သီပေါမြို့စစ်ရှောင်များ တိုင်းရင်းသားအချင်းချင်းဖြစ်ပွားနေသည့် တိုက်ပွဲ ရပ်တန့်ပေးရန်တောင်းဆို
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် စစ်ဘေးရှောင် (၃၀၀)ကျော်က တိုက်ပွဲကို အမြန်ဆုံးရပ်တန့်ပေးရန်အတွက် တောင်းဆိုလိုက်သည်။ သီပေါမြို့နယ် နားမွန်ကျေးရွာ၊ ကုန်နေကျေးရွာတွင် မြောက်ပိုင်းမဟာမိတ် နှင့် RCSS/SSA တို့ တိုက်ပွဲကြောင့် ဒေသခံများက အိုးအိမ်ကို စွန့်ခွာပြီး ထွက်ပြေးလာရကြောင်း၊ လက်ရှိတွင် စိုက်ပျိုးရေး ရိတ်သိမ်းချိန်ဖြစ်သောကြောင့် တိုက်ပွဲကို အမြန်ဆုံး ရပ်တန့်ပေးရန်အတွက်...
လွိုင်လင်ရောက် ကရင်နီ စစ်ရှောင် (၂၀၀)ခန့်ရှိ
SHAN -
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့တွင် ကရင်နီပြည်မှ ထွက်ပြေးလာသည့် စစ်ရှောင် (၂၀၀)ခန့် ရောက်ရှိထားကြောင်း စုံစမ်းသိရှိရသည်။ ထိုစစ်ရှောင်များသည် လွိုင်လင်မြို့ရှိ အာစီ ခရစ်ယာန်ကျောင်းတွင် (၇၀)ဦး၊ နှစ်ခြင်း ခရစ်ယာန် ကျောင်းတွင် (၁၁)ဦး၊ ရပ်ကွက်တွင်းရှိ နေအိမ်တွင် (၁၀၀)ကျော်ခန့်ရှိပြီး ဆွေမျိုး မိတ်ဆွေ နေအိမ်များတွင်လည်း ရှိထားကြောင်း သိရှိရသည်။ “တချို့အိမ်တွေဆို...
စစ်ရှောင်ပစ္စည်းများပို့ရန်အတွက် ကားများ ရှာရခက်
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်မှ ပင်လောင်းမြို့၊ ဆီဆိုင်မြို့၊ ဟိုပုံးမြို့၊ အောင်ပန်းမြို့ နှင့် တခြားမြို့ များရှိ စစ်ရှောင်များအတွက် ပစ္စည်းများပို့ရန် ကားများ ရှာရခက်နေကြောင်း သတင်းသိရသည်။ “လမ်းမှာ စစ်ကောင်စီတပ်သားတွေက အရမ်းစစ်ပါတယ်၊ စစ်ရှောင်ကို ကူညီဖို့သွားတာ အစစ်ခံရပြီဆိုရင် တချို့ဂိတ်တွေမှာက ကျားအဝတ်ထုပ်တွေဆို ပေးမသယ်စေချင်တာမျိုး၊ မသယ်ခိုင်းတာမျိုးတွေ ကြုံရလွန်းလို့လေ”...
နေ့စဉ်ရက်ဆက် တိုက်ပွဲကြောင့် ကျောက်မဲဒေသခံ ရာကျော် ထပ်မံထွက်ပြေးနေရ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့် ဒေသခံ ရာကျော် ထပ်မံထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သတင်း သိရသည်။ ကျောက်မဲနှင့် သီပေါ မြို့နယ်အစပ်ရှိ ချောင်းချောက်၊ နောင်အန်ကျေးရွာပတ်ဝန်းကျင် မန္တလေး - မူးဆယ် ပြည်ထောင်စုလမ်းမကြီး အနီးတွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း...
ကျောက်မဲမြို့တွင်း စစ်ကောင်စီမှ သေနတ်ပစ်ခတ်နေ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့ ယမန်နေ့ (ဇန်နဝါရီ ၁၄) ရက် ညပိုင်းတွင် ဆိုင်ကယ်စီးလာသူကို သေနတ်ဖြင့် ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း သတင်းသိရသည်။ ထိုပစ်ခတ်မှုသည် ည ၈ နာရီဝန်းကျင်တွင် ကျောက်မဲမြို့ ရပ်ကွက် (၈) ထုံးဖိုရပ်၊ အထက ၁ ကျောင်းနှင့် ကွန်ဖြူးရှပ်ကျောင်းအနီးတို့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း...
