Tuesday, January 27, 2026

ကျိုင်းတုံ ကိုဗစ် ကူးစက်မှု တိုးလာ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ကိုဗစ် – ၁၉ ကူးစက်သူ တိုးများလာကြောင်း စုံစမ်းသိရှိရသည်။

ကျိုင်းတုံဆေးရုံ

ယမန်နေ့ ဖေဖော်ဝါရီ (၂၁)ရက်နေ့က ကျိုင်းတုံမြို့အထွက် နမ့်ပုံဂိတ်တွင် ကိုဗစ် – ၁၉ စစ်ဆေးရာမှာ တစ်ရက်တည်း (၂၄) ဦး တွေ့ရှိကြောင်း စုံစမ်းသိရှိရသည်။

“လက်ရှိ ကျိုင်းတုံမြို့မစျေးကိုတော့ ဖေဖော်ဝါရီ လကုန်မှာ လူစုလူဝေး မဖြစ်စေဖို့အတွက် တာဝန်ရှိသူတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်” ဟု ကျိုင်းတုံ ဒေသခံ အမျိုးသားလူငယ် တစ်ဦး က ပြောသည်။

လက်ရှိရာသီအချိန်သည် အလှူပွဲ၊ အိမ်သစ်တက်မင်္ဂလာအခမ်းအနားနှင့် မင်္ဂလာဆောင်များ ပြုလုပ်သည့် ရာသီဖြစ်ပြီး ကိုဗစ် – ၁၉ စည်းမျဉ်းစည်းကမ်းလိုက်နာမှုမရှိသည့်အတွက် ကိုဗစ် ကူးစက်သူ တိုးပွားလာကြောင်း ကျိုင်းတုံဒေသခံ တချို့က မှတ်ချက်ပြုကြသည်။

“ကျမတို့ ကျိုင်းတုံမြို့ထဲမှာ နေ့တိုင်းလိုလို ထုံးတမ်းစဉ်လာအရ ပွဲလမ်းသဘင် နေ့တိုင်းရှိတယ်။ ကိုဗစ် – ၁၉ လိုက်နာမှု မရှိတဲ့အတွက် တိုးလာတာ ၊ ၂၀ ရက်နောက်ပိုင်းကနေစပြီး ပွဲလမ်းသဘင်တွေလုပ်တာ လျော့ချသွားမယ်လို့တော့ သိရတယ်” ဟု ကျိုင်းတုံဒေသခံ တစ်ဦးကပြောပါတယ်။

၂၀၂၁ ခုနှစ် ဇွန်လ မှ ၂၀၂၂ ဖေဖော်ဝါရီ (၂၁) ရက်ထိ ကျိုင်းတုံမြို့တွင်း ကိုဗစ် – ၁၉ ကူးစက်ခံရသူ စုစုပေါင်း (၅၇၇၅) ဦး၊ သေဆုံး (၉၂) ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၆၅၂၁) နှင့် လက်ရှိ ဆေးကုသမှု ခံယူသူ (၆၂) ဦးရှိကြောင်း ကျိုင်းတုံအခြေစိုက် သတင်းမီဒီယာ တစ်ခုက ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံမြို့ ဝစီပိတ်ဆရာတော်ထံ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာတွေ့

0
သျှမ်းပြည် ကျိုင်းတုံမြို့တွင် ဝစီပိတ်ဆရာတော် တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၈ ရက်) နေ့လယ်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ ဝစီပိတ်ဆရာတော် ဘဒ္ဒန္တကောဝိဒ တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီး ယမန်နှစ် မေလအတွင်းက သရဖူ...

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

ကျိုင်းတုံ-တောင်ကြီးလမ်းပေါ် ယာဉ်တိမ်းမှောက်မှု ခရီးသည်နှစ်ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-တောင်ကြီးလမ်းပေါ်တွင် ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်ခဲ့ရာ ခရီးသည်နှစ်ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်) ညနေ ၄ နာရီဝန်းကျင်တွင် ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ် စပယ်ရှယ်တောင် အဆင်းလမ်း၌ လိုက်ထရပ်ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်မှု...

ကျိုင်းတုံတွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရေးခက်ခဲနေ

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရန်အတွက် စိုးရိမ်ပူပန်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂ ရက်)တွင် ကျိုင်းတုံမြို့နယ် ပန်ဆံကျကျေးရွာ အဝင်တွင် အမျိုးသမီးတစ်ဉီးကို အမည်မသိ အမျိုးသားမှ ဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်သွားသည့်အပြင်၊ ကတ်ဖကျေးရွာအုပ်စု ယမ်းလှကျေးရွာအနီးတွင်လည်း အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဉီးက လက်သီးဖြင့်...

ကျိုင်းတုံ တောင်ပေါ်ကျေးရွာအချို့ ဆန်ပြတ်လပ် အငတ်ဘေးကြုံနေရ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ဒေသ ကျေးရွာအချို့တွင် ဆန်ပြတ်လပ်မှုကြောင့် အငတ်ဘေးကြုံနေရကြောင်း စုံးစမ်းသိရသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ဒေသရှိ ကျေးရွာ ၃၀ ဝန်းကျင်သည် ယမန်နှစ် ၂၀၂၄ တွင် ရေကြီးရေလျှံမှု၊ တောင်ပြိုမှုများ ကြုံတွေ့ခဲ့ရသည်။ ထို့နောက် တောင်ပေါ်တွင် စိုက်ပျိုးထားသည့် ဆန်များကို ကြွက်များက ဖျက်စီးခြင်းကြောင့် ဆန်စပါး...