ဝင်ရောက်စစ်ဆေး
တာချီလိတ်နှင့်ကျိုင်းတုံရှိ ဂိုဒေါင်ပစ္စည်းများကို စစ်ကောင်စီဝင်ရောက်ဖောက်စစ်နေ
SHAN -
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်နှင့်ကျိုင်းတုံရှိ ဂိုဒေါင်အချို့ကို စစ်ကောင်စီက တစ်ချို့နေရာတွင် ဝင်ရောက်ဖောက်စစ်နေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ ဒုတိယပတ်မှ စတင်ပြီး တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့ရှိ ဂိုဒေါင်များ၊ စားသောက်ကုန် ရောင်းချသည့် ဆိုင်များကို စစ်ကောင်စီက ရှောင်တခင်း ဝင်ရောက်စစ်ဆေးနေကြောင်း ဆိုင်ပိုင်ရှင် တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ဒုတိယအပတ်ကစပြီး ရဲကားနဲ့စစ်တပ်ကားတွေ မြို့ထဲပတ်ပြီး ဆိုင်တွေထဲဝင်တယ်...





