Tuesday, February 24, 2026

CATEGORY

သတင်း

မိုင်းရှူးမြို့နယ် ဒေသခံ (၁၀)ဦးကျော်ကို SSPP က ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် ဝမ်ဆော့ကျေးရွာအုပ်စု ဝမ်စန်းကျေးရွာ ဒေသခံ (၁၀)ဦးကျော်ကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ထိုဒေသခံ (၁၀)ဦးကျော်ကို SSPP က စစ်ကောက်ရန်အတွက် လာခေါ်စဉ် မလိုက်သွားသောကြောင့် အတင်းလာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ “လာဖမ်းခေါ်သွားတာ (၁၀)ကျော်တယ်။ (၂၀)နီးပါးလောက်တောင်...

မိုင်းကိုင်မြို့နယ် ဝါးသွားခုတ်သည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ ဆေးကုသရန် အခက်ခဲရှိနေ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စု၊ မောင်လျန်ကျေးရွာမှ ဒေသခံ အမျိုးသမီးတစ်ဦး ကျောင်းကာရံရန်အတွက် ဝါးသွားခုတ်စဉ် မိုင်းနင်းမိခဲ့ပြီး ဆေးကုသရန် ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ (၁၇)ရက် နေ့လည် ၂ နာရီခွဲဝန်းကျင်တွင် ဝါးသွားခုတ်စဉ် မိုင်းနင်းမိခဲ့သောကြောင့် ခြေထောက်တွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ “သူက ကျောင်းကာရံဖို့...

သီပေါမြို့နယ်ရှိ တရုတ်ရေနံနှင့် ဂတ်စ်ပိုက်လိုင်း စက်ရုံအနီး မိုင်းထောင်ထား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရှိ တရုတ်ရေနံနှင့် ဂတ်စ်ပိုက်လိုင်း ထိန်းချုပ်သည့်စက်ရုံအနီး မြေမြုပ်မိုင်းထောင်ထားကြောင်း စုံစမ်းသိရှိရသည်။ ထိုမြေမြုပ်မိုင်းကို ပြီးခဲ့သည့် (၂၀၂၁)ခုနှစ် ဒီဇင်ဘာလက စစ်ကောင်စီမှ လာရောက်ထောင်ထားပြီး စက်ရုံအနီး တွင်လည်း စစ်အင်အား (၂၀)ခန့် လုံခြုံရေး လာယူထားကြောင်း သိရသည်။ “မြေမြုပ်မိုင်းကို ပြန်လည်ရှင်းလင်းပေးဖို့ တောင်းဆိုခဲ့တယ်။ သူတို့(စစ်ကောင်စီ) ဒီလို လာထောင်ထားတာ...

ပင်လောင်း နောင်တရားရောက် စစ်ရှောင်ကလေးငယ်များကို အခြေခံပညာသင်ပေး

သျှမ်းတောင် ပင်လောင်းမြို့နယ် နောင်တရားမြို့တွင် ရောက်ရှိခိုလှုံနေသော ကရင်နီပြည်မှ စစ်ရှောင်လာသည့် ကလေးငယ်များအား အခြေခံပညာများကို သင်ကြားပေးနေကြောင်း သိရသည်။ နောင်တရားမြို့ စစ်ရှောင်စခန်း (၃)နေရာမှ အသက် (၁၅)နှစ်အောက် စစ်ဘေးရှောင်ကလေးငယ် ၃၀၀ ဝန်းကျင်အား အခြေခံပညာ သင်ကြားပေးတာဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အဓိကတော့ သူတို့လေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ အချိန်ကို...

“စစ်ကောင်စီ ခေါင်းဆောင် ကမ်းလှမ်းချက်ကို ကြိုဆိုတဲ့ ကိစ္စ RCSS က ဘာတွေပြောလဲ”

သျှမ်းပြည်တွင်း ဖက်ဒရယ်မူရေးဆွဲရေး၊ လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံရေးနည်းလမ်းကြောင်းနဲ့ ဆွေးနွေး အဖြေရှာသင့်ကြောင်း၊ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ နိုင်ငံရေး‌ ဆွေးနွေးမှုများကို ထောက်ခံကြိုဆိုရတဲ့အကြောင်းအရင်း ဘာကြောင့်လဲဆိုတာကို သျှမ်းသံတော်ဆင့် သတင်းဌာန ကနေပြီးတော့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်...

