မိုးကုတ်မြို့ကို ဆုတ်ခွာရမည့် TNLA မှ ဒေသခံကျောက်တူးခွင့် လုပ်ကွက်ခွဲဝေချပေးနေ

သျှမ်းပြည်နှင့် မန္တလေးနယ်စပ် မိုးကုတ်မြို့ရှိ ဂေါက်ကွင်းနေရာတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒေသခံများကို ကျောက်တူးခွင့် လုပ်ကွက်ခွဲဝေ ချထားပေးနေကြောင်း သတင်းရရှိသည်။

မိုးကုတ်မြို့မှ မကြာခင် ဆုတ်ခွာမည်ဟု ကြေညာထားသည့် TNLA တပ်ဖွဲ့သည် နိုဝင်ဘာ လဆန်းပိုင်းမှ စပြီး ၎င်းတို့ထိန်းချုပ်စဉ် အကြီးအကျယ် ကျောက်တူးဖော်မှု ပြုလုပ်ခဲ့သည့် မိုးကုတ်ဂေါက်ကွင်းအတွင်း ဒေသခံများကို ကျောက်တူးခွင့်ပြုသည့် လုပ်ကွက်များ ခွဲဝေ ချထားပေးနေကြောင်း ဒေသခံများက ပြောသည်။

မိုးကုတ်မြို့ကို TNLA စတင်ထိန်းချုပ်စဉ်ကာလ ၂၀၂၄ခုနှစ် စက်တင်ဘာလတွင်ကျောက်လုပ်ငန်းရှင်နှင့် ကုမ္ပဏီများကိုသာ ကျောက်တူးဖော်ခွင့်ပြုခဲ့ရာမှ ယခုအခါ ဒေသခံများကို မိုးကုတ်ဂေါက်ကွင်းအတွင်း လုပ်ကွက်သတ်မှတ်ပေးပြီး ဝင်ရောက်တူးဖော်ခွင့်ပြုထားကြောင်း မိုးကုတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဂေါက်ကွင်းမှာ ဒေသခံတွေ ကျောက်တူးနေကြတယ် ဆိုတာက ဟုတ်တယ်၊ တူးလည်း တူးနေကြပါတယ်။ တူးနေတဲ့ လူတွေနဲ့ TNLA နဲ့ ဘယ်လို အပေးအယူ၊ ဘယ်လို ပေးတူးတာလည်း ဆိုတာတော့ သေချာမသိရဘူး” ဟု မိုးကုတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ မိုးကုတ်ဒေသခံများကို တပိုင်တနိုင် ကျောက်တူးခွင့်ပြုလိုက်သည့် နေရာသည် မြို့အနောက်ဘက်ရှိ ဂေါက်ကွင်းဖြစ်ပြီး ကျောက်လုပ်ငန်း ကုမ္ပဏီကြီးများလည်း ဆက်လက် တူးဖော်နေကြကြောင်း သိရသည်။

ထိုသို့ တပိုင်တနိုင် ကျောက်တူးဖော်ခွင့်ရသည့် ဒေသခံများသည် TNLA ထံသို့ အခွန်ပေးဆောင်ရမှု ရှိနိုင်ကြောင်း မိုးကုတ်ဒေသခံ ကျောက်ကုန်သည်တစ်ဦးက ထပ်လောင်းပြောသည်။

ပုံစာ – TNLA ထိန်းချုပ်မှုအောက် အကြီးအကျယ် ကျောက်တူးဖော်ခဲ့သည့် မိုးကုတ်ဂေါက်ကွင်း (ဓာတ်ပုံ-ဒေသခံ)

“ဂေါက်ကွင်းထဲမှာ ကျောက်တူးနေတုန်းက မြေပြိုပြီး လူတွေ သေတာမျိုးလည်း ကြားမိတယ်။ ကျောက်တူးလို့ ရရင် ရတာကို TNLA ဆီ ၃ ပုံ ၂ ပုံ ပေးရတယ်”ဟု ၎င်းကုန်သည်အမျိုးသားက ဆက်ပြောသည်။

မကြာမီတွင် TNLA တပ်ဆုတ်ခွာမည့် မိုးကုတ်မြို့၌ ဒေသခံများကို တပိုင်တနိုင် လုပ်ကွက်များ ခွဲဝေချထားပေးမှုအပေါ် မေးမြန်းနိုင်ရန် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး ထံ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

မိုးကုတ်မြို့ကို TNLA ထိန်းချုပ်ထားစဉ်အတွင်း ဦးဆောင်ဖွဲ့စည်းခဲ့သည့် ကျောက်မျက်ကော်မတီတွင် TNLA ကိုယ်စားပြု ၄ ဦး၊ PDF ဘက်မှ ကိုယ်စားပြု ၂ ဦးနှင့် ၎င်းတပ်ဖွဲ့တို့ အဆင်ပြေသည့် မြို့မိမြို့ဖ ၄ ဦးတို့ ပါဝင်ဖွဲ့စည်းထားကြောင်း ကျောက်မျက်ကုန်သည်များထံမှ သိရသည်။

ထိုစဉ်က မိုးကုတ်ဒေသခံများသည် ယခင်က လုပ်ကိုင်ခဲ့သည့် ပေါလံ ကျောက်မျက်တွင်းများ၌သာ တူးဖော်ရပြီး ရသမျှကို TNLA ထံ အခွန်အခအနေဖြင့် ၄၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရကြောင်း၊ ထွက်ရှိလာသည့် အရည်အသွေးကောင်း ကျောက်များကိုလည်း ရောင်းချခွင့် ရထားသည့် တရုတ်ကုန်သည်ထံသာ ရောင်းချရကြောင်း ကျောက်ကုန်သည်များက ပြောဆိုသည်။

TNLA အနေဖြင့် မိုးကုတ်မြို့မှ နိုဝင်ဘာလ ၂၀ ရက်နောက်ဆုံးထား တပ်ဆုတ်ခွာရမည်ဟု သတင်းထွက်ပေါ်နေပြီး၊ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဘက်မှ မိုးကုတ်မြို့ထဲ မည်သို့ ဝင်ရောက်လာမည်ကို မသိရသေးဘဲ လုံခြုံရေးစိုးရိမ်မှုကြောင့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

EORE 6

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...