ကွမ်းလုံမြို့သိမ်းတိုက်ပွဲ ဓနု PDF ရဲဘော် နှစ်ဦး ကျဆုံးခဲ့ပြီး၊ နှစ်ဦး ထိခိုက် ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ကွမ်းလုံမြို့ မြို့သိမ်းတိုက်ပွဲတွင် ဓနု PDF ရဲဘော် ၂ ဦး ကျဆုံးပြီး၊ ၃ ဦးထိဒဏ်ရာ ရရှိခဲ့ကြောင်း ၁၀၀၃ တပ်ရင်း ဓနုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံမှ သိရသည်။

ဓနု PDF

သျှမ်းပြည် ကွမ်းလုံမြို့ နိုဝင်ဘာလ ၁၀ ရက် စခန်းကုန်းတိုက်ပွဲကို အမှတ် ၁၀၀၃ ဓနုPDF တပ်ရင်း တို့သည် MNDAA အဖွဲ့နှင့်အတူ တိုက်ပွဲဝင်ခဲ့ပြီး ရဲဘော် မုန်တိုင်း(ခ) စိုးမိုးထွန်း နှင့် ရဲဘော် အောင်ပြူး (ခ) သိန်းထိုက်စိုးတို့ တိုက်ပွဲအတွင်း ကျဆုံးခဲ့ပြီး ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၁၀၀၃ တပ်ရင်း ဓနုအခြေစိုက် ပြည်သူ့ ကာကွယ်ရေး တပ်မတော်က နိုဝင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဓနု ရဲဘော်တို့သည် ကျဆုံးသွားသည့် ရဲဘော်တို့ကို အလေးနီပြု ဦးညွတ်ပြီး၊ ဓနုအခြေစိုက်ပြည်သူ့ ကာကွယ်ရေးတပ်မတော်မှ အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းကာ စစ်ကောင်စီနှင့် အပေါင်းအပါတွေကို အမြစ်ပြတ်သည်အထိ တိုက်ထုတ်သွားမယ်ဖြစ်ကြောင်းဆိုခဲ့သည်။

ဓနု PDF ရဲဘော်များတို့သည် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ဦးဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးတွင် MNDAA ကွပ်ကဲမှုအောက်မှ မြေပြင်တိုက်ခိုက်ရေးအဖွဲ့ နှင့် ဝေဟင်တိုက်ခိုက်ရေး(ဒရုန်း)အဖွဲ့ အဖြစ်ပါဝင်ပြီး၊ မြေပြင် ဝေဟင် လက်တွေ့စစ်ပညာကိုများကို သင်ယူလေ့လာကာ တိုက်ပွဲဝင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား ပါသည်။

၁၀၀၃ တပ်ရင်း အခြေစိုက်ရာဒေသဖြစ်သည့် သျှမ်းပြည် ရွာငံဒေသရှိ လူငယ်များသည် အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်ရန် လွတ်မြောက်နယ်မြေအသီးသီးကို ရောက်ရှိခဲ့ကြောင်း၊ တပ်ရင်းရှိ ရဲဘော်များသည် စစ်ရေးလှုပ်ရှားမှုများတွင် တိုက်ပွဲတွေဝင်ပြီး အတွေ့အကြုံများယူပြီး ဒေသအတွင်းတွင်လည်း ပျောက်ကြားစနစ်ဖြင့် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...