Saturday, April 20, 2024

နမ့်ခမ်းမြို့ထဲ စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်

Must read

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း ညအချိန်တွင် စစ်ကောင်စီများက လက်နက်ငယ်ဖြင့် ရမ်းသမ်းပစ်ခတ်မှု များ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

နမ့်ခမ်း

ယမန်နေ့ (ဇန်နဝါရီ ၁၉)ရက် ည (၈)နာရီဝန်းကျင်တွင် စစ်ကောင်စီများက နမ့်ခမ်းမြို့တွင်း၌ လက်နက်ငယ်ဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“မနေ့ညတော့ ကြားလိုက်တယ်။ ၁၀ ချက်လောက်တော့ ရှိမယ်ထင်တယ်။ နောက်မှ စစ်ကောင်စီ က ရမ်းသမ်းပစ်တယ်လို့တော့ သိရတယ်။ ဘာကြောင့် ပစ်တာလဲတော့ ကျနော်တို့လည်း မသိရဘူး။ မြို့တွင်းထဲဘဲ ပစ်တာ” ဟု နမ့်ခမ်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ရပ်ကွက် (၂) နောင်စန့်ကုန်းရှိ မီးသတ်ရုံးတွင်လည်း စစ်ကောင်စီက (၃)ချက်ထက်မနည်း ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၅)ရက်နေ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် စစ်ကောင်စီ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတို့က ထို မီးသတ်ရုံးတွင် စခန်းချထားလျက်ရှိကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ ၅ ရက်နေ့ နောင်စန့်ကုန်းရပ်ကွက်တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ကလေးငယ် (၃)ဦးအပါဝင် (၆)ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article