Tuesday, February 24, 2026

CATEGORY

သတင်း

ကျောမလုံသည့် ပြည်သူ့ဘဝများ

မောင်မောင် (အမည်လွဲ ) ဟာ အသက် ၂၀ ခန့်ရှိ လူငယ်တစ်ဦးဖြစ်ပြီးတော့ တောင်ကြီးဒေသခံ လည်းဖြစ် ပါတယ်။ မောင်မောင် မှာ မောင်နှမ ရင်းခြာ အမတစ်ဦးရှိပြီး လက်ဘက်ရည်ဆိုင် လုပ်ငန်းလုပ်ကိုင် လျက်ရှိ ပါတယ်။ နေ့စဉ် မောင်မောင်တစ်ယောက် သူနေထိုင်ရာ ဘုရားဖြူရပ်ကွက်ကနေ အမရဲ့...

မိုင်းကိုင် ထွေအုပ်ရုံးအနီး ဗုံးပေါက်ကွဲ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့ ရှိ အထွေထွေမြို့နယ် အုပ်ချုပ်ရေးရုံးအနီးတွင် ယမန်နေ့ (ဇန်နဝါရီ ၂၄)ရက် ညတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဇန်နဝါရီ (၂၄)ရက် ည (၁၀)နာရီခွဲခန့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ဒေသခံများ စိုးရိမ် ထိတ်လန့်နေကြကြောင်း မိုင်းကိုင်ဒေသခံ အမျိုးသား တစ်ဦးက...

ကျေးသီးမြို့နယ်အတွင်း အမျိုးသမီး တဦး သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အမျိုးသမီးတဦး ကားပေါ်တွင် လည်ပင်းညစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၃ ရက်တွင် ထိုအမျိုးသမီးသည် ကျေးသီးမြို့နယ် ဟာဝမ်းကျေးရွာမှ ကားမောင်း ထွက်ခွာခဲ့ပြီးနောက် ကျေးသီးမြို့ အကျော် ၁ မိုင် အကွာတွင် သတ်ခံရတာဖြစ်ကြောင်း သိရသည်။ “ဘာကြောင့် သတ်ခံရတာလည်း မသိရဘူး။ ကျမတို့...

ငြိမ်းချမ်းရေး နဲ့ ဖက်ဒရယ် အမြန်ရအောင်ကြိုးစားနေတဲ့ ဦးစိုင်းအိုက်ပေါင်း

နေပြည်တော်မှာ နစက က ဖွဲ့စည်းထားတဲ့ အမျိုးသား ညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ နိုင်ငံရေးပါတီ အချို့ ဇန်နဝါရီ (၂၀)ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး (၅)နှစ် အတွင်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် သဘောတူညီမှု ရရှိခဲ့ကြပါတယ်။ အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ဖက်ဒရယ်ပြည်ထောင်စုမျိုးကို...

ကျောက်မဲ စစ်ရှောင်များ စောင်နှင့် အနွေးထည်များ လိုအပ်နေ

ကျောက်မဲမြို့နယ် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင် နေရသည့် စစ်ဘေးရှောင်ပြည်သူများ စောင်နှင့် အနွေးထည် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ “ခုက အေးတဲ့ ရာသီ ဆိုတော့ စောင်တွေ အနွေးထည်တွေ လိုအပ်တယ်၊ တိမ်းရှောင်လာတဲ့သူတွေလည်း ပိုများလာတယ်၊ ခုဆို ဘုန်းကြီးကျောင်းတွေမှာရော၊ ရပ်ကွက်တွင်း ဆွေမျိုးအိမ်တွေမှာရော...

