မုံးကိုးမြို့ MNDAA မှ ရာဇဝတ်မှု ကျူးလွန်သူ (၅)ဉီးကို အများရှေ့ ပြစ်ဒဏ်ချ

သျှမ်းပြည် မူဆယ်မြို့နယ် မုံးကိုးမြို့တွင် ရာဇဝတ် ကျူးလွန်သူ (၅)ဉီးကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အများပြည်သူရှေ့ သေဒဏ်အပါအဝင် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (နိုဝင်ဘာလ ၁၁ ရက်) နံနက်ပိုင်းတွင် မူဆယ်မြို့နယ် မုံးကိုးမြို့၌ ကိုးကန့်တပ်ဖွဲ့ MNDAA မှ “အထူးဒေသ(၁) ရာဇဝတ်မှုစီရင်ခြင်း အခမ်းအနား” အမည်ဖြင့် လူသတ်မှုနှင့် မုဒိမ်းမှု ကျူးလွန်ခဲ့သူ အမျိုးသား (၅) ဦးတို့ကို သေဒဏ် အပါအဝင် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း အဆိုပါ ကြားနာပွဲသို့ တက်ရောက်ခဲ့သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“၃ ယောက်က သေဒဏ် ပေးခံရတယ်။ အဲ့ထဲမှာ သျှမ်းပါတယ်၊ ဗမာပါတယ်၊ တရုတ်ပါတယ်။ ကျန်တဲ့ ၂ ယောက်က ထောင်ဒဏ် ၁၄ နှစ်နဲ့ ၁၀ နှစ်စီ ချလိုက်တယ်။ လူသတ်မှု ကျူးလွန်တဲ့ ၃ ယောက်က သေဒဏ်ပေးခံရတာ၊ အလုပ်သမားကို ရိုက်တဲ့အမှုနဲ့ ကွတ်ခိုင်မှာ အလုပ်သမား အချင်းချင်း မုဒိမ်းမှု ကျူးလွန်တာက ထောင်ဒဏ်”ဟု မုံးကိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မုံးကိုးမြို့တွင် သေဒဏ်ချမှတ်ခံရသူ (၃) ဦးမှာ အလုပ်ရှင်နှင့် လောပန်းတစ်ဦးတို့ကို လူသတ်မှုကျူးလွန်ခဲ့ပြီး ပန်ဆိုင်းမြို့ဘက် ထွက်ပြေးတိမ်းရှောင်ခဲ့သူ တစ်ဦး၊ နမ့်စွမ်ကျေးရွာဘက်တွင် သေနတ်ပစ်ခတ်မှု ကျူးလွန်ခဲ့သူတစ်ဦးနှင့် ဆွေမျိုးများကို ဓားဖြင့် လူသတ်မှု ကျူးလွန်ခဲ့သူတစ်ဦး တို့ဖြစ်ကြောင်း MNDAA အရာရှိများမှ ဖတ်ကြားခဲ့သည်ဟု ကိုယ်တိုင်တက်ရောက် နားထောင်ခဲ့သူများထံမှ သိရသည်။

ထို့အတူ ဟိုပန်မြို့မှ လားရှိုးမြို့တွင် ဆေးလိပ်ဆိုင် လာဖွင့်ခဲ့သည့် အလုပ်ရှင်မှ အလုပ်သမားကို ရိုက်နှက်မှု၊ ကွတ်ခိုင်မြို့ အုတ်စက်ရုံတစ်ခုတွင် အလုပ်သမား အချင်းချင်းကြား ဖြစ်ပွားခဲ့သည့် မုဒိမ်းမှု တို့ကို ကျူးလွန်ခဲ့သူ နှစ်ဦးအား MNDAA မှ ထောင်ဒဏ် (၁၀) နှစ်အထက် ချမှတ်ခဲ့ကြောင်း မုံးကိုးဒေသခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်တွင်လည်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ် ပန်လော့ဈေးတွင် ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ရေးအုပ်ချုပ်မှုကော်မတီမှ ဖမ်းဆီးရမိထားသော လူသတ်မှု၊ လက်နက်ကိုင် လုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညစ်မှု ကျူးလွန်သူ (၇) ဦးကို အများပြည်သူရှေ့ သေဒဏ်ချမှတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ဧပြီလ ၁၀ ရက်နေ့တွင်လည်း လားရှိုးမြို့မှ တပ်မဆုတ်ခင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မုဒိမ်းမှုကျူးလွန်သူ တစ်ဦးကို တစ်သက်တစ်ကျွန်း ထောင်ဒဏ်နှင့် လူသတ်မှု၊ ခိုးမှု၊ လုယက်မှု ကျူးလွန်သူ (၇) ဦးကို သေဒဏ်များ အများပြည်သူရှေ့ စီရင်ချက် ချမှတ်ခဲ့သည်။

ထို့နောက်တွင် သေဒဏ်ချမှတ်ခံရသူ (၇) ဦးထဲမှ (၅) ဦးကို လားရှိုးလေယာဉ်ကွင်းဘက်သို့ MNDAA ခေါ်ဆောင်သွားပြီး အသင့်တူးဖော်ထားသည့် မြေကျင်းများရှေ့တွင် သေနတ်ပစ်ခတ်ကာ ချက်ချင်းကွပ်မျက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ယမန်နှစ် ၂၀၂၄ ဧပြီလနှင့် ဒီဇင်ဘာလတို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့တွင် ပြန်ပေးဆွဲမှု၊ ငွေညှစ်မှု၊ မုဒိမ်းမှုနှင့် လူသတ်မှု စသည့် ရာဇဝတ်မှု ကျူးလွန်သူများကို သေဒဏ် အပါအဝင် တစ်သက်တစ်ကျွန်းထောင်ဒဏ်များ လူစုလူဝေးရှေ့မှောက် နှစ်ကြိမ်တိုင်တိုင် စီရင်ချက် ချမှတ်ခဲ့သည်။

ထိုသို့ သေဒဏ်ချမှတ်ခဲ့စဉ်က ဥရောပသမဂ္ဂ EU မှ အပြင်းထန်ဆုံး ရှုတ်ချပြီး သေဒဏ်ချမှတ်မှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးက ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...