မိုင်းရှူးမြို့နယ် ဒေသခံ (၁၀)ဦးကျော်ကို SSPP က ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် ဝမ်ဆော့ကျေးရွာအုပ်စု ဝမ်စန်းကျေးရွာ ဒေသခံ (၁၀)ဦးကျော်ကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

ထိုဒေသခံ (၁၀)ဦးကျော်ကို SSPP က စစ်ကောက်ရန်အတွက် လာခေါ်စဉ် မလိုက်သွားသောကြောင့် အတင်းလာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“လာဖမ်းခေါ်သွားတာ (၁၀)ကျော်တယ်။ (၂၀)နီးပါးလောက်တောင် ရှိမယ်ထင်တယ်။ သူတို့ စစ်လာကောက်တာ။ မလိုက်သွားတော့ အတင်းဖမ်းခေါ်သွားတာ။ SSPP ရဲ့ တပ်မဟာ (၁)က လာဖမ်းသွားတာ” ဟု ဝမ်စန်းကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည့် အချိန်တွင် ရိုက်နှက်မှုများလည်းရှိကြောင်း ဝမ်စန်းကျေးရွာ ဒေသခံ အမျိုးသားက ပြောသည်။

SSPP ဘက်မှ မကြာခဏ စစ်သားလာကောက်သဖြင့် လက်ရှိတွင် ဒေသခံ တချို့ က ထွက်ပြေးတိမ်းရှောင်
နေလျက်ရှိကြောင်း သတင်းရရှိသည်။

“သူတို့ လာဖမ်းသွားတုန်းက ရိုက်နှက်တာတွေရှိတယ်။ မလိုက်လို့ဆိုပြီး ရိုက်တာ။ ပြီးတော့ အသက် (၁၈) မပြည့်သေးတဲ့ ကလေးတွေကိုလည်း ခေါ်သွားတယ်။ အခုဆို ရွာမှာ ဘယ်သူမှ သိပ်မရှိတော့ဘူး။ ကျနော်လည်း အခုဆို ထွက်ပြေးနေတာ။ ရွာ မနေရဲဘူး။ တခြားနေရာမှာ ထွက်ပြေးလာလိုက်ပြီ” ဟု ၎င်းအမျိုးသားက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က “ကျနော်တို့ မသိထားရဘူး။ ကျနော်ပြန်မေးပေးကြည့်မယ်။ အဲလိုမျိုးလုပ်တာတော့ ကျနော်တို့ မကြားရဘူး” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

ဝမ်စန်းကျေးရွာသည် အိမ်ခြေ (၄၅)အိမ်ခန့်သာရှိပြီး အများစုမှာ တအာင်းလူမျိုးများ နေထိုင်လျက်ရှိကြောင်း သိရသည်။

သျှမ်းပြည်တောင်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်များမှ အရပ်သားပြည်သူများကို စစ်သားသစ်ကောက်ယူမှု ယခင်ကထက် များလာကြောင်းလည်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ထိုစစ်သားကောက်ယူမှုနှင့် ပတ်သက်ပြီး လက်နက်ကိုင်တပ်ဖွဲ့တိုင်းတွင် တနှစ်တကြိမ်ကောက်ယူရန် ပေါ်လစီရှိထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...