Tuesday, January 27, 2026

ချင်းရိုင်းတွင် ရုတ်တရက်ရေကြီးမှုကြောင့် ဆေးရုံများပိတ်ထားရပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးမှုများဖြစ်ပေါ်နေပြီး Wiang Chiang Dung ဆေးရုံအပါအဝင် လူနေအိမ်များ၊ လယ်စိုက်ခင်းများနှင့် အများပြည်သူအဆောက်အအုံများစွာ ထိခိုက်မှုများရှိခဲ့ကြောင်း The Nation Thailand သတင်းဌာနတွင်ဖော်ပြထားသည်။

ယမန်နေ့ (ဇွန်လ ၁၆ ရက်) ညပိုင်းအချိန်မှ စတင်၍ ယနေ့ (ဇွန်လ ၂၇ က်) မနက်ခင်းအထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းရိုင်းခရိုင်အတွင်းရှိ နေရာအများအပြား ရုတ်တရက်ရေမြင့်တက်မှုများဖြစ်ပေါ်လာပြီး အချို့နေရာများတွင် ခါးတဝက်မြှုပ်သည်အထိမြင့်တက်နေကြောင်းသိရသည်။

လက်ရှိအချိန်တွင် Wiang Chiang Dung ဆေးရုံနှင့် အနီးတဝိုက်တွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်နေပြီး ယနေ့တရက်တာအတွင်း ရေပြန်လည်ကျဆင်းခြင်းမရှိပါက ဆေးရုံဝန်ဆောင်မှုလုပ်ငန်းများအားရပ်နားထားပြီး အရေးပေါ်နှင့် မတော်တဆ ထိခိုက်မှုများအတွက်သာ ဖွင့်လှစ်ထားမည်ဟု ထုတ်ပြန်ထားသည်။

ထိုသို့ ရုတ်တရက်ရေကြီးမှုကြောင့် ဒေသခံများစိုက်ပျိုးရေးလုပ်သည့် လယ်ယာများစွာ ရေအောက်နှစ်မြှုပ်သွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုကြီးမားနိုင်ကြောင်းသိရသည်။

ရေကြီးမှုဆိုးဝါးစွာခံစားရသော ဒေသများမှ သက်ကြီးရွယ်အိုနှင့် အထိအခိုက်များနိုင်သော အုပ်စုများကို ဒေသအာဏာပိုင်များမှ အလျင်အမြန်ရွေ့ပြောင်းပေးနိုင်ရန်စီစဉ်နေပြီး အကူအညီလိုအပ်ပါက Line application မှတဆင့် Line ID @1784DDPM သို့မဟုတ် Hot Line နံပါတ် 1784 သို့ အချိန်မရွေးဆက်သွယ်နိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းရိုင် ဂိုဒေါင်တစ်ခုတွင် မူးယစ်ဆေးပြား ၁၀ သန်း သိမ်းဆည်းရမိ

0
ထိုင်းနိုင်ငံ ချင်းရိုင်မြို့ရှိ ဂိုဒေါင်တစ်ခုကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းရာ ဆိုဖာများအတွင်း ဝှက်ထားသော မက်သာဖက်သမင်း ဆေးပြား ၁၀ သန်းခန့်အား သိမ်းဆည်းရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့လယ် ၁ နာရီခွဲတွင် ထိုင်းအာဏာပိုင်များသည် ချင်းရိုင်မြို့ရှိ ဂိုဒေါင်တစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့ရာ ဆိုဖာအသစ်...

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တွင် စိတ်ကြွဆေးပြား အများအပြားဖမ်းမိ

0
ထိုင်း-မြန်မာ-လာအို (၃) နိုင်ငံ ဆုံရာ ရွှေတြိဂံဒေသမှလာသည့် သန်းနှင့်ချီရှိသော စိတ်ကြွဆေးပြားများသည် ထိုင်းနိုင်ငံအတွင်းသို့ ဆက်တိုက်ဝင်ရောက်လာပြီး ထိုင်းရဲတပ်ဖွဲ့ကလည်း လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့ရာတွင် ပြီးခဲ့သည့်ရက်ပိုင်းက မူးယစ်မှောင်ခိုသမားများနှင့် ထိုင်းအာဏာပိုင်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်က ချင်းရိုင်ခရိုင် မယ်ဖလုံမြို့နယ်အတွင်းရှိ...

မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နိုင်သဖြင့် ကြိုတင်ရွှေ့ပြောင်းနေထိုင်ရန် အသိပေး

0
ထိုင်း-မြန်မာနယ်စပ် ကြားရှိ မယ်ဆိုင်ချောင်းရေသည် လာမည့် ၁၂ နာရီအတွင်း တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနိုင်သဖြင့် ကြိုတင်ရွှေ့ပြောင်းနေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့ (ဇူလိုင် ၄ )ရက် နံနက်ပိုင်း ၉ နာရီခွဲအချိန်တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာသဖြင့် တာချီလိတ်မြို့ပေါ်...

ညီနောင်မဟာမိတ်ထိန်းချုပ် မူဆယ်မြို့နယ် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ် ရေကြီး၊ နေအိမ်တစ်လုံးမျှောပါ

0
မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ကြုံတွေ့နေရပြီး နေအိမ်တစ်လုံး ရေထဲမျှောပါသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင် ၃ ရက်) နံနက်အချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းပြီး နမ့်ယန်းချောင်း ရေတက်မှုကြောင့် မူဆယ်မြို့နယ်...

အင်းလေး ရေခမ်းခြောက်လာ သွားလာ ခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေခမ်းခြောက်မှု ပိုမိုဆိုးရွာလာသောကြောင့် ဒေသခံများ သွားလာမှု ခက်ခဲဖြစ်နေကြကြောင်း စုံစမ်းသိရှိရသည်။ ယခင်က လှေဖြင့်သွားလာရသော အင်းလေးဒေသ ရွာမ ရွာနှင့် မင်းချောင်းရွာ တွင် ယခုလမှ စတင်၍ အပူချိန်မြင့်တက် လာသည်နှင့် အမျှ ရေများခမ်းခြောက်လာပြီး ကုန်းနေရွာသဖွယ် လမ်းများတွင် နှုန်းမြေများဖြင့်...