ကွမ်းလုံ – ချင်းရွှေဟော် သွားသည့် လမ်းကြောင်း၌ ကုန်တင် ကားသမားများ ပျောက်ဆုံးနေ

သျှမ်းပြည် လားရှိုးခရိုင်၊ ကွမ်းလုံမြို့ (ဝဵင်းၵုၼ်လူင်) နှင့် မြန်မာ – တရုတ် နယ်စပ်ဂိတ် ချင်းရွှေဟော်တို့ သွားသည့် လမ်းကြောင်း ၌ ကုန်တင်ကားသမားများ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။

ဖာဆန်ရွာ

ပြီးခဲ့သည့် ဇွန်လ ၁၆ နှင့် ၁၇ ရက်တို့တွင် ကွမ်းလုံမြို့နယ်၊ ဟိုလီကျေးရွာအုပ်စု ဖာဆန်ကျေးရွာ အနီးပတ်ဝန်းကျင်၌ ၁၂ ဘီးကုန်တင်ကား ၂ စီး မောင်းသူ နှစ်ဦး ယာဥ်နောက်လိုက် ၃ ဦးတို့သည် အဆက်အသွယ်မရ ပျောက်ဆုံးသွားကြောင်း စုံစမ်း သိရသည်။

“၁၆ ရက်နေ့မှာ နမ့်စလပ်ကနေ ချင်းရွှေဟော်ဘက်ကို ကုန်တင်သွားဖို့ တခြားကားတွေနဲ့ ရှေ့ဆင့်နောက်ဆင့် အတူတူ ထွက်သွားကြတာ၊ ဖာဆန်ကျေးရွာ အနီးမှာ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုက ကားရှေ့က လာတားပြီး ဖမ်းခေါ်သွားကြတဲ့ သတင်းတွေ ကြားရတယ်၊ ဒါက အဲ့ဘက်လမ်းကြောင်း သွားလာတဲ့ ကားသမားတွေ ပြောတာပါ” ဟု ပျောက်ဆုံးသူ နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ဇွန်လ ၁၇ ရက်တွင်လည်း ချင်းရွှေဟော်ဘက်မှ တစ်ဆင့် ဘိလပ်မြေများ တင်ဆောင်လာသည့် ကားတစ်စီး နှင့် ၁၂ ဘီးကုန်တင်ကား တစ်စီးတို့သည်လည်း အဆိုပါ အနီးပတ်ဝန်းကျင်တွင် ပျောက်ဆုံးသွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ လမ်းကြောင်း တစ်လျောက်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA ) တို့က သွားလာလှုပ်ရှား နေကြောင်း သိရသည်။

“လက်နက်ကိုင်တပ်ဖွဲ့တွေပဲ ဖမ်းသွားမလားပေါ့၊ အခုက ကားတွေရော၊ လူတွေရော ပျောက်သွားတာ၊ တချို့က ကိုယ်ပိုင်ကားမဟုတ်တဲ့ အငှားနဲ့ မောင်းတာလည်း ရှိတယ်၊ သူတို့ မိသားစုဝင်တွေကလည်း တအားစိတ်ပူနေကြ တယ်။ တချို့က လူပျောက်တိုင်ချက်ဖွင့်တယ်၊ တချို့ကလည်း လိုက်ရှာနေတာ ရှိတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်တွင်လည်း သိန္နီမြို့ နှင့် ကွမ်းလုံမြို့ သွားသည့် ကားလမ်း၌ ဘိလပ်မြေတင်လာသည့် ၁၂ ဘီးကား တစ်စီးသည် မီးရှို့ဖျက်ဆီးခံထားရပြီး၊ ကားသမားပါ ပျောက်နေသည်မှာ ယနေ့အထိ ဖြစ်ကြောင်း ဒေသတွင်း ကားသမားများထံမှ သိရသည်။

သျှမ်းပြည် မြောက်ပိုင်းတစ်လျောက်တွင် အခွန်ကောက် ဆက်ကြေးတောင်းသည့် လက်နက်ကိုင် အဖွဲ့အစည်းများ စုံလင်ပေါများလှသော်လည်း ကုန်တင်ကားများ ပစ်ခတ်ခံရခြင်း၊ မီးရှို့ဖျက်ဆီးခံရခြင်းတို့က မကြာခဏ ဖြစ်လေ့ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မတ်လ ဆန်းပိုင်းတွင်လည်း အဆိုပါလမ်းတွင် ၁၂ ဘီး ကုန်တင်ကား ၂ စီး မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး ယနေ့အထိ မည်သည့် တပ်ဖွဲ့က လုပ်ဆောင်ခဲ့သည်ကို မသိရသေးပေ။

အဆိုပါ လမ်းပိုင်း တစ်လျှောက်တွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့အပြင် စစ်ကောင်စီတပ်တွေနဲ့ သိန္နီ PDF တို့လည်း စစ်ရေးလှုပ်ရှားလျက်ရှိပြီး အခွန်များ ကောက်ခံနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ချင်းရွှေဟော်နယ်စပ်တွင် ဂိတ်သစ် တိုးချဲ့နေ

0
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဟောင်းကို ပြန်လည်ပြုပြင်ချဲ့ထွင်နေပြီး ဂိတ်သစ်တစ်ခုကိုလည်း မကြာမီဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဂိတ်ဟောင်းကို ကုန်တင်ကားကြီးများ အဆင်ပြေစွာ သွားလာနိုင်ရန် ကွင်းပြင်ပုံစံ တိုးချဲ့နေပြီး ခြံစည်းရိုးအသစ်များကိုလည်း ပြန်လည်တည်ဆောက်နေကြောင်း “ဝ”ဒေသတွင်း မီဒီယာတစ်ခုဖြစ်သော Wa News Land...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...