စစ်ကောင်စီ UEC ထံ သွားစစ်ဆေးမခံသည့် SNLD ပါတီ ယာယီရပ်ဆိုင်းနိုင်ချေရှိ
SHAN -
အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ UEC ထံ သွားရောက် အစစ်ဆေးမခံသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ယာယီရပ်ဆိုင်းနိုင်ချေရှိမည်ဟု UEC က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ လက်အောက်ခံ UEC ထံ သွားရောက်စစ်ဆေးမခံသည့် ပါတီများအနက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့်...
မွေးဖွားရက်စေ့ (၄)ဆင့် စစ်ရှောင်ကိုယ်ဝန်သည်များ အကူအညီလိုအပ်
“နေ့စဥ် ထမင်းဟင်းတော့ စားရပါတယ်၊ ဒါပေမဲ့ မွေးလာမဲ့ ကလေးအတွက် ဆေးဝါးတွေ အသုံးအဆောင်တွေက ကျမ မရှိသေးဘူး၊ ကျမလည်း ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး၊ အလှူရှင်တွေကိုပဲ အားကိုးရမှာပါ၊ တစ်ခါတလေ အားငယ်လာလို့ ငိုချလိုက်တာပဲ တတ်နိုင်တယ်” လို့ အသက် ၃၅ နှစ်အရွယ်ရှိ ကိုယ်ဝန်သည်...
နမ့်လန်မြို့ ဒေသခံ အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ ခိုဟက်ကျေးရွာတွင် ဒေသခံ အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၂၂)ရက် ည (၆)နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က အသက် (၃၀)အရွယ်ရှိ အမျိုးသားတစ်ဦးကို လာရောက်ပစ်ခတ်ခဲ့ကြောင်း နမ့်လန်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ဒဏ်ရာကတော့ နည်းနည်းပြင်းထန်တယ်။ ဝမ်းဗိုက်နားထိတယ်လို့သိရတယ်။...
ကလောမြို့နယ် နမ့်ပန်တက် ကိုဗစ်စစ်ဆေးရေးဂိတ် ပြန်ဖွင့်ရန် ပြင်ဆင်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ကလောမြို့ရှိ နမ့်ပန်တက် ကိုဗစ်စစ်ဆေးရေးဂိတ် ပြန်ဖွင့်ရန် ပြင်ဆင်မှုများ ရှိနေကြောင်း သတင်းသိရသည်။ ကလောမြို့နယ်မှ တောင်ကြီးမြို့နယ်သို့ ဝင်ရောက်လာသည့် ကုန်တင်ယာဥ်မောင်းများနှင့် အခြား ယာဥ်မောင်းများသည် အဆိုပါ စစ်ဆေးရေးဂိတ်တွင် ကိုဗစ် ရှိ၊ မရှိ ဆေးစစ်မှုပြုလုပ်ရမည်ဖြစ်ပြီး စစ်ဆေးခ ကိုလည်း သတ်မှတ်နှုန်းထားအတိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းသိရသည်။ “ကာကွယ်ဆေးထိုးထားလည်း...
မိုးဗြဲဘက် စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သားပြည်သူများ ထိခိုက် သေဆုံးမှုရှိ
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများရှိနေကြောင်း သတင်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီလ ၂၃) ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှ စတင်ပြီး မိုးဗြဲအခြေစိုက် စစ်ကောင်စီ လက်အောက်ခံ အမှတ် ၄၂၂ တပ်မှ လက်နက်ကြီးဖြင့် လူနေရပ်ကွက်မြို့တွင်းဘက်သို့ အကြောင်းမဲ့...
လောင်းကစားဝိုင်းကြောင့် ပြည်သူများစိတ်မလုံခြုံ
SHAN -
စစ်ကောင်စီသိမ်းပြီးနောက် သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်အတွင်း လောင်းကစားဝိုင်းများကို ပေါ်တင်ဖွင့်လှစ်နေသည့်အတွက် ပြည်သူများ စိတ်လုံခြုံမှုဖြစ်နေကြောင်း စုံစမ်းသိရသည်။ မိုးနဲမြို့နယ်အတွင်းတွင် အမည်မသိ အဖွဲ့တစ်ခုမှ ဦးဆောင်ပြီး လောင်းကစားဝိုင်းကို ဖွင့်လှစ်ခဲ့သည်မှာ တစ်လ နီးပါး ကြာမြင့်လာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “မိုးနဲမြို့နယ် ဆိုင်းဖယ်ဝမ်မိုင်ရွာဘက်မှာ လုပ်တာပါ၊ တော်တော်ကြာနေပြီ လောင်းကစားဝိုင်းတွေ ဖွင့်တာ။ သွားဆော့တဲ့သူကတော့...
နောင်ချိုမြို့ ဘူတာရုံတွင် ပစ်ခတ်မှုဖြစ်၊ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ ဘူတာရုံတွင် အမည်မသိလက်နက်ကိုင် တပ်ဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ခဲ့ပြီး ပြည်သူ (၂) ဦး မိုင်းစထိမှန်ပြီး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၂၃)ရက် မနက် ၁ နာရီ ဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဘူတာရုံကို လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ “ဘယ်လက်နက်ကိုင်...
မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီ ၆၁ဦး သေဆုံး
SHAN -
သျှမ်းတောင် မိုးဗြဲမြို့နယ်တစ်ဝိုက် ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့သည့် ဖေဖော်ဝါရီ ၁၆ရက်မှ ၂၁ရက်နေ့အထိ စစ်ကောင်စီဘက်က ၆၁ဦးထိ ကျဆုံးခဲ့ကြောင်း KNDFက ထုတ်ပြန်ထားသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တိုက်လေယာဉ်၊သံချက်ကာ အမြောက်ကားများအပြင် တာဝေးပစ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ ထိုတစ်ပတ်အတွင်း တိုက်လေယာဉ်၊ရဟတ်ယာဉ် လေကြောင်းကနေ...
နေရပ်ပြန်ခဲ့သည့် မိုင်းယော်စစ်ရှောင်တစ်ဦး ဆေးရုံတွင် ထပ်မံသေဆုံး
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် စစ်ရှောင်နေရပ်ပြန်ချိန် ရှော့တိုက်မိုင်း နင်းမိသည့် စစ်ရှောင် (၅)ဦးထဲမှ (၁)ဦး ထပ်မံသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ သေဆုံးသွားသည့် စစ်ရှောင်အမျိုးသမီးသည် လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့က လားရှိုးဆေးရုံတွင် ဒဏ်ရာ ပြင်းထန် ရရှိခဲ့ပြီးနောက် သေဆုံးသွားကြောင်း သိရသည်။ “စစ်ဘေးရှောင်တွေထဲမှာ ၃...
ကျိုင်းတုံ ကိုဗစ် ကူးစက်မှု တိုးလာ
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ကိုဗစ် - ၁၉ ကူးစက်သူ တိုးများလာကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ (၂၁)ရက်နေ့က ကျိုင်းတုံမြို့အထွက် နမ့်ပုံဂိတ်တွင် ကိုဗစ် - ၁၉ စစ်ဆေးရာမှာ တစ်ရက်တည်း (၂၄) ဦး တွေ့ရှိကြောင်း စုံစမ်းသိရှိရသည်။ “လက်ရှိ ကျိုင်းတုံမြို့မစျေးကိုတော့ ဖေဖော်ဝါရီ လကုန်မှာ...






