တိုက်ပွဲရပ်တန့်၊နိုင်ရေး ဆွေးနွေးအဖြေရှာဖို့ သျှမ်းတပ် (၂)တပ် အပြန်အလှန် တံခါးဖွင့်ပေးထားကြ

သျှမ်းပြည်တွင်း နေ့စဉ်ရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး နိုင်ငံရေး ဆွေးနွေးအဖြေရှာမည့် တံခါးကို အစဉ်အမြဲ ဖွင့်လှစ်ထားကြောင်း သျှမ်းတပ်(၂)တပ်က အပြန်အလှန် ပြောဆိုလိုက်သည်။

သို့ပေမယ့် လက်ရှိအချိန်ထိ သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ် နှင့် သျှမ်းတောင် မိုင်းကိုင်မြို့နယ်အတွင်း နေ့စဉ်ဆက်တိုက် တိုက်ပွဲများက ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ထိုတိုက်ပွဲများကြောင့် စစ်ဘေးရှောင် ထောင်ချီသည် လယ်ယာနှင့် နေအိမ် စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြရသည်။

ထိုတိုက်ပွဲနှင့် ပတ်သက်ပြီး “ဒီကနေ့ရဲ့ နိုင်ငံရေး ဆွေးနွေးမယ့် တံခါးကို ကျနော်တို့ အမြဲတမ်း ဖွင့်ထားပါတယ်။ ဒါက အာစီ အဖွဲ့ပဲ မဟုတ်ဘူး၊ နိုင်ငံရေး ပါတီတွေလည်းကောင်း၊ ဆရာတော် သံဃာတော် အဖွဲ့တွေလည်းကောင်း၊ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတဲ့ သူတိုင်းကို ကျနော်တို့ဘက်က အမြဲတမ်း တံခါးဖွင့် ကြိုဆိုပါတယ်” ဟု SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန် က ပြောသည်။

သို့သော် တိုက်ပွဲ အမြန်ဆုံး အဆုံးသတ်ရန်၊ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာဖို့ ကြိုးစားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဆွေးနွေးမှုများ အရာမရောက်ခဲ့ကြောင်းလည်း သိရသည်။

“ကျနော်တို့ ဆန္ဒအရလည်း ငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးပြီး ပြဿနာတွေကို ဖြေရှင်းချင်တယ် ပြီးဆုံးချင်ပါတယ်။ ဒါကိုလည်း အစဉ်အမြဲ လုပ်ဆောင်လာခဲ့တယ်။ ဒါပေမယ့် တချို့အကြောင်းအရာတွေက ဒီလို ဖြေရှင်းလို့ မရခဲ့လို့ တခြားနည်း သုံးခဲ့ရတယ်။ ဒါကလည်း စစ်ရေးနည်းလမ်း တစ်မျိုးပေါ့၊ ဒါကို ကျနော်တို့ ပြည်သူလူထုတွေ နားလည်စေချင်ပါတယ်” ဟု ဗိုလ်မှူး စိုင်းဖုန်းဟန် က ဆက်ပြောသည်။

တွေ့ဆုံဆွေးနွေးပြီး အဖြေရှာရန် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) ဘက်မှလည်း အဆင်သင့် ရှိနေကြောင်း၊ သို့သော် ပြည်သူများ မျှော်လင့်သလို ဖြစ်မလာခဲ့ကြောင်း ဗိုလ်မှူး စိုင်းခမ်းစံ က ထပ်လောင်းပြောသည်။

“တွေ့ဆုံဆွေးနွေးဖို့က ကျနော်တို့ ဘက်ကလည်း အဆင်သင့်ဖြစ်ပါတယ်။ အရင်ကလည်း ပြောဖူးပါတယ်။ ဒါပေမယ့် မဖြစ်လာခဲ့ဘူး။ လက်ရှိက တိုက်ပွဲတွေသာ ပိုပြီး ကျယ်ပြန့်လာတယ်” ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲနှင့် သီပေါကြားတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်နေ့မှ စပြီး သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု ဖြစ်သည့် TNLA ၊ SSPP/SSA ပူးပေါင်းတပ်တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထိုတိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး တပ်ပေါင်းစု ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ကြောင်း RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ က ဆိုသည်။

