Friday, April 19, 2024

သီပေါမြို့စစ်ရှောင်များ တိုင်းရင်းသားအချင်းချင်းဖြစ်ပွားနေသည့် တိုက်ပွဲ ရပ်တန့်ပေးရန်တောင်းဆို

Must read

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် စစ်ဘေးရှောင် (၃၀၀)ကျော်က တိုက်ပွဲကို အမြန်ဆုံးရပ်တန့်ပေးရန်အတွက် တောင်းဆိုလိုက်သည်။

သီပေါ​မြို့နယ် နားမွန်ကျေးရွာ၊ ကုန်နေကျေးရွာတွင် မြောက်ပိုင်းမဟာမိတ် နှင့် RCSS/SSA တို့ တိုက်ပွဲကြောင့် ဒေသခံများက အိုးအိမ်ကို စွန့်ခွာပြီး ထွက်ပြေးလာရကြောင်း၊ လက်ရှိတွင် စိုက်ပျိုးရေး ရိတ်သိမ်းချိန်ဖြစ်သောကြောင့် တိုက်ပွဲကို အမြန်ဆုံး ရပ်တန့်ပေးရန်အတွက် စစ်ရှောင်များက တောင်းဆိုလိုက်ကြောင်း သိရသည်။

“အခုချိန်က ပြောင်းဖူးတွေ ချိုးတဲ့ အချိန်လေ။ ပြောင်းဖူးတွေကို ယူတဲ့အချိန်၊ တချို့က ပြောင်းဖူးတွေကို အကုန်မယူရသေးဘူး။ ကျမတို့တော့ အကုန်ယူပြီးပြီဆိုပေမဲ့ တချို့တွေက မယူရသေးဘူး။ အခုစစ်ရှောင်ထဲကဆို ခပ်များများက ပြောင်းဖူးကို မချိုးရသေးဘူး” ဟု စစ်ရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် တိုက်ပွဲကြောင့် ရုတ်တရက် ထွက်ပြေးလာရသဖြင့် အိမ်တွင် ကျန်ရှိနေသည့် အိမ်မွေးတိရစ္ဆာန် ကျွဲ၊ နွား၊ ကြက်၊ ဝက်များကို စိတ်ပူနေရကြောင်း စစ်ရှောင်များက ပြောသည်။

“ကျွဲ၊ နွား တွေကိုလည်း ဒီတိုင်းဘဲ ပြစ်ထားပြီး ထွက်ပြေးလာခဲ့တာ။ သူတို့ကိုလည်း စိတ်ပူတယ်။ တစ်ခုခုဖြစ်ရင်လည်း ကျနော်တို့ဘဲ ဆုံးရှုံးနစ်နာတယ်လေ။ စိတ်ကတော့ ကျနော်တို့ နေရပ်ကိုပဲ အမြန်ဆုံး ပြန်ချင်နေပြီ။ အခုက ပြန်လို့မရသေးဘူး” ဟု နောက်ထပ် စစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။

ဇန်နဝါရီ (၈)ရက်နေ့ ညပိုင်းတွင် သီပေါမြို့နယ် ကျောက်မဲ – သီပေါကြား ကျင်သီကျေးရွာအုပ်စုထဲတွင် တိုက်ပွဲ ပြင်းထန်ခဲ့သောကြောင့် ခရီးသည်ယာဉ် (၂)စီး လက်နက်ကြီးစ ထိမှန်ခဲ့သည်။

ယနေ့ ဇန်နဝါရီ (၁၇) ရက်နေ့ထိ သီပေါမြို့နယ် ဘော်ကြိုဘုန်းကြီးကျောင်းသို့ စစ်ရှောင်များ ထပ်မံရောက်ရှိလာ နေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article