တိုက်ပွဲရပ်တန့်၊နိုင်ရေး ဆွေးနွေးအဖြေရှာဖို့ သျှမ်းတပ် (၂)တပ် အပြန်အလှန် တံခါးဖွင့်ပေးထားကြ

သျှမ်းပြည်တွင်း နေ့စဉ်ရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး နိုင်ငံရေး ဆွေးနွေးအဖြေရှာမည့် တံခါးကို အစဉ်အမြဲ ဖွင့်လှစ်ထားကြောင်း သျှမ်းတပ်(၂)တပ်က အပြန်အလှန် ပြောဆိုလိုက်သည်။ သို့ပေမယ့် လက်ရှိအချိန်ထိ သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ် နှင့် သျှမ်းတောင် မိုင်းကိုင်မြို့နယ်အတွင်း နေ့စဉ်ဆက်တိုက် တိုက်ပွဲများက ဆက်လက်ဖြစ်ပွားနေကြောင်း...

တန့်ယန်းမြို့နယ်အတွင်း တပ်သားသစ်များစုဆောင်းနေ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းတွင် တအာင်းအမျိုးသားတပ်မတော် TNLA နှင့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တို့က တပ်သားသစ်များ စုဆောင်းနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ တန့်ယန်းမြို့နယ်အတွင်းရှိ လွယ်လိန်းတောင်တက်လမ်းတစ်လျှောက်တွင် သွားလာလှုပ်ရှားတတ်သည့် TNLA တပ်ဖွဲ့သည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာမှ ဒေသခံများကို စစ်ပညာ လာရောက် သင်ယူရန် စေခိုင်းမှုများ ရှိနေကြောင်း...

လားရှိုးမြို့ တစ်လ အတွင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူ (၅)ဦးထိရှိ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် ယခုနှစ် ဇန်နဝါရီလ အတွင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီး သေဆုံးသူ (၅)ဦးထိရှိကြောင်း စုံစမ်းသိရှိရသည်။ ထိုသို့ အဆုံးစီရင်သူများသည် လူငယ်ပိုင်းထဲက အများဆုံးဖြစ်ပြီး မည်သည့် ကိစ္စကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသည်ကို မသိရှိရသေးကြောင်း လားရှိုးမြို့ ပရဟိတ အဖွဲ့ဝင်များက ပြောသည်။ “ဘာကြောင့် ဒီလို အဆုံးစီရင်ကြတာလဲ...

ကျောက်မဲ ဗူးခါးရွာတွင်း လက်နက်ကြီးကျ ဒေသခံများ တိမ်းရှောင်

သျှမ်းမြောက် ကျောက်မဲမြို့နယ် ဗူးခါးကျေးရွာအနီး တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာတွင်းသို့ လက်နက်ကြီးစ ကျရောက်ခဲ့ကာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သတင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၁၇)ရက် နေ့လည်ပိုင်းတွင် ဗူးခါး၊ ချောင်းချောက်၊ နောင်အန်းကျေးရွာအနီး တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗူးခါးရွာတွင်းသို့ လက်နက်ကြီး ကျရောက်ခဲ့ကြောင်း ဒေသခံများက...

မုံးကိုးမြို့ပေါ် စစ်ရှောင်(၁၀၀၀)ကျော် စားနပ်ရိက္ခာနှင့် အနွေးထည်များ အရေးပေါ်လိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် အာဏာသိမ်းစစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA)တို့ တိုက်ပွဲကြောင့် မုံးကိုးမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်ရောက်ရှိလာသော စစ်ရှောင်ဦးရေ ၁၀၀၀ ဝန်းကျင်သည် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း သတင်းသိရသည်။ “မုံးကိုးမြို့ပေါ်က စစ်ဘေးဒုက္ခသည် ဦးရေ ၁၀၀၀ ကျော်တို့က စားနပ်ရိက္ခာ အရေးတကြီး လိုအပ်နေပါတယ်၊ ဆောင်းတွင်းဆိုတော့ စောင်နဲ့...

Latest news