စစ်အာဏာရှင်လက်အောက် ပိုကြီးထွားလာတဲ့ ကျောက်မဲ မူးယစ် ပြဿနာ

ကွင်းပြင်အကျယ်ကြီးထဲကို အသက်အရွယ်အစုံ အမျိုးသားတွေ တရိပ်ရိပ်နဲ့ လာတဲ့သူကလာ ဟိုနားတစု ဒီနားတစု စုပြီး ထိုင်နေတဲ့သူတွေက ထိုင်နေကြပါတယ်။

ရုတ်တရက် အဝေးကနေကြည့်လိုက်ရင်တော့ ပွဲစျေးတန်းလို့ ထင်ကောင်းထင်မိပါလိမ့်မယ်။

အဲ့နေရာကတော့ ကျောက်မဲမြို့ အနောက်ဘက်ရှိ ရပ်ကွက်(၉) တိလင် နဲ့ တောင်နောက်ကြား လယ်ကွင်းအဟောင်းနေရာမှာ ဖြစ်ပါတယ်။ အဲ့နေရာကို လာတဲ့သူတွေကတော့ မူးယစ်ဆေးဝါးသုံးစွဲဖို့အတွက် ရောက်ရှိလာတဲ့သူတွေပါပဲ။

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲနေတာဟာ အထူးအဆန်းတော့ မဟုတ်ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲဖြစ်ပွားတဲ့ နောက်မှာတော့ အသက် (၁၀)နှစ် အရွယ် ကလေးငယ်တွေ အမျိုးသမီးငယ်တွေ ပါလာတာဟာ အလွန်ပင် တုန်လှုပ်ခြောက်ချားစရာ ကောင်းလာပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲသူတွေ အများစုဟာ အိမ်ခြေရာမဲ့တွေဖြစ်ကြပြီး ကျောက်မဲမြို့ရှိ ညောင်ပင်အောက်၊ အမှိုက်ပုံနားနဲ့ သုဿာန်လို နေရာမျိုးတွေမှာ မိုးကာနဲ့ ကာရံ၊ ဂျပ်ဖာတွေ ခင်းပြီး ဖြစ်သလို နေထိုင်လေ့ရှိ ကြတယ်လို့ ကျောက်မဲဒေသခံတွေ ပြောပြပါတယ်။

“အများစုက သံတိုသံစတွေ၊ ဗူးခွံတွေကောက်ပြီး ရောင်းတယ်၊ ရလာတဲ့ငွေနဲ့ ဆေးသွားသုံးတယ်။ နေတာက လမ်းဘေးမှာ နေကြတယ်” လို့ မူးယစ်ဆေးဝါးသုံးစွဲခဲ့ဖူးတဲ့ ကျောက်မဲဒေသခံ အသက် ၃၅ နှစ်အရွယ်ရှိ ကိုအောင် (အမည်လွှဲ)က ပြောပြလာပါတယ်။

အဲ့လို သံတိုသံစ၊ ဗူးခွံတွေ ကောက်ပြီး ရောင်းတာဟာ တရက်လျှင် ကျပ်ငွေ အများဆုံး ၂ သောင်းကျော်ထိ ရကြသလို အနည်းဆုံး ၈ ထောင်ကျပ်ထိ ရရှိကြတယ်လို့ ဆိုပါတယ်။

ကိုအောင်တယောက် အချစ်ကြောင့် စိတ်ညစ်ပြီး ဘိန်းမဲကို စတင်သုံးစွဲခဲ့ရာမှ နောက်ပိုင်းမှာတော့ နံပါတ်ဖိုး(ဘိန်းဖြူ) ထိုးတဲ့အဆင့်ထိ ရောက်ရှိခဲ့တယ်လို့ ပြောပြပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲတဲ့ (၁၀)နှစ်ကျော် အတွင်းမှာတော့ မိသားစု၊ ဆွေမျိုးသားချင်းတွေရဲ့ ပစ်ပယ်ခံရတာတွေ၊ ပတ်ဝန်းကျင်တွေရဲ့ ဆေးသမား(ဖိုးသမား)ဆိုတဲ့ အကြည့်တွေကို မခံနိုင်တော့လို့ မူးယစ်ဆေးကို ပြတ်အောင်ဖြတ်မယ်လို့ ဆုံးဖြတ်လိုက်တယ်လို့ ကိုအောင်က ပြောပါတယ်။

