အီးစီးကရက် တင်သွင်းရောင်းဝယ် သုံးစွဲခွင့်ပိတ်သော်လည်း အွန်လိုင်းပေါ် ရောင်းဝယ်မှုရှိနေဆဲ

သျှမ်းပြည် အပါအဝင် မြန်မာနိုင်ငံတွင် အီးစီးကရက် တင်သွင်း၊ရောင်းဝယ် သုံးစွဲခွင့် ပိတ်လိုက် သော်လည်း အွန်လိုင်းပေါ်တွင် ဆက်လက်ရောင်းဝယ်မှုများ ရှိနေကြောင်း စုံစမ်းသိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အီးစီးကရက်၊ ရှီရှား နှင့် ဆက်စပ်ပစ္စည်းတွေကို တားမြစ် ကုန်စည်အဖြစ် သတ်မှတ်လိုက်ပြီး ရောင်းဝယ် သုံးစွဲခြင်းပြုလုပ်လျှင် အရေးယူခံမည် ဖြစ်ကြောင်းကို စစ်ကော်မရှင် လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၈ ရက်)တွင် အမိန့်ထုတ်ပြန် ခဲ့သည်။

ထိုတားမြစ်မိန့် ထုတ်ပြန်လိုက်သည့်နောက် (ဖေဖော်ဝါရီလ ၂၀ ရက်)မှ စပြီး သျှမ်းပြည် တောင်ကြီးမြို့ပေါ်တွင် အီးစီးကရက်၊ Vape၊ Pod နှင့် ဆက်စပ်ပစ္စည်း ရောင်းချသည့် ဆိုင်အချို့ ပိတ်ထားကြကြောင်း တောင်ကြီးမြို့ဒေသခံ အမျိုသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တောင်ကြီးမှာတော့ တချို့ဆိုင်တွေက ပိတ်တာရက်ပိုင်းလောက်ရှိပြီး။တချို့ အဲ့အီးစီးကရက် သီးသန့်ရောင်းတဲ့ ဆိုင်တွေက စပိတ်ကြတယ်။ တခြား ကုန်စုံဆိုင်မှာ ဒီတိုင်းတင်ရောင်းတဲ့ ဆိုင်တွေတော့ မပိတ်သေးဘူး။ စစ်ကောင်စီတွေဘက်ကနေလည်း ဖမ်းတာမျိုးတော့ မတွေ့ရသေးဘူး”ဟု တောင်ကြီးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုတားမြစ်မိန့် ထုတ်ပြန်ထားသည့် အီးစီးကရက်နှင့် ဆက်စပ် ကုန်စည်တွေကို မည်သူမဆို ရောင်းဝယ် ဖြန့်ဖြူးခြင်း၊ သုံးစွဲခြင်း ပြုလုပ်လျှင် ကုန်စည် နှင့် ဝန်ဆောင်မှု ဥပဒေအရ ထောင်ဒဏ် ၆လ မှ ၃ နှစ် နှင့် ဒဏ်ငွေ ၅ သိန်းအထိ ချမှတ်နိုင်ကြောင်း စစ်ကောင်စီက သတိပေးထားကြောင်း သိရသည်။

လက်ရှိတွင် တားမြစ်ကုန်အဖြစ် ထုတ်ပြန်ထားပြီးနောက် စစ်ကောင်စီမှ ချက်ချင်း ဖမ်းဆီးအရေးယူမှု မရှိသေးကြောင်း သိရပြီ ဆိုင်များ ပိတ်ထားသော်လည်း အီးစီးကရက်များကို အွန်လိုင်းပေါ်တွင် ဆက်လက် ဝယ်ယူနေသေးကြောင်း တောင်ကြီးမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဖုန်းဆက်ပြီး ပစ္စည်းသွားယူတာ ဒါမှမဟုတ် အိမ်ထိပို့ခိုင်းတာတွေကတော့ ရနေသေးတယ်။ ဆိုင်တွေကတော့ များပါတယ်။ကုန်စုံဆိုင်နဲ့ တွဲဖွင့်တာရှိသလို၊ pod ဒီတိုင်းသီးသန့် ရောင်တဲ့ဆိုင်လည်းရှိတယ်။ဒါမဲ့ ခုတော့ ပိတ်တဲ့ ဆိုင်တွေကလည်း ပိတ်နေကြပါပြီ။”ဟု ၎င်းက ဆင်ပြောသည်။

မြန်မာနိုင်ငံတွင် အီးစီးကရက်ကို ဆေးလိပ်ဖြတ်ရန်အတွက်ဟုဆိုပြီး ၂၀၁၈ ခုနှစ်မှစကာ လူကြီး ၊ လူငယ်ကြား စတင် သုံးစွဲမှုပျံ့နှံ့ လာခဲ့ပြီး၊ ၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် အမျိုးသမီးများပါ တွင်ကျယ်စွာသုံးစွဲလာကြသည်။

“ဆေးလိပ်က အိမ်မှာသောက်လို့မရဘူး။ အိမ်ကလူကြီးတွေဆူတယ်။ Pod ကတော့ အိမ်မှာ သောက်လို့ရတယ်။ ဆေးလိပ်ဆို ပါးစပ်မှာ အနံ့ စွဲတယ်။ခုနောက်ပိုင်း ဆေးလိပ်တွေထပ် Pod တွေကို သုံးလာတာပိုများတယ်လို့ ကျမကတော့ ထင်တာပဲ”ဟု အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် တင်သွင်းရောင်းချနေကြသည့် အီးစီးကရက် ၊ Vape ၊ Pod တို့ကို တရုတ် ၊ မလေးရှား နှင့် အင်ဒိုနီးရှား စသည့် နိုင်ငံများမှ ထုတ်သည့် ထုတ်ကုန်ပစ္စည်းများဖြစ်ကြောင်း သိရသည်။

အီးစီးကရက်တွင် အသုံးပြုထားသော ဓာတုဆေးရည်တွင် နီကိုတင်း၊ နီကယ်၊ သံဖြူ၊ ခဲ စသည့် အန္တရာယ်ရှိသော သတ္တုဓာတ်တွေအပြင် ကင်ဆာဖြစ်စေနိုင်သည် ဓာတ်ပစ္စည်းများပါဝင်သဖြင့် ကျန်းမာရေးထိခိုက်စေသည်။

မြန်မာနိုင်ငံ နှင့် အိမ်နီးချင်းဖြစ်သည့် ထိုင်းနိုင်ငံတွင် အာဏာပိုင်များက အီးစီးကရက် သောက်သုံးခြင်း နှင့် ရောင်းဝယ် ဖောက်ကားခြင်းများကို တင်းကျပ်ထားသည့်အပြင် ရောင်းဝယ် သုံးစွဲခြင်းတွေ့ရှိလျှင် ဒဏ်ငွေနှင့် ဖမ်းဆီးအရေးယူမှုများကို ထိရောက်စွာလုပ်ဆောင်နေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...