ပင်လောင်း နောင်တရားရောက် စစ်ရှောင်ကလေးငယ်များကို အခြေခံပညာသင်ပေး

သျှမ်းတောင် ပင်လောင်းမြို့နယ် နောင်တရားမြို့တွင် ရောက်ရှိခိုလှုံနေသော ကရင်နီပြည်မှ စစ်ရှောင်လာသည့် ကလေးငယ်များအား အခြေခံပညာများကို သင်ကြားပေးနေကြောင်း သိရသည်။

နောင်တရားမြို့ စစ်ရှောင်စခန်း (၃)နေရာမှ အသက် (၁၅)နှစ်အောက် စစ်ဘေးရှောင်ကလေးငယ် ၃၀၀ ဝန်းကျင်အား အခြေခံပညာ သင်ကြားပေးတာဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အဓိကတော့ သူတို့လေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ အချိန်ကို ဖြတ်သန်းနိုင်အောင်၊ နောက်ပြီးတော့ သူတို့တွေ ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေက စိတ်ဒဏ်သင့်မှု မဖြစ်အောင်၊ စိတ်အားငယ်မှုတွေ မဖြစ်အောင်၊ သူတို့တွေရဲ့ အချိန်တွေ အလကားကုန်ဆုံးမှုမရှိအောင် ဒါတွေကို ရည်ရွယ်ပြီး အခြေခံ စာပေ သင်ပေးတာပါ၊ စိတ်ပိုင်းဆိုင်ရာ မထိခိုက်စေဖို့ပါ” ဟု နောင်တရားဒေသခံ ဦးခွန်ဆန်းဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ (ဇန်နဝါရီ ၁၉)တွင် စစ်ရှောင်ကလေးငယ် (၁၂၀)ဝန်းကျင်အား စတင် သင်ကြားပေးနေပြီး သင်ကြားပေးသည့် ဆရာ/မ (၅)ဦး ရှိထားကြောင်း သိရသည်။

ကျန်ရှိနေသည့် အသက် (၁၅)နှစ်အောက် ကလေးငယ် (၁၀၀)ကျော်ကိုလည်း စာသင်ကြားပေးနိုင်ရန်အတွက် ထပ်မံ စီစဉ်နေဆဲဖြစ်ကြောင်း ဦးခွန်ဆန်းဦး က ဆက်ပြောသည်။

“ခုက မဏ္ဏုပ်ငှားလိုက်တယ်၊ ပြီးတော့ ရှိတာလေးနဲ့ လုပ်လိုက်တယ်၊ မိုးကာတွေ၊ ဖျာတွေနဲ့ ခင်းတာပေါ့၊ တစ်နေရာတော့ အဆင်ပြေပြီ၊ နောက်တစ်နေရာအတွက်ကတော့ ခု စီစဉ်နေတုန်းပါ၊ ကျောင်းတိုက်ထဲက စတိတ်စင် တစ်ခုပေါ်မှာ မိုးကာ ကာ ၊ ဖျာခင်းပြီး သင်မယ် လို့တော့ မှန်းထားတယ်၊ အဲ့မှာလည်း ကလေး တစ်ရာကျော်ကို သင်ပေးမှာပါ” ဟု ၄င်းက ဆိုသည်။

ထို စစ်ရှောင်ကလေးငယ်များအား တစ်ရက်လျှင် (၄၅)မိနစ် (၄)ချိန် သင်ကြားပေးမှာဖြစ်သည်။

ထိုစစ်ရှောင်များသည် ယခုလအတွင်း ကရင်နီပြည်တွင် စစ်ကောင်စီနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့် ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက် ဝန်းကျင်ခန့်က လွိုင်ကော်၊ ဖရူဆိုမြို့နယ်တို့ဘက်မှ သျှမ်းတောင် နောင်တရား‌ဒေသသို့ စစ်ရှောင်ထွက်ပြေးလာရသည့် ပြည်သူများဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ နောင်တရားမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာရှိ နေအိမ်များတွင် ခိုလှုံနေကြရသည့် ကရင်နီပြည်မှ စစ်ဘေးရှောင် ၂၀၀၀ ဝန်းကျင်ခန့် ရှိနေပြီး သောက်သုံးရေအတွက် အခက်ခဲရှိနေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...