သူဟာ ဆေးဖြတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် နောက်ရက်တွေမှာ ဘိန်းရင့်ထလာလို့ မနေနိုင်ချိန်မှာတော့ ပြန်ပြန်သွားရှာပြီး သုံးခဲ့ကြောင်း ကိုအောင်တယောက် ဖြစ်ပျက်ကြုံတွေ့ခဲ့တာတွေကို ပြန်ပြောပြပါတယ်။

“ဆေးဖြတ်ဖို့ အကြိမ်ကြိမ် စဉ်းစားဖူးတယ်၊ ဆေးဝတဲ့ အချိန်မှာတော့ တော်ပြီဟာ နောက်ဆို မသုံးတော့ဘူး၊ နောက်တစ်ရက် ရင့်ထတဲ့အချိန်ရောက်တော့ မနေနိုင်ဘူး၊ အဲ့လိုတွေလည်း မတွေးမိတော့ဘူး၊ ပြန်ရှာပြီး ပြန်သုံးတော့တယ်၊ ရတဲ့နေရာတွေကလည်း သိနေတာပဲလေ၊ ခုတော့ ဆေးသောက်ပြီး နောက်ပိုင်း အဲ့လို မဖြစ်တော့ဘူး” လို့ ကိုအောင်က ပြောပြပါတယ်။

အခုချိန်မှာတော့ ကိုအောင် ဟာ ကျောက်မဲမြို့မှာ မူးယစ်ဆေးဝါး ကို အနိုင်ယူနိုင်တဲ့သူ တစ်ဦးဖြစ်ခဲ့ပြီး၊ မူးယစ်ဆေးဖြတ်နိုင်ဖို့ မက်ဒတုန်း သောက်နေသူတစ်ဦး ဖြစ်ပါတယ်။

“အရင်လို ပေပေစုတ်စုတ်နဲ့ မနေရတော့ဘူး၊ ဆေးသွားသုံး တုန်းကဆို မိသားစုတွေက ကိုယ့်အတွက် စိတ်ပူပေးရတယ်၊ ခုတော့ စိတ်အေးရပြီ၊ ရဲတွေဘာတွေနဲ့တွေ့ရင်လည်း ဖမ်းခံရစရာ အကြောင်း မရှိတော့ဘူး၊ ကောင်းကျိုးတွေ အများကြီးကို ရလာတယ်” လို့ ကိုအောင်က ဆက်ပြောပါတယ်။

အရင်ကလည်း မူးယစ်ဆေး စွဲနေတဲ့သူတွေ ဆေးဖြတ်ခဲ့ဖူးကြပေမယ့် တချို့ ဆေးဖြတ်ပြီးတဲ့သူတွေဟာ မူးယစ်ဆေး ပြန်စွဲကြတာတွေ့လည်း ရှိပါတယ်။

“မူးယစ်ဆေးဝါးကို ဖြတ်ပြီးတဲ့သူတွေ ဘာကြောင့် ဆေးပြန်သုံးကြတာလဲ ဆိုတော့ အလွယ်တကူ ဝယ်လို့ ရနေလို့ ဆိုပြီး ပြန်ဖြေကြတာ များတယ်” ဆိုပြီး အားမလို အားမရ ဖြစ်နေတဲ့ လေသံနဲ့ ဦးတင်မောင်သိန်းက ပြောပါတယ်။

မူးယစ်ဆေးဝါးဟာ အလိုအလျောက် ထွက်လာတဲ့အရာ မဟုတ်ကြောင်း၊ ရောင်းသူ ဝယ်သူရှိလို့ ပိုများလာပြီး နယ်မြေမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲတွေ အရေးမယူဘဲ လွှတ်ထားတဲ့အတွက် များပြားလာခြင်း ဖြစ်ကြောင်း ကျောက်မဲ ဒေသခံတွေက ဝေဖန်ပြောဆိုလိုက်ကြပါတယ်။

ကျောက်မဲမြို့ သုဿာန်ဟောင်းမှာ မူးယစ်ဆေးသုံးတဲ့သူတွေ စုပြုံပြီး လူမြင်ကွင်းတွေမှာလည်း သိသိသာသာ ပေါ်တင်သုံးစွဲလာကြပါတယ်။

