တာချီလိတ်နှင့်ကျိုင်းတုံရှိ ဂိုဒေါင်ပစ္စည်းများကို စစ်ကောင်စီဝင်ရောက်ဖောက်စစ်နေ

ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်နှင့်ကျိုင်းတုံရှိ ဂိုဒေါင်အချို့ကို စစ်ကောင်စီက တစ်ချို့နေရာတွင် ဝင်ရောက်ဖောက်စစ်နေကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာ ဒုတိယပတ်မှ စတင်ပြီး တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့ရှိ ဂိုဒေါင်များ၊ စားသောက်ကုန် ရောင်းချသည့် ဆိုင်များကို စစ်ကောင်စီက ရှောင်တခင်း ဝင်ရောက်စစ်ဆေးနေကြောင်း ဆိုင်ပိုင်ရှင် တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဒုတိယအပတ်ကစပြီး ရဲကားနဲ့စစ်တပ်ကားတွေ မြို့ထဲပတ်ပြီး ဆိုင်တွေထဲဝင်တယ် သူတို့လက်နက်ရှိတော့ ဘယ်သူမှ ဘာမမပြောရဲ့ကြဘူး။ ပစ္စည်းတွေစစ်ဆေးတယ်” ဟု ၎င်းကပြောသည်၊

ထို့ပြင်တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှ တင်သွင်းသည့် လျှပ်စစ်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများကို အမှတ်(၁) နှင့် အမှတ်(၂)တံတားတွင် ယခုလ အတွင်း သယ်ခွင့်မပြုကြောင်း၊၎င်းပစ္စည်းများကို သယ်ယူခြင်းပါက လာဘ်ထိုးပေးရကြောင်း နယ်စပ်ကူးသန်းရောင်းဝယ်သည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ထိုင်းဘက်က သယ်လာတဲ့ ပစ္စည်းတွေဆို အကုန်ထုတ်ခိုင်းတယ် လျှပ်စစ်ပစ္စည်းတွေ ဆောက်လုပ်ရေးပစ္စည်းတွေဆို ပေးမသယ်တော့ဘူး။ သူတို့တောင်းသလောက်သာ ပိုက်ဆံပေးနိုင်ရင် ခိုးဝင်ရတယ်”၎င်းက ပြောသည်။

ဆက်လက်ပြီး တာချီလိတ်လေဆိပ်တွင်လည်း ထိုင်းနိုင်ငံထုတ်လုပ်ထားသည့် ကော်ဖီများ သယ်ယူဆောင် ခွင်မပြုကြောင်းနှင့် ၎င်းပစ္စည်းများသယ်ယူဆောင်လာသူ လေဆိပ်တွင် အကုန်ချထားခဲ့ရကြောင်း တာချီလိတ်မြို့နယ်ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီ စစ်ဆေးရေး တင်းကြပ်

“လေဆိပ်မှာလည်း ထိုင်းကထုတ်ထားတဲ့ ကော်ဖီတွေတောင် ပေးမသယ်တော့ဘူး သွားခါနီးဆိုတော့ အဲမာပဲထားခဲ့ရတယ်။ သူတို့သာ ပစ္စည်းပေးမသွင်းချင်ရင် ဂိတ်ကိုတခုပဲဖွင့်လိုက် ခုဟာက ဖွင့်လည်းဖွင့်ထားတယ် ပိုက်ဆံထိုးပေးရင်ကျ ပေးဖြတ်တယ်။ သူတို့အကျိုးစီးပွားရေးအတွက်ပဲ လုပ်နေကြတာ”ဟု ၎င်းက ပြောသည်။

သျှမ်းရှေ့ မိုင်းလား-ကျိုင်းတုံသွား ကားလမ်း ဝမ်တာပင်းဂိတ်နှင့် ဝမ်တာပုံဂိတ်တွင်လည်း တရုတ်ပစ္စည်းနှင့် ထိုင်းနိုင်ငံပစ္စည်း ပိုမိုဝင်ရောက်နိုင်သည့်နေရာဖြစ်သည့်အတွက် ထိုဂိတ်တွင်လည်း စစ်ဆေးရေးတင်းကြပ်လာသည်ဟု ကျိုင်းတုံဒေသခံတစ်ဦးက ပြောသည်။

“အခုလည်း ကျိုင်းတုံဘက်က စစ်ဆေးရေးတင်းကြပ်လာပြီ။ တရုတ်ပစ္စည်းနဲ့ထိုင်းပစ္စည်းတွေ ပိုဝင်တဲ့နေရာဖြစ်တယ်။ ဂိတ်တွေသာ ပိတ်လိုက်ရင် ကုန်ဈေးနှုန်းတွေ ပိုတက်လာနိုင်တယ်။ ခုတောင် စားဝတ်နေရေးအတွက် မနည်းရုန်းကန်ရှာလုပ်နေရတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် (အောက်တိုဘာ ၂၂)ရက်နေ့မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ်ရှိ တရုတ်အာဏာပိုင်များမှ မြန်မာပြည်သို့ တင်သွင်းမည့် တပိုင်တနိုင် ပစ္စည်းများကို မူဆယ်မြို့တွင်း ယခင်လို ဖြတ်သန်းခွင့် မပေးဘဲ စစ်ဆေးမှု တင်းကြပ်ကာ အချို့ကုန်ပစ္စည်းများ မြန်မာပြည်ဘက်သို့ တင်သွင်းခွင့် မပြုကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...