ကျောမလုံသည့် ပြည်သူ့ဘဝများ

မောင်မောင် (အမည်လွဲ ) ဟာ အသက် ၂၀ ခန့်ရှိ လူငယ်တစ်ဦးဖြစ်ပြီးတော့ တောင်ကြီးဒေသခံ လည်းဖြစ် ပါတယ်။ မောင်မောင် မှာ မောင်နှမ ရင်းခြာ အမတစ်ဦးရှိပြီး လက်ဘက်ရည်ဆိုင် လုပ်ငန်းလုပ်ကိုင် လျက်ရှိ ပါတယ်။

တောင်ကြီး

နေ့စဉ် မောင်မောင်တစ်ယောက် သူနေထိုင်ရာ ဘုရားဖြူရပ်ကွက်ကနေ အမရဲ့ လက်ဘက်ရည်ဆိုင်ရှိရာ မြို့ထဲကို ကိုယ်ပိုင် လိုက်ထရပ်ကားနဲ့ သွားလေ့ရှိပါတယ်။

လက်ဘက်ရည်ဆိုင်မှာ အမကို ကူညီလုပ်ကိုင်ပေးရင်း ညနေပိုင်းမှာတော့ နေအ်ိမ်ရှိရာ ဘုရားဖြူရပ်ကွက်ကို ကားနဲ့ ပြန်လေ့ရှိပါတယ်။

တစ်ရက်မှာတော့ ထုံးစံအတိုင်း အမဆိုင်ကူပေးရင်း မြို့ထဲကနေ နေအိမ်ဘုရားဖြူကို မောင်မောင် ပြန်လာခဲ့ပါတယ်။

အမှတ်(၅) ကျောင်း လမ်းဆုံထောင့်အနီး အရောက်မှာတော့ မောင်မောင် ကားကို လက်နှိပ်ဓာတ်မီးထိုးပြီး ဘေးရပ်ခိုင်းတာကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။

လုံခြုံရေးအရ ရှာဖွေ စစ်ဆေးနေတယ်လို့ပဲ မှတ်ယူပြီးတော့ မောင်မောင် က သူ့ရဲ့ ကားကို အမှတ် (၅) ကျောင်း ဘေးအနီး ရပ်တန့်ပေးလိုက်ပါတယ်။

“ဟေ့ကောင် ကားပေါ်ကဆင်း၊ ဘာတွေ ပါလဲ ၊ လက်မြောက်ထား၊ ရုပ်ရုပ်မလုပ်နဲ့ အချုပ်ထဲ တစ်ည ထည့်ထားလိုက်မယ်” – ဆိုပြီးတော့ အရပ်ဝတ်နဲ့ လုံခြုံရေး ရဲ (သို့) စစ်သား လို့ယူဆရ သူ တစ်ဦးနဲ့ အပေါင်းအပါတွေက အော်ဟစ်ကြိမ်းမောင်းတာကို မောင်မောင်ခံလိုက်ရပါတယ်။

ကားပေါ်ကနေ မောင်မောင် ဆင်းပြီးတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးမှုကို ခံခဲ့ရပြီး ကားအတွင်းမှာ ဘာမှ မတွေ့ပေမယ့်လည်း အရစ်ခံရတယ်လို့ မောင်မောင် ကပြောပြပါတယ်။

“ အမ ဆိုင်ကနေ ကူပြီး ပြန်လာတာပြောပြတယ်၊ မရဘူး ရစ်နေတာ၊ ဟိုမှာ တစ်ည သိပ်လိုက်မယ် တို့ဘာတို့ ပြောတယ်၊ နောက်မရတဲ့အဆုံး တစ်သောင်းကျပ် ပေးခဲ့လိုက်ရတယ်” လို့ မောင်မောင် က ထိုစဉ်က သူကြုံတွေ့ခဲ့တဲ့ အခြေအနေတွေကို ပြန်ပြောပြပါတယ်။

အဲဒီအချိန်က မိုးလည်းမချုပ်သေးသလို ည ၈း၀၀နာရီ ဝန်းကျင်ခန့်သာရှိသေးတယ်လို့လည်း မောင်မောင် က ပြောပြပါတယ်။

မောင်မောင် လို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေး ရှာဖွေ ခံခဲ့ရသူတွေ ဒုနဲ့ဒေးရှိနေပြီးတော့ ထိုနည်းအတိုင်းပဲ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့လည်း တောင်ကြီးဒေသခံ အမည်မဖော်လိုသူ အချို့ ကပြောပါတယ်။

တောင်ကြီး

စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ ညပိုင်းအချိန်တွေမှာ ကင်းပုံးဝပ်တာ၊ မှောင်ရိပ်မှာ အရပ်ဝတ်တွေနဲ့ ကားဆိုင်ကယ်တွေကို ရပ်တန့် ရှာဖွေ စစ်ဆေးတာတွေကို လုပ်ဆောင်တတ်တယ်လို့ တောင်ကြီးမြို့ဒေသခံ အချို့က ပြောပြပါတယ်။

လုံခြုံရေးဆိုတာထက် ဂွင်ရှာပြီး ငွေညစ်တာတွေမျိုးလည်း မကြာခဏ ကြုံရတတ်တယ်လို့ အစစ်ဆေးခံရပြီး ငွေတောင်းခံခဲ့ရတဲ့ အမည်မဖော်လိုသူ တစ်ဦး ကပြောပါတယ်။

