Wednesday, May 1, 2024

ကွမ်းလုံ

လောက်ကိုင်-ကွမ်းလုံ-သိန္နီလမ်းမှ ဆိုင်ကယ်ဖြင့် စစ်ဘေးရှောင်လာသူများ လားရှိုးမြို့သို့ ဝင်ခွင့်မရ

သျှမ်းပြည် လောက်ကိုင်မြို့မှ ဆိုင်ကယ်ဖြင့် နေရပ်ပြန်လာသည့် စစ်ဘေးရှောင်များသည် လောက်ကိုင်-ချင်းရွှေဟော်-ကွမ်းလုံ-သိန္နီလမ်းမှတဆင့် လားရှိုးမြို့သို့ ရောက်ရှိလာရာ မြို့တွင်းသို့ ဝင်ခွင့်မရကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ ၂၆ ရက်မှစ၍ လောက်ကိုင်မြို့မှ ထွက်ခွာသည့် ထောင်နှင့်ချီသည့် နေရပ်ပြန် စစ်ဘေးရှောင်များတွင် ပါစင်ကျော်ကျေးရွာမှ ချင်းရွှေဟော်-ကွမ်းလုံ-သိန္နီ လမ်းမကြီးအတိုင်း ဆိုင်ကယ်ဖြင့် နေရပ်ပြန်သူများအထဲမှ ၄၀၀...

ကွမ်းလုံမြို့သိမ်းတိုက်ပွဲ ဓနု PDF ရဲဘော် နှစ်ဦး ကျဆုံးခဲ့ပြီး၊ နှစ်ဦး ထိခိုက် ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ကွမ်းလုံမြို့ မြို့သိမ်းတိုက်ပွဲတွင် ဓနု PDF ရဲဘော် ၂ ဦး ကျဆုံးပြီး၊ ၃ ဦးထိဒဏ်ရာ ရရှိခဲ့ကြောင်း ၁၀၀၃ တပ်ရင်း ဓနုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံမှ သိရသည်။ သျှမ်းပြည် ကွမ်းလုံမြို့ နိုဝင်ဘာလ ၁၀ ရက် စခန်းကုန်းတိုက်ပွဲကို အမှတ် ၁၀၀၃...

ကွမ်းလုံမြို့ပေါ် ပြည်သူများကို မြို့မှထွက်ခွာရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ သတိပေး

သျှမ်းပြည် ကွမ်းလုံမြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများကို မြို့မှထွက်ခွာရန် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ သတိပေးလာကြောင်း စုံစမ်းသိရသည်။ ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်)က ကွမ်းလုံမြို့တွင် တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး ကွမ်းလုံမြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများကို မြို့မှထွက်ခွာရန်...

သိန္နီ – ကွမ်းလုံကြား ယာဉ်တိမ်းမှောက် လိုက်ပါသူ ၃ ဦး သေ ၁ ဦး ဒဏ်ရာရ

သျှမ်းပြည် လားရှိုးခရိုင် သိန္နီမြို့နယ် နှင့် ကွမ်းလုံမြို့နယ်ကြား ပြည်ထောင်စု လမ်းမကြီးပေါ် နောင်မောင်းကျေးရွာမှ ဖြစ်ပွားသည့် ယာဉ်မတော်တဆ တိုက်မှုတွင် လိုက်ပါလာသူ လူ ၃ ဉီး သေဆုံးသွားပြီး ၁ ဉီး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရှိရပါသည်။ ယမန်နေ့ ဇွန်လ ၂၆ ရက်...

ကွမ်းလုံ – ချင်းရွှေဟော် သွားသည့် လမ်းကြောင်း၌ ကုန်တင် ကားသမားများ ပျောက်ဆုံးနေ

သျှမ်းပြည် လားရှိုးခရိုင်၊ ကွမ်းလုံမြို့ (ဝဵင်းၵုၼ်လူင်) နှင့် မြန်မာ - တရုတ် နယ်စပ်ဂိတ် ချင်းရွှေဟော်တို့ သွားသည့် လမ်းကြောင်း ၌ ကုန်တင်ကားသမားများ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၆ နှင့် ၁၇ ရက်တို့တွင် ကွမ်းလုံမြို့နယ်၊ ဟိုလီကျေးရွာအုပ်စု ဖာဆန်ကျေးရွာ...

တရုတ်နိုင်ငံတွင်းသို့ ပို့ဆောင်မည့် ကွမ်းလုံ ပဲသီးများ ယခုနှစ် အရှုံးပေါ်

ကိုဗစ်ဒဏ်၊ စစ်အာဏာသိမ်းမှုဒဏ်နှင့် တရုတ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ထားမှုကြောင့် သျှမ်းမြောက် ကွမ်းလုံမြို့မှ ပဲသီးသည်များ အရှုံးပေါ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းမြောက် ကွမ်းလုံမြို့သည် တရုတ်နယ်စပ်မြို့ဖြစ်ပြီး ထိုဒေသမှ ပဲသီးစိုက်ပျိုးသူများသည် တရုတ်ပြည် စျေးကွက်တစ်ခုတည်းကိုသာ အားကိုးရသဖြင့် ယခုနှစ်မှာ နယ်စပ်ဂိတ်များ ပိတ်ထားမှုကြောင့် ပဲသီးစိုက်ပျိုးသူများ အရှုံးပေါ်သည့်အဆင့်ထိ ဖြစ်ပွားခဲ့ရကြောင်း သတင်းရရှိသည်။ “အကုန်ရှုံးတယ်။...

Latest news