မိုင်းဆတ်မြို့ လူငယ် (၂)ဦး အချုပ်ခန်းမှ ခိုးထွက်မှု ဖြစ်ပွား

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ယခုလဆန်းပိုင်းက အသက် (၁၈)နှစ် မပြည့်သေးသည့် လူငယ် (၂)ဦး အချုပ်ခန်းမှ ထွက်ပြေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မိုင်းဆတ်

ထိုလူငယ် (၂)ဦးသည် ၂၀၂၁ ခုနှစ် ဇွန်လ (၅)ရက်နေ့တွင် လူငယ်အချင်းချင်းရန်ဖြစ်ရာမှ တစ်ဦး သတ်ခံလိုက်ရသဖြင့် ဖမ်းဆီးခံထားရသည့် သူများဖြစ်ပြီး ဇန်နဝါရီ (၄)ရက်တွင် အချုပ်ခန်းမှ ထွက်ပြေးလွှတ်မြောက်သွားကြောင်း သိရသည်။

“သူတို့က လူငယ်အချင်းချင်း ရန်ဖြစ်ပြီး သျှမ်းလူငယ်တစ်ဦးကို သတ်လိုက်တာ။ အသက်တော့ မပြည့်သေးဘူး။ ထောင်ထဲတော့ မထားရဘူး။ ရဲတွေက ဒီတိုင်း အချုပ်ထဲမှာ သိမ်းထားတာ။ ပြီးခဲ့တဲ့ (၄) ရက်နေ့ကတော့ အချုပ်ခန်းထဲကနေ ထွက်ပြေးသွားခဲ့တယ်လို့ သိရတယ်။ အခုချိန်ထိ ပြန်မဖမ်းမိသေးဘူးထင်တယ်” ဟု မိုင်းဆတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လူငယ်အချင်းချင်း ရန်ဖြစ်ရာတွင် (၆)ဦး ရှိခဲ့ရာ မိုင်းဆတ်ရဲစခန်းမှ ရဲများသည် အသက်မပြည့်သေးသည့် လူငယ် (၂)ဦးကိုသာ ဖမ်းမိခဲ့ပြီး ကျန် လူငယ် (၄)ဦးမှာ ယခုချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“သူတို့က အရင်ကတည်းက (၆)ယောက်လုံးကို မဖမ်းနိုင်ဘူး။ (၂)ယောက်ဘဲ ဖမ်းမိတာ။ အခုတောင် အဲဒီ (၂)ယောက် ပြန်လွှတ်သွားပြီ။ ရဲတွေလည်း အလုပ်သိပ်မလုပ်ကြဘူး။ ကျနော်တို့လူငယ် သေသွားတာ အခုချိန်ထိ မျှတမှုက မရသေးဘူး” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ထိုကိစ္စဖြင့် သေဆုံးသွားသည့် လူငယ်အတွက် တရားမျှတမှု မရရှိသေးသည့်အတွက်ကြောင့် မနက်ဖြန် ဇန်နဝါရီ (၂၅)ရက်နေ့တွင် နှစ်ဖက် မိဘ လူကြီးများနှင့် တွေ့ဆုံသွားရန်ရှိနေကြောင်း သိရသည်။

“မနက်ဖြန် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ၂ ဖက် မိဘတွေ လူကြီးတွေ ဆွေးနွေးညှိနှိုင်းဖို့ရှိတယ်။ အခုချိန်ထိတော့ တရားမျှတမှု မရသေးဘူး။ သေဆုံးသွားတဲ့ မိဘ ဘက်ကလည်း လျော်ကြေး မလိုချင်ဘူးလို့ပြောတယ်။ ဒါကြောင့် တရားမျှတမှုရအောင် လုပ်ဆောင်သွားမယ်” ဟု သျှမ်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မိုင်းဆတ်မြို့တွင် လူငယ်အချင်းချင်း မကြာခဏ ရန်ဖြစ်ပွားမှု ဖြစ်လေ့ရှိပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်ည (Happy New Year ည) တွင်လည်း လားဟူ လူငယ်နှင့် သျှမ်းလူငယ်တို့ ရန်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်တွင် စုဝေးနေထိုင်သည့် လူငယ် ၁၁ ဦးကို ဖမ်းဆီး၊ တရားမဝင် မြန်မာနိုင်ငံသား ၃ ဦး ပါဝင်

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်အတွင်း ညဉ့်နက်သန်းခေါင် စုဝေးပြီး လမ်းပေါ်တွင် ဆိုင်ကယ်ပြိုင်မောင်းရန် ပြင်ဆင်နေသည့် လူငယ်တစ်စုကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား လူငယ် ၃ ဦး အပါအဝင် စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ပြီးခဲ့သည့် ဇွန်လ...

