Thursday, April 25, 2024

ကွတ်ခိုင် လွိုင်ဆမ်ဆစ် တောင်ခြေအနီး ပစ်ခတ်မှုသံကြားရ

Must read

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နယ် လွယ်ဆမ်ဆစ် တောင်ခြေအနီး ယနေ့ မနက် (၂)နာရီဝန်းကျင်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ကွတ်ခိုင်

ယနေ့ ဇန်နဝါရီ (၂၀)ရက် မနက် (၂)နာရီဝန်းကျင်က လက်နက်ကြီး လက်နက်ငယ်ဖြင့် အချိန်အနည်းငယ်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း လွယ်ဆမ်စစ်အနီး နေထိုင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၂ ဘက် ပစ်ခတ်သံတော့ ခဏကြားရတယ်။ နောက်ပိုင်း လက်နက်ကြီးနဲ့ တစ်ဘက် ပစ်သံပဲ ကြားရတော့တယ်။ ဘယ်အဖွဲ့တွေဖြစ်လဲတော့ မသိရဘူး။ လမ်းမကြီးဘေးတွေပဲ ဖြစ်မယ်ထင်တယ်” ဟု ကွတ်ခိုင်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ယမန်နေ့ စစ်ကောင်စီ စစ်ကြောင်း လူအင်အား (၅၀)ခန့်သည် ထိုပစ်ခတ်မှု ဖြစ်ပွားသည့်နေရာအနီးတွင် စခန်း လာရောက် ချထားကြောင်းလည်း သိရသည်။

“ဒီအနီးနားမှာက TNLA နဲ့ KIA တို့ရှိတယ်။ အဲ့ဒီအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာလားတော့ မသိဘူး။ အသေးစိတ် အချက်လက်တော့ ကျနော်တို့လဲ မသိရဘူး” ဟု ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

ကွက်ခိုင်မြို့နယ်အတွင်း တအာင်းတပ်မတော် (TNLA)၊ ကချင်တပ်မတော် (KIA)နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ လှုပ်ရှားရာ နယ်မြေဖြစ်ပြီး မကြာခဏ စစ်ကောင်စီနှင့် တိုက်ပွဲများလည်း ဖြစ်ပွားခဲ့ကြသည်။

Leave a Comments

- Advertisement -spot_img

Latest article