ထိုင်းနိုင်ငံ ချင်းရိုင်မြို့ရှိ ဂိုဒေါင်တစ်ခုကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းရာ ဆိုဖာများအတွင်း ဝှက်ထားသော မက်သာဖက်သမင်း ဆေးပြား ၁၀ သန်းခန့်အား သိမ်းဆည်းရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့လယ် ၁ နာရီခွဲတွင် ထိုင်းအာဏာပိုင်များသည် ချင်းရိုင်မြို့ရှိ ဂိုဒေါင်တစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့ရာ ဆိုဖာအသစ် ၃၄ လုံးအတွင်း ဝှက်ထားသော မက်သာဖက်သမင်း ဆေးပြား ၁၀ သန်း (၁၀,၀၀၀,၀၀၀) ခန့်ကို သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း ဆိုသည်။
ထိုင်းအာဏာပိုင်များသည် ချင်းရိုင်မြို့ရှိ ဂိုဒေါင်တစ်ခုကို ဝင်ရောက်မစီးနင်းမီ သုံးလကျော်ကြာ အခြေအနေကို စောင့်ကြည်ခဲ့သည်။
အလားတူ အသက် ၂၂ နှစ်မှ ၃၅ နှစ်ကြား အမျိုးသား ၄ ဦးကိုလည်း ဖမ်းဆီးရမိပြီး ၎င်းတို့သည် Tak ပြည်နယ်နှင့် Phop Phra ခရိုင်မှ နေထိုင်ကြသူများဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသော အမျိုးသား ၄ ဦးကို ထိုင်းအာဏာပိုင်များက ဆက်လက်စုံစမ်းမေးမြန်းရာ ချင်းရိုင်မြို့ရှိ ဟိုတန်တစ်ခုတွင် ငှားရမ်းနေထိုင်သော အသက် ၂၆ နှစ်အရွယ် မူးယစ်ဆေးရောင်းဝယ်သူတစ်ဦးကိုလည်း ထပ်မံဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွင် ရေးသားဖော်ပြသည်။
အဆိုပါအမျိုးသားသည် ပြီးခဲ့သော ဇွန်လ ၂၉ ရက်နေ့က Phrae ပြည်နယ် Huai Rai စစ်ရေးဂိတ်တွင် ဖမ်းဆီးခဲ့သည့် မူးယစ်ဆေးဝါးအမှုတွင် ဖမ်းဝရမ်းထုတ်ခံထားရသူ ၄ ဦးအနက် ၁ ဦး ဖြစ်သည်။
လက်ရှိတွင် ဖမ်းဝရမ်းထုတ်ခံထားရသော အမျိုးသားနှင့် အမျိုးသမီးအချို့ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပြီး ၎င်းတို့ကို ထိုင်းအာဏာပိုင်များက လိုက်လံရှာဖွေနေကြောင်း သိရသည်။











Leave a Comments