“ကျောက်မဲ နဲ့ သီပေါကြား ကျင်သီတံတား အနီးနားတဝိုက် ကျောက်မဲမြို့အနားထိ ကျနော်တို့ တပ်ဖွဲ့ လှုပ်ရှားသွားလာတာတွေ ရှိတယ်၊ အဲ့နားကို TNLA ၊ SSPP တွေ ထိုးစစ်ဆင်လာပြီး ကျနော်တို့ တပ်ဖွဲ့နဲ့ တွေ့လို့ တိုက်ပွဲတွေ ဖြစ်နေရတာပါ။ သူတို့တွေ လာတိုက်တော့ ကျနော်တို့ဘက်ကလည်း ကာကွယ်ရတာပေါ့” ဟု ဗိုလ်မှူး ခမ်းစံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် သျှမ်းမြောက် ကျောက်မဲနှင့် သီပေါမြို့နယ်တို့အပြင် သျှမ်းတောင် မိုင်းကိုင်မြို့နယ်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်အချင်းချင်း စစ်ရေးတင်းမာမှု ရှိနေပြီး ဒေသခံပြည်သူများ မိုင်းကိုင်မြို့ပေါ်အပြင် လဲချားမြို့နယ်အထိ စစ်ဘေးတိမ်းရှောင်နေကြရသည်။

ထိုစစ်ဘေးရှောင်ပြည်သူများမှ တိုက်ပွဲအမြန်ဆုံး ရပ်တန့်ပေးရန် တောင်းဆိုမှုများလည်း ပြုလုပ်ခဲ့ကြသည်။

“ဒါကတော့ ကျနော်တို့ဘက်ကလည်း တိုက်ပွဲ အရမ်းဖြစ်ချင်လွန်းလို့ ဖြစ်နေတာတော့ မဟုတ်ဘူး၊ တိုက်ပွဲဖြစ်ပြီဆိုရင် ဆုံးရှုံးမှုက နှစ်ဖက်စလုံးပဲလေ၊ ဒီ တိုက်ပွဲကို ဘယ်သူတွေ စခဲ့တာလဲပေါ့၊ ပြီးတော့ ဘယ်သူက အဆုံးသတ်မှာလဲ” ဟု SSPP/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန် က ဆိုသည်။

ပြည်သူများ ဒုက္ခကြုံတွေ့ခံစားနေရသည်ကို ကိုယ်ချင်းစာကြောင်း၊ ပြည်သူများ၏ဘဝကို ပြန်လည်တည်ဆောက် ပေးသွားမည်ဖြစ်ကြောင်းလည်း ဗိုလ်မှူး စိုင်းဖုန်းဟန် က ပြောဆိုလိုက်သည်။

လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေမှုနှင့်ပတ်သက်ပြီး ထိုးစစ်ဆင်နေမှုကိုသာ ရပ်တန့်လိုက်မည်ဆိုပါက တိုက်ပွဲများ ဆက်ဖြစ်နေမည်မဟုတ်ကြောင်း RCSS က ပြောသည်။

“တိုက်ပွဲတွေ ရပ်တန့်ဖို့က တဘက်ကနေ ထိုးစစ် မဆင်လာဘူး ဆိုရင်တော့ တိုက်ပွဲက ဖြစ်မှာ မဟုတ်ဘူး။ တိုက်ပွဲ ငြိမ်မှာပါ။ သူတို့ဘက်က ထိုးစစ်ဆင်နေတဲ့အပေါ်မှာ မူတည်ပါတယ်” ဟု RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ က ဆိုသည်။

ယခုရက်ပိုင်းတွင် ကျောက်မဲ နှင့် သီပေါ မြို့နယ်ကြား မန္တလေး – မူဆယ် ပြည်ထောင်စုလမ်းမကြီး အနီးဖြစ်သည့် ကျင်သီချောင်း တောင်ဘက် တကြောကစပြီး နမ့်အွန်၊ ပိန်းမ္မန၊ ကြံခင်း၊ နောင်အန်း၊ ချောင်းချောက်၊ ဗူးခါး၊ နားခေါ်၊ ကျောက်မဲမြို့အဝင် တိုးဂိတ်အနီးရှိ ပန်ဟုတ်ကျေးရွာနားအထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲကြောင့် သီပေါမြို့နယ် ကျင်သီကျေးရွာအုပ်စုနှင့် အနီးတဝိုက်တွင် နေထိုင်သည့် ပြည်သူများသည် ဘော်ကြိုဘုန်းကြီးကျောင်းတွင်လည်းကောင်း၊ ကျောက်မဲမြို့နယ် နားပြိန်းကျေးရွာအုပ်စု၊ ကောင်းဟုန်း၊ လွယ်ဆာ၊ နောင်လျန်နှင့် အနီးနားတဝိုက် ကျေးရွာများမှ ဒေသခံ ပြည်သူများသည် ကျောက်မဲမြို့ပေါ်ရှိ နမ့်စစ်လင်းကျောင်းတိုက်နှင့် ဆွေမျိုးများအိမ်တွင် စစ်ဘေးရှောင်ခိုလှုံနေရကြောင်း သိရသည်။

ယမန်နေ့ (ဇန်နဝါရီ ၁၇) ညပိုင်းတွင်လည်း ကျောက်မဲ – သီပေါ ကြားရှိ ဗူးခါးကျေးရွာအနီးတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ဆက်လက် ပစ်ခတ် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...