နေ့စဉ်ရက်ဆက် တိုက်ပွဲကြောင့် ကျောက်မဲဒေသခံ ရာကျော် ထပ်မံထွက်ပြေးနေရ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့် ဒေသခံ ရာကျော် ထပ်မံထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သတင်း သိရသည်။

ကျောက်မဲနှင့် သီပေါ မြို့နယ်အစပ်ရှိ ချောင်းချောက်၊ နောင်အန်ကျေးရွာပတ်ဝန်းကျင် မန္တလေး – မူးဆယ် ပြည်ထောင်စုလမ်းမကြီး အနီးတွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ထွက်ပြေးလာတာ ဒီနေ့နဲ့ဆို ၃ ရက်ရှိပြီ၊ ဘယ်လိုပြောရမလဲကို မသိတော့ဘူး၊ ကြောက်တယ်လေနော့၊ မိသားစုလိုက် ထွက်ပြေးလာတာ၊ တချို့က ဆိုင်ကယ်နဲ့ပဲ ထွက်လာကြတယ်၊ လမ်းလျှောက်လာတာ လည်းရှိတယ်၊ ရွာမှာ အိမ်စောင့်တချို့ပဲ ကျန်တယ်” ဟု လွယ်ဆာကျေးရွာမှ နမ့်စစ်လင်းကျောင်းတိုက်တွင် လာရောက်ခိုလှုံနေသူ စစ်ရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့ပေါ်ရှိ နမ့်စစ်လင်း ကျောင်းတိုက်တွင် စစ်ရှောင် ၁၀၀ ကျော် ရောက်ရှိခိုလှုံနေပြီး စားနပ်ရိက္ခာများ လိုအပ်နေသေးကြောင်း ကျောင်းထိုင်ဆရာတော်ထံမှ သိရသည်။

ထိုစစ်ဘေးရှောင်များမှာ နားပြိန်းကျေးရွာအုပ်စု၊ ကောင်းဟုန်း၊ လွယ်ဆာ၊ နောင်လျန်ကျေးရွာ ဒေသခံများ ဖြစ်ကြကြောင်း သိရသည်။

ထို့အပြင် ရပ်ကွက်များအတွင်း အိမ်ငှားလိုက်ရှာပြီး နေထိုင်သူများလည်း နေ့စဉ်ရှိနေကြောင်း ဒေသခံများက ပြောသည်။

“နားခေါ်ဘက်က အမျိုးတွေ အိမ်မှာ လာနေရတယ်၊ ရွာမှာ မနေရဲဘူး၊ တိုက်ပွဲနဲ့ နီးလို့ ဒီမှာပဲ လာနေကြတာ၊ တစ်ပတ်လောက်ကို ရှိနေပြီ၊ ခုထိ မပြန်ရဲသေးဘူး၊ ရပ်ကွက်ထဲမှာလည်း အိမ်ငှားလိုက်ရှာတဲ့သူတွေ နေ့တိုင်းကို ရှိနေတယ်၊ စစ်ရှောင်လာတဲ့သူလို့ ပြောတယ်” ဟု နမ့်တုံရပ်မှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

နမ့်စစ်လင်းကျောင်းတိုက် အပြင် နောင်ပိန်ကျေးရွာအုပ်စု၊ မြို့ပေါ်အခြားရပ်ကွက်နှင့် ဆွေမျိုးအိမ်တို့တွင်လည်း ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်ပြည်သူ ရာချီရှိနေကြောင်း သိရသည်။

ကျောက်မဲနှင့်သီပေါမြို့နယ် အစပ်ဖြစ်သည့် ဗူးခါး၊ ချောင်းချောက်၊ နောင်အန်၊ နောင်မွန်၊ ပိန်းမ္မန ကျေးရွာအနီးတို့တွင် ယမန်နေ့အထိ တိုင်းရင်းသားလက်နက်ကိုင်တပ် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်။

နေ့စဉ်ရက်ဆက်ဖြစ်ပွားသည့် ထိုတိုက်ပွဲကြောင့် လွယ်ဆာ၊ နောင်လျန်၊ နားပြိန်း၊ ကောင်းဟုန်း၊ နားပုံ နှင့် အနီးနားကျေးရွာတို့မှ ဒေသခံပြည်သူများ ထပ်မံထွက်ပြေးတိမ်းရှောင်ဖို့ ပြင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်မှ စပြီး ကျောက်မဲ – သီပေါ မြို့နယ် အစပ်တွင် ဖြစ်ပွားခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲကြောင့် သီပေါ ဘော်ကြိုဘုရားကြီးကျောင်းတွင်လည်း စစ်ဘေးရှောင် (၃၀၀) ကျော် ရောက်ရှိခိုလှုံနေရသည်။

တိုက်ပွဲများ အမြန်ဆုံး ရပ်တန့်ပေးရန် စစ်ဘေးရှောင်ပြည်သူများ၊ သံဃာတော်များ၊ ဒေသခံတို့မှ အကြိမ်ကြိမ် မေတ္တာရပ်ခံ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသော်လည်း တိုင်းရင်းသားအချင်းချင်း တိုက်ပွဲဖြစ်ပွားမှုက ရပ်တန့်နိုင်ချင်း မရှိသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...