မုံးကိုးမြို့ပေါ် စစ်ရှောင်(၁၀၀၀)ကျော် စားနပ်ရိက္ခာနှင့် အနွေးထည်များ အရေးပေါ်လိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် အာဏာသိမ်းစစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA)တို့ တိုက်ပွဲကြောင့် မုံးကိုးမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်ရောက်ရှိလာသော စစ်ရှောင်ဦးရေ ၁၀၀၀ ဝန်းကျင်သည် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း သတင်းသိရသည်။

“မုံးကိုးမြို့ပေါ်က စစ်ဘေးဒုက္ခသည် ဦးရေ ၁၀၀၀ ကျော်တို့က စားနပ်ရိက္ခာ အရေးတကြီး လိုအပ်နေပါတယ်၊ ဆောင်းတွင်းဆိုတော့ စောင်နဲ့ အနွေးထည်တွေလည်း လိုအပ်နေပါတယ်” ဟု မုံးကိုးမြို့ပေါ်ရှိ စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မုံးကိုးမြို့ရှိ ကချင်နှစ်ချင်းဘုရားကျောင်း စစ်ရှောင်စခန်းတွင် သက်ကြီးရွယ်အိုများ၊ မီးနေသည် မိခင်များ၊ မွေးကင်းစ ကလေးငယ်များလည်း ရှိနေပြီး ၎င်းတို့အတွက် မြေပဲဆံကဲ့သို့ မာကြောသော အစားအစာများက အဆင်မပြေကြောင်း စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ရှောင်တွေက ကြမ်းပြင်ပေါ် ကဒ်ထူပြားလေးခင်းပြီး အိပ်နေရပါတယ်၊ ကလေးမွေးပြီးခါစ မီးနေသည် မိခင်တွေကလည်း maternal care ကောင်းစွာ မရနိုင်ဘူး၊ နို့တိုက်ကလေးငယ်တွေအတွက်လည်း အာဟာရ လုံလောက်စွာ မရှိနိုင်ဘူး” ဟု မုံးကိုးမြို့ပေါ်တွင် စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

လက်ရှိတွင် မုံးကိုးမြို့ပေါ်ရှိ ကချင်နှစ်ခြင်းဘုရားကျောင်းနှင့် လီဆူးနှစ်ခြင်းဘုရားကျောင်းတို့တွင် စစ်ဘေးရှောင် တစ်ထောင်ဝန်းကျင်ခန့်ရှိနေပြီး စစ်ရှောင်များအတွက် ရိက္ခာသယ်ဆောင်ရာတွင်လည်း စစ်ကောင်စီတို့၏ စစ်ဆေး ရေးဂိတ်များကြောင့် အဆင်မပြေကြောင်း သတင်းသိရသည်။

“ဒီကနေ နောက်ထပ်သုံးလေးရက်အတွင်း ရိက္ခာမရတော့ရင်တော့ ငတ်ကြလိမ့်မယ်၊ တရုတ်ဘက်ကလည်း လမ်းတွေပိတ်ထားတော့ ဝယ်ရခက်တယ်၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတယ်၊ စစ်ကောင်စီတွေရဲ့ စစ်ဆေးရေး ဂိတ်တွေကြောင့် အလှူရှင်တွေ ပရဟိတသမားတွေလည်း ရိက္ခာတွေ မသယ်ရဲဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ယခုရက်ပိုင်း သျှမ်းပြည်မြောက်ပိုင်းအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့တို့သည် ကိုးကန့်တပ်ဖွဲ့၊ KIAတပ်ဖွဲ့တို့နှင့် နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေလျက်ရှိကြောင်းလည်း သိရသည်။

မုံးကိုးမြို့ပေါ်က စစ်ရှောင်များအတွက် ကူညီမှုများ ပြုလုပ်လိုပါက ဆရာဆွတ်ရိန်အောင် 09793182827 ၊
09403746027 ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...