ကွမ်းလုံမြို့ပေါ် ပြည်သူများကို မြို့မှထွက်ခွာရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ သတိပေး

သျှမ်းပြည် ကွမ်းလုံမြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများကို မြို့မှထွက်ခွာရန် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ သတိပေးလာကြောင်း စုံစမ်းသိရသည်။

ကွမ်းလုံ နေအိမ် ကျည်ထိမှန်

ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်)က ကွမ်းလုံမြို့တွင် တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး ကွမ်းလုံမြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများကို မြို့မှထွက်ခွာရန် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ သတိပေးလာကြောင်း ကွမ်းလုံမြို့နယ် ဒေသခံများက ပြောသည်။

“ကွမ်းလုံမြို့ပေါ်မှာက စစ်ကောင်စီတပ်တွေအများကြီးရှိတော့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထိုးစစ်ဆင်ပြီး တိုက်နေတာ။ အဲ့ဒါကြောင့် သူတို့က မြို့ထဲကလူတွေကို အကုန်ရွှေ့ခိုင်းတာ။ ညီနောင်မဟာမိတ်တွေက ဒရုန်းနဲ့ မြို့ထဲကို ဗုံးကြဲတာ။ မြို့ထဲမှာကို ချနေကြပြီ။ မြို့ပေါ်ကလူတွေလဲ အကုန်လုံး ကြောက်လန့်နေကြပြီး ညီနောင်မဟာမိတ်တပ်ဖွဲ့တွေကလည်း ပြည်သူတွေ ရှောင်ကြဖို့ ပြောလာတယ်။ မနေ့တုန်းက နေ့လယ်လောက်က စပြီး မြို့ပေါ်ကလူတွေ ရွှေ့ကုန်ကြပြီ”ဟု ကွမ်းလုံမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၂ ရက်) ၁၁ နာရီခန့်တွင် ကွမ်းလုံအနောက်ဘက် တောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်ဟု The Kokang က သတင်းထုတ်ပြန်ထားသည်။

ကွမ်းလုံ MNDAA

“မနေ့က တစ်နေကုန် တိုက်ပွဲဖြစ်တယ်။ မြို့ထဲက တချို့လူတွေလည်း နမ့်ဟူးဘက်ကို ရှောင်လာကြပြီ။ နမ့်ဟူးနဲ့ကွမ်းလုံမြို့က ၉ မိုင်လောက်ပဲ ဝေးတယ်ဆိုပေမယ့် တပ်တွေလည်းမရှိတော့ အခုထိ ဘာမှမဖြစ်သေးဘူး။ တချို့ပြည်သူတွေလဲ “ဝ”နယ်ဘက်က နမ့်တစ်မြို့ဘက်ကို ပြေးကုန်ကြပြီ။ တိုက်ပွဲကြောင့် နေအိမ်တွေထိခိုက်တာ ရှိတယ်။ အကုန်လုံး မြို့ထဲကနေ ရှောင်ကုန်ကြပြီ။ ကွမ်းလုံမြို့ထဲမှာ မနေရဲကြတော့ဘူး”ဟု ကွမ်းလုံဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွမ်းလုံ MNDAA

လက်ရှိအချိန်အထိ ကွမ်းလုံမြို့ ဟိုလီနှင့် တံတားဦးတို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ကွမ်းလုံမြို့ ဒေသခံများသည် ချင်းရွှေဟော်မြို့၏ အရှေ့တောင်ဘက်ခြမ်းရှိ “ဝ”နယ်မြေတစ်ခုဖြစ်သည့် နမ့်တစ်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း ကွမ်းလုံမြို့ ကာမိုင်းဒေသရှိ ခြေလျင်တပ်ရင်း ခလရ-၁၄၃ မှ စစ်ကောင်စီတပ်သား ၄၁ ဦး လက်နက်ချ အလင်းဝင်ပြီး လက်နက်ခဲယမ်းနှင့် ရိက္ခာများပါ သိမ်းဆည်းရမိသည်ဟု ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ပြန်ကြားရေး The Kokang မီဒီယာက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

တော်လှန်ရေးလမ်းစဉ်မှသည် တရုတ်အလိုတော်ရိဆီသို့ – MNDAA ၏ အာဏာစက်အောက်မှ သျှမ်းပြည်မြောက်ပိုင်း၏ နိုင်ငံရေးနှင့် လူမှုစီးပွားအကျပ်အတည်း

0
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အဖြစ် တရားဝင်ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတရေးပါတီ (MNTJP) အောက်တွင် လှုပ်ရှားနေသော ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သည် မူလက မြန်မာ့စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ရည်သန်သည့် တော်လှန်ရေးအင်အားစုတရပ်အဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းလျက် ၎င်းတို့၏ အစောပိုင်း ဟောပြောစည်းရုံးမှုများတွင် အမျိုးသားလွတ်မြောက်ရေးကို အလေးပေးဖော်ပြခဲ့သည်။ သို့သော်လည်း ၎င်းတို့၏...