တောင်ကြီး လူငယ်များကို စစ်ကောင်စီ ဖမ်းဆီးနေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ အတွင်း လူငယ်များဖမ်းဆီးခံရသည့် ကိစ္စများ ယခုရက်ပိုင်းအတွင်း ပိုမိုကြုံတွေ့လာရကြောင်း စုံစမ်းသိရှိရသည်။ 

အောက်တိုဘာလ ၃၀ ရက် ညအချိန်တွင် အဝေရာမီးပုံးပျံကွင်းသို့ရောက်ရှိနေသော လူငယ် ၂၀ ကျော်အား မူးယစ်ဆေးဝါးစစ်ဆေးသည့် အကြောင်းပြချက်ဖြင့် စစ်တပ်နှင့် ရဲများမှ ဝင်ရောက်ဖမ်းဆီးမှုများ ရှိခဲ့ကြောင်းသိရသည်။ 

“အဝေရာကွင်းမှာက ညညထိုင်နေတဲ့ လူငယ်အုပ်စုတွေကအမြဲရှိကြပါတယ်၊ မူးယစ်ကိစ္စလုပ်တဲ့ လူငယ်တွေလည်း ရှိကောင်းရှိနိုင်တာပေါ့၊ ဒါမယ့် ဒီကာလမှာ ခုလိုဖမ်းတာက စစ်မှုထမ်းခိုင်းဖို့ ကိစ္စရယ်၊ ပိုက်ဆံညစ်ချင်လို့ရယ်ဖြစ်မှာပဲ” ဟု တပ်တွင်းနှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသောလူငယ်များပြန်လည် လွတ်မြောက်ခြင်းရှိမရှိအသေးစိတ် မသိရသေးပေ။  

စစ်ကောင်စီမှ စစ်သားပြုန်းတီးမှုများကို ပြန်လည်ဖြည့်တင်းရန် မဖြစ်မနေ စစ်မှုထမ်းရမည့် ဥပဒေအား အသက်သွင်းထားသည့် ကာလဖြစ်သည့်အတွက် လူငယ်များအနေဖြင့်လည်း မိမိလုံခြုံရေးကို ဂရုပြုစေလိုကြောင်း ၎င်းကဆက်ပြောသည်။

“ဖမ်းသွားပြီးရင် ဘာဆက်ဖြစ်မလဲမသိတော့ဘူး၊ ဖမ်းခံရပြီဆိုရင်လည်း ပိုက်ဆံတတ်နိုင်တဲ့သူတွေက ပြန်လွတ်လာနိုင်ပေမယ့်၊ မတတ်နိုင်တဲ့သူတွေကတော့ စစ်မှုထမ်းထဲပါသွားနိုင်တယ်၊ အသွားအလာဂရုစိုက်စေချင်တယ်” ဟုပြောသည်။

အလားတူ အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်၍ တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်၊ ဘုရားဖြူရပ်ကွက်နှင့် စဝ်စံထွန်းရပ်ကွက်များအတွင်း ညအချိန်အပြင်ထွက်သည့် လူငယ်များဖမ်းဆီးခံမှုများရှိနေကြောင်း သိရသည်။

“လူငယ် ၂၀ လောက်၊ မြင်လိုက်တာပဲရှိတာ၊ နောက်ဆက်တွဲတော့မသိဘူး၊ ချမ်းမြ view point နားမှာ မိန်းကလေး ၂ ယောက်ပါသွားတယ်၊ အဲ့နေ့ည (အောက်တိုဘာ ၂၇)ကပဲ” ဟု မျက်မြင်တွေ့ရှိသည့် မြို့ခံတစ်ဦးကသျှမ်းသံတော်ဆင့်သို့ပြောသည်။ 

လက်ရှိတွင် စစ်ကောင်စီမှ တောင်ကြီးမြို့ပေါ်ရပ်ကွက်များအတွင်း ပြည်သူ့လုံခြုံရေးအကြောင်းပြကာ အရပ်သားပြည်သူများအား အလှည့်ကျကင်းစောင့်ခိုင်းနေပြီး ညဖက်အပြင်ထွက်သည့် လူငယ်များကိုလည်း စစ်ဆေးဖမ်းဆီးမှုများရှိလာသည်။ 

ထို့အပြင် စစ်ကောင်စီမှ ဖိအားပေးကျင်းပခိုင်းသည့် တန်ဆောင်တိုင်ပွဲတော်အား လာမည့်ရက်သတ္တပတ်အတွင်း ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယခင်ကထက်ပို၍ ဖမ်းဆီးစစ်ဆေးမှုများတင်းကြပ်လာနိုင်ကြောင်းလည်း သိရသည်။ 

စစ်ရေးအခြေအနေ ပြင်းထန်မှုမရှိသော သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့အတွင်း သျှမ်းမြောက်နှင့် ကရင်နီပြည်မှ စစ်ဘေးရှောင်များလည်း အများအပြားရောက်ရှိနေပြီး စစ်ကောင်စီမှ လိုင်စင်မဲ့ မော်တော်ယဉ်များဖမ်းဆီးနေမှုများကြောင့် စစ်ရှောင်ပြည်သူများလည်း အခက်အခဲများနှင့် ရင်ဆိုင်နေရလျက်ရှိသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...