ကရင်နီ သံဃာ အပါး (၄၀)ကျော် တောင်ကြီးမြို့သို့ စစ်ရှောင်ရောက်ရှိလာ

အာဏာသိမ်း စစ်ကောင်စီတို့ ပြင်းထန်စွာ ထိုးစစ်ဆင်နေသည့် ကရင်နီပြည် (ကယား)ရှိ ပုဗ္ဗာရုံ ပရိယတ္တိစာသင်တိုက် မှ သံဃာ တော် အပါး (၄၀)ကျော်သည် တောင်ကြီးမြို့ရှိ ဝေဠုဝန်ကျောင်းတိုက်သို့ စစ်ရှောင်ရောက်ရှိလာကြောင်း သတင်းသိရသည်။

ကရင်နီ ပုပ္ပပါရုံကျောင်းမှ သံဃာ အပါး (၄၀)ကျော် တောင်ကြီးမြို့သို့ စစ်ရှောင်ရောက်ရှိလာ

“လွိုင်ကော်မြို့ထဲနဲ့ ဒီ့ပြင် ကျောင်းတော်တော်များများကိုလည်း လက်နက်ကြီးတွေ သေနတ်တွေလာမှန်တော့ ဦးဇင်းတို့လည်း ရှောင်ထွက်လာရတာပါ၊ ဦးဇင်းတို့ထွက်လာပြီး နောက်တစ်နေ့မှာ ကျောင်းကို လက်နက်ကြီး လာမှန်သွားတယ်၊ ကံကောင်းတယ်ပြောရမယ်” ဟု ဝေဠုဝန်ကျောင်းတိုက်သို့ ရောက်ရှိလာသည့် ဦးဇင်းတစ်ပါး က သျှမ်းသံတော်ဆင့်ကို မိန့်သည်။

လက်ရှိ ဝေဠုဝန်ကျောင်းတိုက်သို့ ရောက်ရှိနေသည့် စစ်ရှောင်သံဃာတော်များမှာ ကျောင်းထိုင်ဆရာတော်ကြီး တစ်ပါး အပါအဝင် ဦးဇင်း (၈)ပါးနှင့် ကိုရင် အပါး ၄၀ ခန့် ရှိကြောင်း ဝေဠုဝန်ကျောင်းတိုက်မှ ဦးဇင်း တစ်ပါးက သျှမ်းသံတော်ဆင့်ကို မိန့်သည်။

ကရင်နီ ပုပ္ပပါရုံကျောင်းမှ သံဃာ အပါး (၄၀)ကျော် တောင်ကြီးမြို့သို့ စစ်ရှောင်ရောက်ရှိလာ

“ဦးဇင်းတို့ သွားကြိုခဲ့ပါတယ်၊ ဒီဘက်ကားနဲ့ အဲ့ဘက် (ကရင်နီ)က ကားတွေ လိုက်ပို့တာလည်းပါတယ်၊ ပုပ္ပပါရုံ ကျောင်းက သံဃာတွေအားလုံး ဦးဇင်းတို့ ဝေဠုဝန်ကျောင်းတိုက်မှာ လက်ခံထားပါတယ်၊ စုစုပေါင်း ၅၀ ရှိတယ်” ဟု ဝေဠုဝန်ကျောင်းတိုက်မှ ဦးဇင်းက မိန့်သည်။

ယခုအချိန်သည် ကိုရင်လေးများ စာစစ်သည့်အချိန်လည်း နီးကပ်လာသည့်အပြင် အိမ်ပြန်ပို့ရန် အခက်ခဲရှိနေသည့်အတွက် ဝေဠုဝန်ကျောင်းတိုက်တွင် လက်ခံထားခြင်းဖြစ်ကြောင်း သိရသည်။

ကရင်နီ ပုပ္ပပါရုံကျောင်းမှ သံဃာ အပါး (၄၀)ကျော် တောင်ကြီးမြို့သို့ စစ်ရှောင်ရောက်ရှိလာ

“သိပ်မကြာခင်မှာ ကိုရင်လေးတွေအတွက် သံဃာတွေအတွက် စာစစ်တာက ရှိတော့မယ်လေ၊ အဲ့ကြောင့် ကိုရင်လေးတွေကို အိမ်ပြန်ခိုင်းရင်လည်း သင်ထားတဲ့ ပညာတွေ နှမြောလို့၊ အဲ့ကြောင့် ဒီမှာပဲ အားလုံးကို လက်ခံထားပါတယ်” ဟု ဝေဠုဝန်ကျောင်းတိုက်မှ ဦးဇင်းတစ်ပါးက သျှမ်းသံတော်ဆင့်ကို မိန့်သည်။

စစ်ကောင်စီတို့ အကြမ်းဖက် ထိုးစစ်ဆင်နေမှုကြောင့် ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်းတွင် ပြည်သူ့နေ အိမ်များ၊ ဘာသာရေး အဆောက်အအုံများ၊ ဈေးဆိုင်များနှင့် ဘုန်းကြီးကျောင်းများ အပါအဝင် အဆောက်အအုံများစွာ ထိခိုက်ပျက်စီးရပြီး သံဃာတော်များ အပါအဝင် ပြည်သူတဝက်ကျော် နေရပ်စွန့်ခွာကာ စစ်ဘေးဒဏ်မှ တိမ်းရှောင်ထွက်ပြေးနေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...