Wednesday, January 28, 2026

သိန္နီ – ကွမ်းလုံကြား ယာဉ်တိမ်းမှောက် လိုက်ပါသူ ၃ ဦး သေ ၁ ဦး ဒဏ်ရာရ

သျှမ်းပြည် လားရှိုးခရိုင် သိန္နီမြို့နယ် နှင့် ကွမ်းလုံမြို့နယ်ကြား ပြည်ထောင်စု လမ်းမကြီးပေါ် နောင်မောင်းကျေးရွာမှ ဖြစ်ပွားသည့် ယာဉ်မတော်တဆ တိုက်မှုတွင် လိုက်ပါလာသူ လူ ၃ ဉီး သေဆုံးသွားပြီး ၁ ဉီး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရှိရပါသည်။

ယာဥ်တိမ်းမှောက်မှု

ယမန်နေ့ ဇွန်လ ၂၆ ရက် နေ့လည် ၁၁ နာရီအချိန်၊ သိန္နီ နှင့် ကွမ်းလုံကြား ပြည်ထောင်စုလမ်းမ နောင်မောင်းရွာတွင် အိမ်စီးကား တစ်စီးမှ မီးတိုင်ဝင်တိုက်မိပြီး ကားပေါ်လိုက်ပါလာသူ ၂ ဉီး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကျန် ၂ ဦးသည် သိန္နီပြည်သူ့ဆေးရုံသို့ သယ်ဆောင်စဉ် လမ်းမှာ အမျိုးသမီးတစ်ဦး ထပ်မံ သေဆုံးသွားသည်။

“သူတို့တွေက ချင်းပြည်နယ်ဘက်ကော၊ ကလေးမြို့နယ် ဘက်ကကော၊ နောက်တစ်ယောက်က လားရှိုးက နဲ့ ကွတ်ခိုင်မြို့နယ်ဘက်က သူတို့က ဘယ်သွားမှာလဲတော့ မသိဘူး။ ဒါမဲ့ ကွမ်းလုံဖက် တက်တဲ့ကားဗျ သူတို့ကတော့ ‘ဝ’ နယ် ပန်ဆန်း သွားမယ်လို့တော့ ပြောတယ်’’ ဟု အနှိုင်းမဲ့ကုသိုလ် လူမှုကူညီရေး အသင်း(သိန္နီမြို့) က တာဝန်ရှိပုဂ္ဂိုလ်တစ်ဉီးက ပြောသည်။

လက်ရှိတွင် သေဆုံးသူများကို သိန္နီပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး ကျန်ရှိသူတစ်ဉီးက ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရပါသည်။

ဒီမိုကရေစီအသွင်ပြောင်း အစိုးရခေတ်က သိန္နီ – ကွမ်းလုံ လမ်းပိုင်းအား လမ်းဆောက်လုပ်ရေး ကုမ္ပဏီမှ နိုင်လွန်ကတ္တရာလမ်းအဖြစ် တာဝန်ယူ ပြုပြင် ဆောက်လုပ်ပြီးနောက်ပိုင်း လမ်းပိုကောင်းလာသည့်အတွက် အရှိန်လွန်ကားများ မကြာခဏ တိမ်းမှောက်မှု ဖြစ်ပွားလေ့ရှိသည်။

ထို့အတူ နောင်ချို – ရပ်စောက် လမ်းပိုင်းတွင်လည်း ဇွန်လ ၁၄ ရက်နေ့ က ပြောင်းဖူး ကုန်တင်ကား တစ်စီး သရက်ကုန်းကျေးရွာ အနီး တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားသည့်အတွက် လူတစ်ဉီးသေဆုံးပြီး တစ်ဉီးဒဏ်ရာရရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့ တရုတ်ကျောင်းဆရာမကို မုဒိမ်းကျင့်သတ်ဖြတ်သူအပါ ရာဇဝတ်မှုကျူးလွန်သူ (၇) ဦး သေဒဏ်ချမှတ်

0
သျှမ်းပြည် သိန္နိမြို့နယ် စယ်အူကျေးရွာအုပ်စု မန်ပန်ရွာရှိ တရုတ်ကျောင်းဆရာမတစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်သူအပါအဝင် ရာဇဝတ်မှုကျူးလွန်သူ (၇) ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အများပြည်သူရှေ့ သေဒဏ်ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၇ နာရီတွင် ကိုးကန့်တပ်ဖွဲ့ MNDAA...

MNDAA ထိန်းချုပ် သိန္နီမြို့နယ်တွင် တရုတ်ကျောင်းဆရာမတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရ

0
သျှမ်းပြည် သိန္နီမြို့နယ် စယ်အူကျေးရွာအုပ်စု မန်ပန်ရွာတွင် တရုတ်ကျောင်းဆရာမတစ်ဦး မုဒိမ်းကျင့်ခံရပြီး သတ်ဖြတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်တွင် အဆိုပါ မုဒိမ်းကျင့် သတ်ဖြတ်ခံရသူမှာ စယ်အူကျေးရွာအုပ်စု မန်ပန်ရွာရှိ တရုတ်ကျောင်း၌ စာသင်ပေးနေသည့် အသက် (၅၀) နှစ်ခန့်အရွယ် Wu Yin...

သိန္နီမြို့တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆေးရုံသစ် တည်ဆောက်နေပြီး MNDAA တပ်မဆုတ်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့မှ ကိုးကန့်တပ်ဖွဲ့ MNDAA ဆုတ်ခွာမည်မဟုတ်ဘဲ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆေးရုံနှင့် ဈေးဝယ်စင်တာ တည်ဆောက်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၂၉ ရက် နံနက် ၉ နာရီခွဲတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ ရပ်ကွက်(၁) ဈေးတန်းရပ်ရှိ သိန္နီမြို့မဈေးနေရာ၌ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆေးရုံနှင့်...

သိန္နီတွင် MNDAA တပ်သားနှင့် အကြည့်ချင်းဆုံရာမှ လူငယ် ၄ ဦး ဖမ်းဆီးရိုက်နှက်ခံရ

0
သျှမ်းပြည် သိန္နီမြို့တွင် ကိုးကန့်တပ် MNDAA ၏ တပ်သားများ အရက်သောက်နေစဉ် လူငယ်များနှင့် စကားများရန်ဖြစ်ပြီး လူငယ် ၄ ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇွန်လ ၁၆ ရက် ည ၉ နာရီခွဲခန့်တွင် သိန္နီမြို့ ရပ်ကွက် (၃) အတွင်းရှိ...

သိန္နီမြို့ MNDAA မှ တပ်သားသစ်စုဆောင်းရာတွင် အမျိုးသမီးများပါ စာရင်းကောက်နေ

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ် MNDAA မှ တပ်သားသစ် စုဆောင်းရာတွင် အမျိုးသမီးများကိုပါခေါ်ယူရန် စာရင်းကောက်ယူနေကြောင်း သတင်းရရှိသည်။ သိန္နီမြို့နယ်မှ ကိုးကန့်တပ် MNDAA တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေသည့်ကြားက ယမန်နေ့ (ဇွန်လ ၁၅ )ရက်တွင် MNDAA မှ ဒေသခံများကိုအစည်းအဝေးခေါ်ယူပြီး မြို့တွင်းလုံခြုံရေးအတွက် တပ်သားသစ်အဖြစ် စစ်မှုထမ်းစုဆောင်းပေးရန်...