မိုင်းဆတ်မြို့အတွင်း သူခိုးသောင်းကျန်း ဒေသခံများ လှည့်ကင်းစောင့်ရ
SHAN -
သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေသဖြင့် ဒေသခံများ စုဖွဲ့ကာ အလှည့်ကျ ကင်းစောင့်ရကြောင်း သတင်းရရှိသည်။ မိုင်းဆတ်မြို့မှ ဝိန်းဝိုင်၊ ဝိန်းကောင်း၊ ဝိန်းနေ ရပ်ကွက်တို့မှ ဒေသခံတို့သည် သူခိုးရန်မှကာကွယ်ရန်အတွက် အမျိုးသားများသည် အိမ်ထောင်စုအလှည့်ကျ ရပ်ကွက်ကင်းလှည့်ရကြောင်း မိုင်းဖြတ်မြို့မှ လူငယ် အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို...
တရုတ်နိုင်ငံသို့ ပို့မရသည့် ဖရဲသီးများ လမ်းဘေးချရောင်းနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ကျင်ဆန်ကျော့တွင် ပိတ်မိနေပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်မရသည့် ဖရဲသီးများကို လမ်းဘေးတွင် ဈေးသက်သက်သာသာဖြင့် ရောင်းချနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ တရုတ်နိုင်ငံတွင်းသို့ ပို့ဆောင်မရသော ဖရဲသီးများကို ဒီဇင်ဘာ ပထမ အပတ်က စပြီး ကျင်ဆန်ကျော့ လမ်းမကြီးဘေးတွင်ရောင်းချနေကြောင်း သိရသည်။ “ဒီတိုင်းရောင်းနေတာတော့ ကြာနေပြီ။ ဒီဇင်ဘာ ပထမ အပတ်ကတည်းက...
တာချီလိတ် မြို့မရဲစခန်း ဝန်ထမ်းအိမ်ယာအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် မြို့မရဲစခန်းအနီးတွင် ယနေ့ (ဇန်နဝါရီ ၁၄)ရက် မနက် ၁၁ နာရီ ဝန်းကျင်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ မနက် (၁၁)နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် မြို့မရဲစခန်း အနောက်ဘက် ဝန်ထမ်းအိမ်ယာ အနီးတွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း...
ကရင်နီ သံဃာ အပါး (၄၀)ကျော် တောင်ကြီးမြို့သို့ စစ်ရှောင်ရောက်ရှိလာ
အာဏာသိမ်း စစ်ကောင်စီတို့ ပြင်းထန်စွာ ထိုးစစ်ဆင်နေသည့် ကရင်နီပြည် (ကယား)ရှိ ပုဗ္ဗာရုံ ပရိယတ္တိစာသင်တိုက် မှ သံဃာ တော် အပါး (၄၀)ကျော်သည် တောင်ကြီးမြို့ရှိ ဝေဠုဝန်ကျောင်းတိုက်သို့ စစ်ရှောင်ရောက်ရှိလာကြောင်း သတင်းသိရသည်။ “လွိုင်ကော်မြို့ထဲနဲ့ ဒီ့ပြင် ကျောင်းတော်တော်များများကိုလည်း လက်နက်ကြီးတွေ သေနတ်တွေလာမှန်တော့ ဦးဇင်းတို့လည်း ရှောင်ထွက်လာရတာပါ၊...
သျှမ်းတောင်ရောက် စစ်ရှောင် ၃သောင်းနီးပါးရှိ
ကရင်နီ (ကယား)ပြည်အတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် ကရင်နီ ပြည်မှ သျှမ်းတောင်သို့ ထွက်ပြေးလာသည့် စစ်ရှောင် စုစုပေါင်း (၃) သောင်း နီးပါးရှိကြောင်း စုံစမ်းသိရသည်။ လက်ရှိ စစ်ရှောင်များသည် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊...






