တရုတ်နိုင်ငံတွင်းသို့ ပို့ဆောင်မည့် ကွမ်းလုံ ပဲသီးများ ယခုနှစ် အရှုံးပေါ်

ကိုဗစ်ဒဏ်၊ စစ်အာဏာသိမ်းမှုဒဏ်နှင့် တရုတ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ထားမှုကြောင့် သျှမ်းမြောက် ကွမ်းလုံမြို့မှ ပဲသီးသည်များ အရှုံးပေါ်နေကြောင်း စုံစမ်းသိရသည်။

ကွမ်းလုံံ

သျှမ်းမြောက် ကွမ်းလုံမြို့သည် တရုတ်နယ်စပ်မြို့ဖြစ်ပြီး ထိုဒေသမှ ပဲသီးစိုက်ပျိုးသူများသည် တရုတ်ပြည် စျေးကွက်တစ်ခုတည်းကိုသာ အားကိုးရသဖြင့် ယခုနှစ်မှာ နယ်စပ်ဂိတ်များ ပိတ်ထားမှုကြောင့် ပဲသီးစိုက်ပျိုးသူများ အရှုံးပေါ်သည့်အဆင့်ထိ ဖြစ်ပွားခဲ့ရကြောင်း သတင်းရရှိသည်။

“အကုန်ရှုံးတယ်။ တရုတ်ကလည်း လမ်းမဖွင့်ပေးတော့ မရောင်းရဘူး။ ဒီတိုင်းထားရတာ။ တချို့ဆို အပင်ပေါ်မှာဘဲ ပဲသီးတွေ သေကုန်ပြီ။ တချို့ဆို စိုက်ပြီး ပြန်ဖျက်စီးလိုက်ရတာလည်း ရှိတယ်။ အပင်ပေါ်မှာပဲ သေသွားတာကို ကြည့်နေရတော့တယ်။ ဘာမှ မရောင်းရဘူး။ အကုန်ရှုံးတယ်” ဟု ကွမ်းလုံမြို့ ပဲသီးခြံပိုင်ရှင် ပါ့ပေါင်းက ပြောသည်။

ယခုနှစ်မှ ပဲသီးကို စတင်စိုက်ပျိုးသူများသည်လည်း အရှုံးများစွာပေါ်နေကြောင်း သိရသည်။ ထို့အပြင် ပဲသီးကို စိုက်ပျိုးရာတွင်လည်း အရင်းများစွာ အသုံးပြုရကြောင်း စိုင်းယွတ်က ပြောသည်။

ပဲသီးစိုက်ခင်း

“ကျနော်က ဒီနှစ်မှ စပြီးစိုက်တာ။ အရင်းက သိန်း ၂၀ လောက်ရှိတယ်။ ဒါတောင် ကျနော် ၁ ဧကအပြည့်မစိုက်ဘူး။ စိုက်ပြီးတော့ အခု မရောင်းရတော့ဘူး။ ကျနော်တို့လည်း အကုန်ရှုံးတယ်။ မြို့ထဲသွားရောင်းတော့လည်း ဘယ်သူမှ မဝယ်ဘူးလေ။ အိမ်တိုင်းမှာလည်းရှိတယ်” ဟု စိုင်းယွတ်က ပြောသည်။

ယခင် တရုတ်နိုင်ငံဘက် နယ်စပ်တံတား ဖွင့်ချိန်တွင် တစ်နှစ်လျှင် ပဲသီးရောင်းရငွေ ကျပ်သိန်း (၃၀)ခန့် အမြတ် ရရှိကြောင်း သိရသည်။

သို့သော် ယခုနှစ်တွင် ကိုဗစ် – ၁၉ ကာလနှင့်အတူ နိုင်ငံရေးရှုပ်ထွေးမှုကြောင့် အမြတ်မရသည့်အပြင် အရှုံးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

“အရင်နှစ်တွေကတော့ ကျမတို့ တရုတ်ငွေ ယွမ် (၃)သောင်းလောက် ရကြတယ်။ မြန်မာငွေဆို သိန်း(၃၀) လောက်ရတယ်လေ။ ဒီနှစ်တော့ ဘာမှ မရတော့ဘူး။ ပဲတွေလည်း ပျက်စီးသွားပြီ” ဟု ပါ့ပေါင်းက ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး ရှုပ်ထွေးမှုနှင့် ကိုဗစ် – ၁၉ ရောဂါ ပျံ့နှံ့မှု၊ တရုတ်နိုင်ငံတွင် နယ်စပ်ဂိတ်ကို ပိတ်ထားမှုတို့ကြောင့် မြန်မာနိုင်ငံတွင်းရှိ စိုက်ပျိုးရေးသမားများ အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။

အလားတူ ဖရဲသီးခြံပိုင်ရှင်များလည်း တရုတ်နိုင်ငံတွင်း ပို့ဆောင်မရသောကြောင့် အရှုံးပေါ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...