မိုင်းကိုင်မြို့နယ် ကျေးရွာအတွင်း လက်နက်ကိုင်များ ရှိနေဆဲ၊ စစ်ရှောင်များနေရပ်ပြန်ရန်ခက်ခဲ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တပေါင်းပွဲပြုလုပ်သည့် မွေတော်ကွင်းပြင်ရောက် စစ်ရှောင်များ နေထိုင်သည့် ကျေးရွာအတွင်း တိုင်းရင်းသားလက်နက်ကိုင်ရှိနေသေးသဖြင့် နေရပ်သို့ မပြန်ရဲသေးကြောင်း စုံစမ်းသိရသည်။ ထို စစ်ရှောင်များသည် ဇန်နဝါရီ (၆)ရက်ဝန်းကျင် ကတည်းက ရောက်ရှိလာသူများဖြစ်ကြပြီး စစ်ရှောင်တချို့ နေရပ်သို့ ပြန်သွားကြသော်လည်း တချို့ စစ်ရှောင်များသည် ကျေးရွာအတွင်း လက်နက်ကိုင်တပ်များ ရှိနေသေးသဖြင့်...

မိုင်းဟ ပြည်သူ့စစ်ကို အဖြေမပေးသည့် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် မန်ပန်ကျေးရွာအုပ်စု ကြူကွမ်ကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးကို မိုင်းဟ ပြည်သူ့စစ် တစ်ဦးက ရည်းစားစကားလိုက်ပြောရာမှ အဖြေ ပြန်မပေးသောကြောင့် သေနတ်ဖြင့် ပတ်ခတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၂၃)ရက် ည (၈)နာရီဝန်းကျင်တွင် မိုင်းဟ ပြည်သူ့စစ်က ကြူကွမ်ရွာအတွင်း ဝင်လာပြီး အမျိုးသမီးတစ်ဦးထံ...

မိုင်းဆတ်မြို့ လူငယ် (၂)ဦး အချုပ်ခန်းမှ ခိုးထွက်မှု ဖြစ်ပွား

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ယခုလဆန်းပိုင်းက အသက် (၁၈)နှစ် မပြည့်သေးသည့် လူငယ် (၂)ဦး အချုပ်ခန်းမှ ထွက်ပြေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ထိုလူငယ် (၂)ဦးသည် ၂၀၂၁ ခုနှစ် ဇွန်လ (၅)ရက်နေ့တွင် လူငယ်အချင်းချင်းရန်ဖြစ်ရာမှ တစ်ဦး သတ်ခံလိုက်ရသဖြင့် ဖမ်းဆီးခံထားရသည့် သူများဖြစ်ပြီး ဇန်နဝါရီ (၄)ရက်တွင် အချုပ်ခန်းမှ...

ကျောက်မဲစစ်ကောင်စီမှ အမျိုးသားတစ်ဦးကို ဖမ်းဆီးသွား

သျှမ်းမြောက် ကျောက်မဲ မြို့တွင် ယမန်နေ့ (ဇန်နဝါရီ ၂၃)ရက် ည (၉)နာရီ ဝန်းကျင်က ရပ်ကွက် (၇) သံလမ်းအနီးနေ အမျိုးသား တစ်ဦးအား စစ်ကောင်စီတပ်သားများမှ လာရောက်ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ “ဘာလို့ ဖမ်းသွားလဲတော့ သေချာ မသိရသေးဘူး၊ စစ်ဆေးမေးမြန်းတာတွေလုပ်ပြီး အိမ်ထဲ ဝင်မွှေသွားတယ်၊ လပ်တော့တွေ၊...

CDM မှ NON CDM ပြန်လုပ်သည့် ပင်းတယမြို့ ဝန်ထမ်း တချို့ လစာမရ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်းတွင် CDM လုပ်ပြီး NON CDM ပြန်လုပ်သည့် ဌာနဆိုင်ရာဝန်ထမ်း တချို့ သည် လစာမရကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ခုနစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်မှ နိုင်ငံတော်အာဏာကို ပြန်လည်သိမ်းယူလိုက်သည့်အတွက် မြန်မာပြည်သူများသည် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန့်ကျင် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး...

Latest news