သျှမ်းပြည် အတွင်း အသက်မပြည့်သေးသည့် လူငယ်များကြား ဘိန်းစာရွက်ရည်ခေတ်စားနေ

0
သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည် သုံးစွဲသူများပြားပြီး၊ ပေါ်ပေါ်ထင်ထင် ရောင်းချမှုများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။  စစ်အာဏာသိမ်းပြီးစ ၂၀၂၁ခုနစ် ဖေဖော်ဝါရီ နောက်ပိုင်းတွင် ဘိန်းစာရွက်ရည်သုံးစွဲမှုသည်  သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်။ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်များတွင်သာ တွေ့ရသော်လည်း လက်ရှိတွင် သျှမ်းပြည် တဝှမ်းသို့ ပျံ့နှံ့လာပြီး အသက်မပြည့်သေးသည့်သူများလည်း သုံးစွဲနေသည်။  လက်ရှိ...

ကျားဖြန့်ထောင်ချောက်ထဲကျနေတဲ့ အနာဂတ်များ

0
မိုးလေးတဖွဲဖွဲကြား မျှော်လင့်ချက်ပေါင်းများစွာနဲ့ အတွေးနယ်ချဲ့ကာ စစ်ဆေးရေးဂိတ်တွေကို တစ်ခုပြီး တစ်ခု ဖြတ်ကျော်လာခဲ့ပါတယ်။ ဆိုးရွားတဲ့လမ်းကိုဖြတ်ကျော်လာပြီး စိုင်းပန် ရဲ့ မျက်စိတစ်စုံမှာ ကြီးမားသော တိုက်တွေမြင်လာရချိန်မှာပဲ ကားရဲ့ ဘီးကလည်း ကွန်ကရစ်လမ်းမပေါ် မောင်းနှင်းကာ သွားလိုတဲ့နေရာကို ဦးတည်နေပါတယ်။ အဲ့ဒီနေရာကတော့ ထိုင်းနိုင်ငံနဲ့ သောင်းရင်းမြစ်သာခြားပြီး မြစ်နဘေးမှာ ခန်းနားထည်ဝါအောင် တည်ဆောက်ထားတဲ့ ကရင်ပြည်...

တောင်ကြီး လူငယ်များကို စစ်ကောင်စီ ဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ အတွင်း လူငယ်များဖမ်းဆီးခံရသည့် ကိစ္စများ ယခုရက်ပိုင်းအတွင်း ပိုမိုကြုံတွေ့လာရကြောင်း စုံစမ်းသိရှိရသည်။  အောက်တိုဘာလ ၃၀ ရက် ညအချိန်တွင် အဝေရာမီးပုံးပျံကွင်းသို့ရောက်ရှိနေသော လူငယ် ၂၀ ကျော်အား မူးယစ်ဆေးဝါးစစ်ဆေးသည့် အကြောင်းပြချက်ဖြင့် စစ်တပ်နှင့် ရဲများမှ ဝင်ရောက်ဖမ်းဆီးမှုများ ရှိခဲ့ကြောင်းသိရသည်။  “အဝေရာကွင်းမှာက ညညထိုင်နေတဲ့ လူငယ်အုပ်စုတွေကအမြဲရှိကြပါတယ်၊ မူးယစ်ကိစ္စလုပ်တဲ့...

မိုင်းဆတ်မြို့ ယာယီတံတား ရေတိုက်စားမှုကြောင့် ထပ်မံကျိုးကျ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့ရှိ ဆိုက်ခေါင်တံတား ရေတိုက်စားမှုကြောင့် ယာယီတံတား ထပ်မံကျိုးကျ သွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မိုးရွာသွန်းမှုကြောင့် မိုင်းဆတ်-တာချီလိတ်သွားသည့် ဆိုက်ခေါင်တံတားကျိုးကျသွားပြီး ယာယီတံတားဖြင့် ပြည်လည်တည်ဆောက်ခဲ့သည်။ ထိုယာယီတံတားသည် (အောက်တိုဘာလ ၁၇ ရက်) တွင် ထပ်မံကျိုးကျသွားကြောင်း မြို့နယ်ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ မိုင်းဆတ်မြို့ ယာယီတံတား...