“ဒေသအခေါ် သဖန်းဆိပ် ပတ်ဝန်းကျင်မှာ တစ်ရက်ကို လူဦးရေ ၂၀၀ ကနေ ၂၅၀ ဝန်းကျင်လောက်ထိ ဝင်ထွက်သွားလာနေကြတယ်။ ဆေးတွေဆိုရင် ပေါ်တင်ထိုးနေတာ။ ဘယ်သူမှ ဖမ်းဆီးမရှိဘူးလေ” လို့ ကျောက်မဲဒေသခံ အသက် ၅၀ ကျော် အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မြို့နယ်ပတ်ဝန်းကျင် လုံခြုံရေးဆောင်ရွက်ပေးတာတွေ အားနည်းသွားတဲ့အပြင် စစ်ကောင်စီ လက်အောက်ခံ ရဲတွေဟာ ပြည်သူထက် မိမိကိုယ်ကိုယ် ကာကွယ်ဖို့အတွက်ပင် အကာအရံတွေ အတားအဆီးတွေ ပြုလုပ်နေကြရပါတယ်။

ဒါ့အပြင် ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ၊ နယ်မြေမှူးတွေ၊ ရဲတွေ ဖမ်းဆီးအရေးယူမှု အားနည်းတာတွေကြောင့် မူးယစ်ဆေးဝါးက ပိုမို များပြားနေတာ ဖြစ်တယ်လို့လည်း ဒေသခံတချို့က ဆိုကြပါတယ်။

မူးယစ်ဆေးဝါး လျော့နည်းသွားဖို့အတွက် ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အခန်းကဏ္ဍကလည်း လိုအပ်နေတဲ့အချက် ဖြစ်တယ်လို့ ဦးတင်မောင်သိန်းက ထောက်ပြပြောဆိုလိုက်ပါတယ်

“ဒီမူးယစ်ဆေး လျော့နည်းပပျောက်သွားဖို့ ဆိုတာ ငြိမ်းချမ်းမှ ဖြစ်မှာပါ၊ နောက် ကျနော် တောက်လျှောက်ကြည့်လာတဲ့ နိုင်ငံရေး အနေအထားအရ လက်နက်ကိုင်တွေဟာ မူးယစ်ဆေးဝါးကို စွန့်လွတ်နိုင်မှ ရမှာပါ”လို့ ဦးတင်မောင်သိန်းက ပြောပါတယ်။

ဒါ့အပြင် ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီမျှ အခွင့်အရေး စတဲ့ အရာတွေကို ဖန်တီးပေးနိုင်မှ လက်နက်ကိုင်တွေ ဟာ မူးယစ်ဆေးဝါးကို စွန့်လွတ်နိုင်မယ်လို့ ဦးတင်မောင်သိန်းက သူ့ရဲ့ အမြင်ကို ပြောပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲသူတွေနည်းတူ အိမ်ခြေရာမဲ့တွေ လျော့နည်းပပျောက်သွားဖို့ကလည်း ဖြေရှင်းရမယ့် ပုစ္ဆာတစ်ပုဒ်ဖြစ်နေပါတယ်။

ကျောက်မဲမြို့ အဝင် တိုးဂိတ်နဲ့ တချို့ နေရာတွေမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိတာတွေ ရှိနေပေမယ့် ပေါ်ပေါ်ထင်ထင် သုံးစွဲးနေကြတဲ့ နေရာတွေကိုတော့ ဖြေရှင်းပေးနိုင်ခြင်း မရှိတဲ့အတွက် ဒေသခံတွေရဲ့ အနာဂတ်အတွက် စိုးရိမ်စရာပင် ဖြစ်နေရပါတယ်။

နေ့စဉ် လူအယောက် ၂၀၀ ကနေ ၂၅၀ ကျော် ပျော်ပွဲစားသောက်နေကြသလို မူးယစ်ဆေးကို ပေါ်ပေါ်ထင်ထင် သုံးစွဲနေတဲ့ မြင်ကွင်း ပျေက်ကွယ်ဖို့အတွက် ကျောက်မဲပြည်သူတွေကတော့ မျှော်လင့်နေကြပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...