“ လုံခြုံရေး အကြောင်းပြပြီးတော့ ပြည်သူတွေကို ဓါးပြတိုက်နေတာ” လို့ အစစ်ဆေးခံရပြီး ငွေတောင်းခံခဲ့ရတဲ့ အမည်မဖော်လိုသူ တစ်ဦး ကပြောပါတယ်။

တောင်ကြီးမြို့ တွင်းရှိ အမှတ်(၅) ဈေးလမ်းဆုံထောင့်၊ မြင်းရုပ်နဲ့မိန်းလမ်းအနီး၊ နဂါးပွတ်ကျောင်းအနီး၊ မြကန်သာ ပန်းခြံအနီး၊ အထက (၄) ကျောင်းအနီး ၊ အထက (၁) ကျောင်းအနီး၊ ဧရာဝတီ ကဖေးလမ်းဆုံ ၊ ကံကြီး ရထားသံလမ်း အစရှိတဲ့နေရာတွေမှာ ညစဉ်ညတိုင်း လည့်လည်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးရှာဖွေတာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ဒေသခံ အချို့က ဆိုပါတယ်။

ညစဉ်ညတိုင်း လူစည်ကားရာ လမ်းဆုံ လမ်းထောင့်နေရာတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပြည်သူတွေကို ရဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို ရပ်တန့်ရှာဖွေ စစ်ဆေးတာတွေကို လုံခြုံရေးအကြောင်းပြပြီး ပေါ်ပေါ်တင်တင် လုပ်ဆောင်နေကြဆဲပဲဖြစ်တယ်လို့ ဒေသခံ လူငယ်တစ်ဦး ကပြောပါတယ်။

“ အရင်က စစ်ဆေးရေးဆို ဘယ်သူမှ မလိုက်ချင်ကြဘူး၊ ညနက်တာ၊ လုံခြုံရေးအခြေအနေတွေအရကော၊ အခုက ပျော်ပျော်ကြီးကို လုပ်နေကြတာ “ လို့ အမည်မဖော်လိုသူ ရဲအရာရှိ(ဖရဲသီး) တစ်ဦး ကပြောပါတယ်။

လုံခြုံရေးအကြောင်းပြပြီးတော့ ကား၊ဆိုင်ကယ်တွေ ရပ်တန့်စစ်ဆေးမှုတွေကြောင့် မလုံခြုံသလို ခံစားနေရတယ်လို့လည်း ဒေသခံ အချို့ ကပြောပါတယ်။

“ဖြစ်နိုင်ရင် ညပိုင်းအပြင်မထွက်တာ အကောင်းဆုံးပဲ ၊ မဟုတ်ရင် တစ်မျိုးမဟုတ် တစ်မျိုး အရစ်ခံရတာ၊ ဖမ်းဆီးခံရတာတွေ ဖြစ်ပေါ်နိုင်တယ်” လို့ တောင်ကြီးဒေသခံ အသက် ၄၀အရွယ် လူလတ်ပိုင်း အမျိုးသားကြီးတစ်ဦး က သူ့အမြင်ကိုပြောပြပါတယ်။

အခုလို ညစဉ်ညတိုင်း ကင်းလည့်ကာ စစ်ဆေးရှာဖွေ မှုတွေ လုပ်ဆောင်တာဟာ စစ်ကောင်စီ ခေါင်းဆောင်ကို ဆန့်ကျင်သူတွေ နဲ့စပ်ဆက်သူတွေကိုသာ အဓိကထားပြီး လုပ်ဆောင်နေတာဖြစ်ပြီးတော့ သူခိုး လူဆိုးများကို တော့ လွတ်ကင်းစွာနဲ့ သောင်းကျန်းနေတယ်လို့လည်း ဒေသခံ အချို့က မှတ်ချက်ပြုပါတယ်။

“ ဆိုင်ကယ်တွေ ပျောက်တာ နေ့စဉ်နေ့တိုင်းပဲ ၊ဖေ့ဘွတ်ခ် (လိုင်း) ပေါ်ကြည့်ကြည့်ဗျ၊ တစ်စီးမှ ပြန်ရတာ၊ ဖမ်းမိတယ် မကြားဖူးသေးဘူး “ လို့ တောင်ကြီးဒေသခံ ဆိုင်ကယ်ပျောက်ဆုံးခဲ့သူတစ်ဦး ကပြောပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းယူခဲ့ပြီးတဲ့ တစ်နှစ်ဝန်းကျင်ကာလအတွင်း ပြည်သူများစွာ ပူဆွေးသောကတွေ ရောက်နေကြရသလို မလုံခြုံမှုဒဏ်တွေကိုလည်း ခံစားနေကြရပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေးရောဂါ အပြင် စစ်ဘေး၊အာဏာသိမ်းဘေးတွေနဲ့ စီးပွားရေးအဆင်မပြေမှုတွေ မလုံခြုံမှု ဒဏ်တွေကို မြို့နေလူတန်းစားအပြင် တောနေလူတန်းစားတွေပါ ခံစားနေကြရပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...