တောင်ကြီး ဗိုလ်ချုပ်ပန်းခြံ တိုက်ခန်းနေ ပင်စင်စားများ အေးသာယာသို့ ပြောင်းရွှေ့ရန် ဖိအားပေးခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း ဘေးပတ်ပတ်လည်တွင် ဆောက်လုပ်ထားသည့် တိုက်ခန်းနေပင်စင်စားများကို ဖိအားပေးကာ အေးသာယာဘက်သို့ ပြောင်းရွှေ့ရန် အတင်းလက်မှတ်ထိုးခိုင်းနေကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၉ ရက်)တွင် စစ်တပ်လက်အောက်ခံ သျှမ်းပြည်နယ် အစိုးရအဖွဲ့မှ တိုက်ခန်းများ၊ ဆိုင်ခန်းများတွင် နေထိုင်သူများကို နေရာပြောင်းရွှေ့ပေးရန် ဆွေးနွေးခဲ့ကြပြီး ဆိုင်ခန်းနေသူများကို တောင်ကြီးမြို့ မီးပုံးပျံကွင်း ဘေးရှိ တိုက်ခန်း သို့ ပြောင်းရွှေ့ခိုင်းပြီး ပင်စင်စားများကို အေးသာယာသို့ ပြောင်းရွှေ့ခိုင်းခဲ့သည်။

အဆိုပါ ပင်စင်စားများ ပြောင်းရွှေ့ရမည့် အေးသာယာမှ မင်းကျန်စစ် အိမ်ယာသည် လူသူမနေသည့် အိမ်ယာဖြစ်သည့်အပြင် တစ်လလျှင် ငွေကျပ် သုံးသောင်း ပေးသွင်းရမည် ဖြစ်ပြီး အမည်ပေါက်စာရင်း၊ ငှားရမ်းခွင့်များ မရရှိဟု သိရသည်။

“တရားမျှတမှု ရချင်တယ်၊ ပင်စင်စားတွေကို အရေးမပါတော့လို့ ချောင်ကြားထဲ ပို့လိုက်သလိုပဲ။ ပြောင်းခိုင်းရင် မျှမျှတတ လုပ်ပေးတာ မဟုတ်ဘူး၊ မြို့ပေါ်ဆို အကုန်မြို့ပေါ် ပြောင်းခိုင်းတာ မဟုတ်ဘူး။ ပြောင်းရွှေ့ဖို့ မနေ့က စာရွက်မှာ လက်မှတ်ထိုးခိုင်းတာ မထိုးခဲ့ဘူး”ဟု တောင်ကြီးမြို့ခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အေးသာယာမြို့ရှိ မင်းကျန်စစ် အိမ်ယာမှ အခန်းတစ်ခန်း သို့မဟုတ် အေးသာယာမှ မြေကွက်ယူမည် ဆိုပါက ငွေကျပ်သိန်း ငါးဆယ် အရင်ပေးသွင်းရမည် ဖြစ်ပြီး တစ်ခုမျှ မယူဘဲ လက်မှတ်မထိုးပါက ကိုယ့်တာဝန် ကိုယ်ယူရမည်ဟု သျှမ်းပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ပြောသွားကြောင်း သိရသည်။

အဆိုပါ လူနေတိုက်ခန်းများသည် လွန်ခဲ့သည့် နှစ်ပေါင်း (၂၀) ကတည်းက ဆောက်လုပ် နေထိုင်ခဲ့သော နေရာဖြစ်ပြီး တိုက်ခန်းပေါင်း ၁၆၀ ကျော်နှင့် ဆိုင်ခန်းပေါင်း ၁၀၇ ခန်းရှိသည်။

ထိုသို့ တိုက်ခန်းနေသူများကို အေးသာယာဘက်သို့ ပို့ဆောင်သောကြောင့် ပင်စင်စားများအနေဖြင့် အသနားခံစာ တင်လျှင်လည်း ရတော့မည် မဟုတ်သောကြောင့် ရွေးချယ်စရာမရှိသည့် အခြေအနေသို့ ရောက်ရှိနေကြသည်။

“ပင်စင်ယူထားတဲ့သူဆို အပေါ်ကနေ အောက်ကိုတောင် မဆင်းနိုင်တဲ့ သူတွေလည်း ရှိတယ်၊ အဲဒါကို ဘယ်သူမှ မနေတဲ့ နေရာကို ရွှေ့ခိုင်းတယ်ဆိုတော့ မတရားဘူးလေ။ ဆိုင်ခန်းသမားတွေက အဆင်ပြေပေမယ့် ပင်စင်စားတွေဘက်က ဘယ်သူမှ မရှိဘူးလေ၊ မပြောင်းလည်း သူတို့က ကန်ချနေတာ။ သူတို့ခေတ်ဆိုတော့ လုပ်ချင်ရာလုပ်နေတာ”ဟု အဆိုပါတိုက်ခန်းတွင် နေထိုင်သည့် ပင်စင်စားအမျိုးသမီးတစ်ဦးက ပြောသည်။

လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် တိုက်ခန်းများ၊ ဈေးဆိုင်ခန်းများကို စက်ယန္တရား အသုံးပြုပြီး အင်အားသုံး ဖြိုချတော့မည်ဟု သိရသည်။

ဈေးဆိုင်ခန်း၊ တိုက်ခန်းများနေရာတွင် နိုင်ငံတကာ အဆင့်မီအားကစား ကွင်း၊ အားကစားရုံနှင့် ရေကူးကန်၊ လူငယ်ရေးရာ စင်တာ များ တည်ဆောက်သွားမည်ဟု အကြောင်းပြပြီး ဈေးဆိုင်ခန်းများကို အတင်းအဓမ္မ ဖယ်ရှားခိုင်းခဲ့သည်။

အဆိုပါ ဈေးဆိုင်၊ တိုက်ခန်းများ ဖယ်ရှားပေးရန် အကြောင်းကြားစာကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် လည်းကောင်း၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင်လည်းကောင်း၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ စသဖြင့် သုံးကြိမ်တိုင်တိုင် အသိပေးထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...