ်သက်ဘူး သူတို့ဟာ သူတို့ အေးဆေးနေတဲ့သူတွေ။ ဘာကြောင့် လာဖမ်းသွားလဲ မသိနေဘူး။”ဟု ရွာငံမြို့နယ် နွားဘန်းကျေးရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာတွင်လည်း ပြီးခဲ့သည့် အောက်တိုဘာလ လယ်ခန့်က ရွာသား (၅)ဦးကို စစ်ကော်မရှင်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ မိသားစုနှင့် အဆက်သွယ်မရသေးပေ။

“လာ ဖမ်းသွားတာ တစ်လလောက်ရှိပြီ။ ဘာကို ဖမ်းသွားလည်း မသိဘူး။ ကြားတာကတော့ ထောင် (၁၀)နှစ် ချလိုက်ပြီလို့ ကြားတယ်။ ဘယ်ကိုခေါ်သွားမှန်း မသိတော့ မလိုက်သွားကြဘူး။ စိတ်ပူရုံကလွဲ ဘာမှ လုပ်လို့မှ မရတာ။”ဟု တပင်ကျော်ကျေးရွာဒေသခံတစ်ဉီးက ပြောသည်။

တပင်ပျော်ကျေးရွာအုပ်စု အတွင်း စစ်ကော်မရှင်တပ်စွဲထားသည့် နယ်မြေဖြစ်ပြီး၊ ၎င်းတို့သည် နီးစပ်ရာ တောတောင်ဘက်သို့ နေ့စဉ် စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း သိရသည်။

ထို့အပြင် ရွာငံမြို့နယ် အတွင်း တစ်နှစ်သာအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး (၅)ဉီးထက်မနည်း အသတ်ခံနေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

စစ်မှုထမ်းရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဒေသခံများထံ သိန်းရာချီကောက်ခံပြီး လူဝယ်ထည့်ရ

0
သျှမ်းပြည် မြို့နယ်အချို့၌ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းရာတွင် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် လူစားထိုးရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပွဲစားများမှတစ်ဆင့် ချိတ်ဆက် ဝယ်ယူနေရကြောင်း ဒေသခံများက ပြောသည်။ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းမှုများကို ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစ၍ တောင်ကြီး၊...

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

မိုင်းပန်-မိုင်းတုံကြား သံလွင်တံတားသစ်(တာဆန်း)ကို စစ်ခေါင်းဆောင် လာရောက်ဖွင့်လှစ်

0
သျှမ်းပြည် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြား အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၀ ရက်) နံနက် ၁၁ နာရီခွဲတွင် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြားရှိ သံလွင်မြစ်ပေါ်တွင် အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို...