Tuesday, February 24, 2026

CATEGORY

သတင်း

သီပေါ စစ်ရှောင်တချို့ နေရပ်ပြန်

သျှမ်းမြောက် သီပေါမြို့ ဘော်ကြိုဘုန်းကြီးကျောင်းတွင် ရှောက်ရှိခိုလှုံနေသော စစ်ဘေးရှောင် ပြည်သူတချို့ နေရပ်ကို ပြန်သွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ (၁၉)ရက်နေ့က သီပေါမြို့နယ် ကျင်သီ၊ ပုံဖမ်းနှင့် ကြံခင်းကျေးရွာတို့မှ ဘော်ကြို ဘုန်းကြီးကျောင်း သို့ စစ်ဘေးရှောင်လာရသည့် ပြည်သူ တချို့သည် နေအိမ်၊ ကျွဲ၊ နွားနှင့်...

ကျိုင်းတောင်း ကိုဗစ် ပျံ့နှံ့လာမှာကို ဒေသခံလူငယ်များ စိုးရိမ်နေ

သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့တွင် ပြည်သူများ ကိုဗစ်စည်းကမ်းလိုက်နာမှု အားနည်းသည့်အတွက် ကိုဗစ်ရောဂါ ပျံ့နှံ့လာမည်ကို ဒေသခံလူငယ်များ က စိုးရိမ်နေကြကြောင်း သတင်းသိရသည်။ ကျိုင်းတောင်းဒေသခံအများစုသည် အပြင်ထွက် သွားလာရာတွင် Mask (နှာခေါင်းစည်း) တပ်ဆင်မှု မရှိခြင်းကြောင့် ကိုဗစ်ရောဂါအပြင် အိုမီခရွမ်ရောဂါကိုပါ စိုးရိမ်မိကြောင်း ဒေသခံလူငယ်များက ပြောသည်။ “ကျနော်တို့ ဆီမှာက ကိုဗစ်စည်းကမ်းလိုက်နာမှု...

စစ်အာဏာရှင်လက်အောက် ပိုကြီးထွားလာတဲ့ ကျောက်မဲ မူးယစ် ပြဿနာ

ကွင်းပြင်အကျယ်ကြီးထဲကို အသက်အရွယ်အစုံ အမျိုးသားတွေ တရိပ်ရိပ်နဲ့ လာတဲ့သူကလာ ဟိုနားတစု ဒီနားတစု စုပြီး ထိုင်နေတဲ့သူတွေက ထိုင်နေကြပါတယ်။ ရုတ်တရက် အဝေးကနေကြည့်လိုက်ရင်တော့ ပွဲစျေးတန်းလို့ ထင်ကောင်းထင်မိပါလိမ့်မယ်။ အဲ့နေရာကတော့ ကျောက်မဲမြို့ အနောက်ဘက်ရှိ ရပ်ကွက်(၉) တိလင် နဲ့ တောင်နောက်ကြား လယ်ကွင်းအဟောင်းနေရာမှာ ဖြစ်ပါတယ်။ အဲ့နေရာကို လာတဲ့သူတွေကတော့ မူးယစ်ဆေးဝါးသုံးစွဲဖို့အတွက်...

နမ့်ခမ်းမြို့ထဲ စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း ညအချိန်တွင် စစ်ကောင်စီများက လက်နက်ငယ်ဖြင့် ရမ်းသမ်းပစ်ခတ်မှု များ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၁၉)ရက် ည (၈)နာရီဝန်းကျင်တွင် စစ်ကောင်စီများက နမ့်ခမ်းမြို့တွင်း၌ လက်နက်ငယ်ဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။ “မနေ့ညတော့ ကြားလိုက်တယ်။ ၁၀ ချက်လောက်တော့ ရှိမယ်ထင်တယ်။ နောက်မှ...

ပင်းတယမြို့နယ် CDM ရဲနှင့် ဖခင်အပါအဝင် ပြည်သူ (၁၂)ဦး ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ပန်စစ်ကျေးရွာတွင် CDM ရဲနှင့် ဖခင်အပါအဝင် သတင်းပေးနောက်ကျသူ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ပြည်သူ စုစုပေါင်း (၁၂)ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ “ရဲတပ်သားတစ်ယောက်က CDM လုပ်ပြီး ရွာထဲက သူ့အဖေဆီ လာရှောင်တိမ်းနေတာ ကြာနေပါပြီ၊ ဒါပေမဲ့ ရွာလူကြီးက သိတာနောက်ကျတော့ ရွာထဲမှာ...

ကွတ်ခိုင် လွိုင်ဆမ်ဆစ် တောင်ခြေအနီး ပစ်ခတ်မှုသံကြားရ

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နယ် လွယ်ဆမ်ဆစ် တောင်ခြေအနီး ယနေ့ မနက် (၂)နာရီဝန်းကျင်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇန်နဝါရီ (၂၀)ရက် မနက် (၂)နာရီဝန်းကျင်က လက်နက်ကြီး လက်နက်ငယ်ဖြင့် အချိန်အနည်းငယ်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း လွယ်ဆမ်စစ်အနီး နေထိုင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “၂ ဘက်...

တရုတ်နိုင်ငံတွင်းသို့ ပို့ဆောင်မည့် ကွမ်းလုံ ပဲသီးများ ယခုနှစ် အရှုံးပေါ်

ကိုဗစ်ဒဏ်၊ စစ်အာဏာသိမ်းမှုဒဏ်နှင့် တရုတ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ထားမှုကြောင့် သျှမ်းမြောက် ကွမ်းလုံမြို့မှ ပဲသီးသည်များ အရှုံးပေါ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းမြောက် ကွမ်းလုံမြို့သည် တရုတ်နယ်စပ်မြို့ဖြစ်ပြီး ထိုဒေသမှ ပဲသီးစိုက်ပျိုးသူများသည် တရုတ်ပြည် စျေးကွက်တစ်ခုတည်းကိုသာ အားကိုးရသဖြင့် ယခုနှစ်မှာ နယ်စပ်ဂိတ်များ ပိတ်ထားမှုကြောင့် ပဲသီးစိုက်ပျိုးသူများ အရှုံးပေါ်သည့်အဆင့်ထိ ဖြစ်ပွားခဲ့ရကြောင်း သတင်းရရှိသည်။ “အကုန်ရှုံးတယ်။...

တာချီလိတ်မြို့ စစ်ကောင်စီမှ NLD ပါတီဝင်များကို ဗုံးပေါက်ကွဲမှုဖြင့် စွပ်စွဲ ဖမ်းဆီးနေ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီတို့သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင်များနှင့် အပြစ်မဲ့ပြည်သူများကို ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်ပြီး စွပ်စွဲ ဖမ်းဆီးနေကြောင်း သိရသည်။ တာချီလိတ်မြို့မှ မြို့မရဲစခန်းဝန်းအတွင်း ရဲလိုင်းခန်းအပါအဝင် ရက်သတ္တပတ်အတွင်း (၄)ကြိမ်မြောက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ကိစ္စကို NLD ပါတီဝင်များနှင့် လူငယ်များက ပြုလုပ်ခဲ့သည်ဟု...

လဲချားရောက်စစ်ရှောင် ကိုယ်ဝန်သည်များ ကလေးအနှီးနှင့် ကလေးအဟာရမှုန့် လိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့သို့ ရောက်ရှိနေသည့် စစ်ရှောင် ကိုယ်ဝန်ဆောင်များ ကလေးမွေးဖွားရန်အတွက် အနှီး နှင့် ကလေးအာဟာရမှုန့်များ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ လဲချားမြို့ စစ်ရှောင်စခန်းများတွင် ရောက်ရှိနေသည့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် (၆) လအောက် ကလေးငယ် (၂၀) ဦးကျော် ရှိနေပြီး ကလေး အာဟာရမှုန့် နှင့်...

စစ်ကောင်စီတပ်သားများ တောင်ကြီးရောက် စစ်ရှောင်များထံ PDF သတင်း လိုက်လံမေးမြန်းနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်း ရောက်ရှိလာသော ကရင်နီစစ်ဘေးရှောင်များထံ စစ်ကောင်စီတပ်သားများက PDF သတင်းများ လိုက်လံမေးမြန်းမှုရှိနေကြောင်း သတင်းသိရသည်။ တောင်ကြီးမြို့ရှိ မိုးကုတ်ဝိပဿနာကျောင်းနှင့် တခြားသော ဘာသာရေးကျောင်းများတွင် ခိုလှုံနေထိုင်နေသည့် ကရင်နီစစ်ရှောင်များထံသို့ အရပ်ဝတ်နှင့် စစ်ကောင်စီတပ်သားများရောက်လာပြီး PDF သတင်းများ စုံစမ်းမေးမြန်းမှုများ ရှိနေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “စစ်ရှောင်တွေရှိနေတဲ့ ဘုန်းကြီးကျောင်းတွေ၊...

Latest news