CSSU လုပ်ငန်းစဉ်များ RCSS ခေတ္တဆိုင်းငံ့မည်
သျှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) သည် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရာမှာ ထိုက်သင့်သလောက် တိုးတက်မှုမရရှိခဲ့သဖြင့် RCSS အနေဖြင့် ခေတ္တဆိုင်းငံမည်ဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၂၆)ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့သည်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်သည် (RCSS/SSA) သည် CSSU ကို ဦးဆောင်ဖွဲ့စည်းခဲ့သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ CSSU ၏ ရည်မှန်းချက်ဖြစ်သည့် သျှမ်းတိုင်းရင်းသားများအကြား...
ဆီဆိုင်မြို့နယ် စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ ကျော် ထပ်မံရောက်ရှိလာ
SHAN -
ယခုရက်ပိုင်းအတွင်းတွင် ကရင်နီပြည်နှင့် ဖယ်ခုံမြို့၊ မိုးဗြဲမြို့တို့အတွင်း တိုက်ပွဲပိုမိုပြင်းထန်လာသဖြင့် ဆီဆိုင်မြို့နယ်အတွင်းသို့ စစ်ရှောင် ၂၀၀၀ ကျော် ထပ်မံ ရောက်ရှိလာကြောင်း သတင်းသိရသည်။ တိုက်ပွဲတိမ်းရှောင်လာသူများသည် လွိုင်ကော်မြို့နယ် လွိုင်လင်လေးကျေးရွာနှင့် အနီးပတ်ဝန်းကျင်မှ ပြည်သူ များ ဖြစ်ကြပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ယနေ့အထိ စစ်ရှောင်ဦးရေ ၂၀၀၀...
လားရှိုးမြို့ အမှတ် (၁၀) စစ်ဆေးရုံတပ်ရင်းရှေ့ ယာဥ်တိုက်မှု ဖြစ်ပွားခဲ့
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် (၁၀) စစ်ဆေးရုံတပ်ရင်းရှေ့တွင် ယာဥ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းသိရသည်။ လားရှိုးမြို့ အမှတ် (၁၀) စစ်မြေပြင် ဆေးရုံတပ်ရင်းရှေ့တွင် မြေသယ်ကားနှင့် သုံးဘီးယာဥ်တိုက်မှု ဖြစ်သွားပြီး သုံးဘီးမောင်းသူ ဒဏ်ရာပြင်းထန်စွာ ဒဏ်ရာရရှိသွားသဖြင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးလိုက်ရကြောင်း လားရှိုးမြို့...
လဲချားမြို့နယ် စစ်ရှောင် စိုးရိမ်စိတ်ဖြင့်နေရပ်ပြန်
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ဝမ်ယိမ်းကျေးရွာအုပ်စုတွင် ဒေသခံ တချို့ စိုးရိမ်စိတ်ဖြင့် နေရပ်သို့ ပြန်လာနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ နှင့် RCSS တို့ စစ်ရေးတင်းမာသဖြင့် ဖေဖော်ဝါရီ (၁၉)ရက်တွင် လဲချားမြို့နယ် ဝမ်ယိမ်းကျေးရွာအုပ်စုမှ ဒေသခံ ပြည်သူများသည် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ ကြောင်း သိရှိရသည်။ “ပြန်လာတဲ့သူတွေတော့ရှိတယ်။...
သျှမ်းပြည်အတွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုးချဲ့ဖွင့် ပိုက်ဆံပိုကောက်လာ
SHAN -
စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း မြို့နယ်များတွင် စစ်ကောင်စီသည် စစ်ဆေးရေးဂိတ်များကို တိုးချဲ့ဖွင့်လှစ်ပြီး ပိုက်ဆံကောက်ယူနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ဂိတ်များသည် အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပေါ်လာပြီး ကားသမား၊ ကုန်တင်ကားများ၊ ခရီးသည်တင်ကားများကို မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင် စသည့်တို့ကို စစ်ဆေးပြီး ငွေကောက်ခံယူ နေလျက်ရှိကြောင်း သိရသည်။ “ဒီဂိတ်တွေက အာဏာသိမ်းပြီး နောက်ပိုင်းမှာပဲ ထွက်ပေါ်လာတာ။...
ရန်ကုန် မှ သျှမ်းမြောက် မန်တုံလာလည်သူ အမျိုးသား အရက်သောက်လွန် သေဆုံး
သျှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်မှ လျှပ်စစ်ရုံး (EPC)ရှေ့တွင် အရက်သောက်လွန်ပြီး သေဆုံးသည့် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းများထံမှ သတင်းသိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အလောင်းကို တွေ့ရှိခြင်းဖြစ်ပြီး သေဆုံးသူသည် မန်တုံမြို့သို့ ဘုန်းကြီးပျံလွန်တော်မူပွဲ လာရောက်လည်ပတ်သည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နေ ဦးခင်မောင်ထွေး အသက်...
မိုးကုတ်တွင် မီးလောင် အဘိုးအိုတစ်ဦး သေဆုံး
SHAN -
မိုးကုတ်မြို့တွင် ယနေ့ (ဖေဖော်ဝါရီ ၂၅)ရက် မနက်အစောပိုင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး သက်ကြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၂၅)ရက် မနက် (၁)နာရီဝန်းကျင်တွင် မိုးကုတ်မြို့ အနောက်ပိုင်း ကသဲအုပ်စု ရန်ကြီးအောင်ရပ်ရှိ နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ညက ၁...
ပြည်သူများအနေဖြင့် ပစ္စည်းများ အဆင်သင့်ထုတ်ပိုးထားရန် မိုးဗြဲနှင့်ဖယ်ခုံ PDF ထုတ်ပြန်သတိပေး
SHAN -
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံနှင့် မိုးဗြဲနယ် အတွင်း စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများ သယ်ယူထုတ်ပိုးနိုင်သည့် ပစ္စည်းများ အဆင်သင့် ထုတ်ပိုးထားရန် မိုးဗြဲနှင့်ဖယ်ခုံ PDF ထုတ်ပြန်ခဲ့သည်။ ဖယ်ခုံမြို့နယ်အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီတို့၏ အကြမ်းဖက် ထိုးစစ်ဆင်မှုများ ရှိနေသည့်အပြင် စစ်ကောင်စီတပ်သားများ နေအိမ်ဖောက်ထွင်း ခိုးယူမှု မီးရှို့ဖျက်ဆီးမှု ရှိနေသည့်အတွက်...
မိုင်းရှူးမြို့တွင် စစ်ကောင်စီက ကားတိုက် သေဆုံးသွားသည့် ဒေသခံ လျော်ကြေး မရသေး
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကောင်စီ ကားတိုက်မှုကြောင့် သေဆုံးသွားသည့် သျှမ်းလူငယ်တစ်ဦးကို ယနေ့အထိ စစ်ကောင်စီက ပြန်လည်လျော်ကြေးပေးမှု မရှိသေးကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ လူငယ်ကို စစ်ကောင်စီကား ဝင်တိုက်မှုကြောင့် ဇန်နဝါရီ ၂၉ ရက်တွင် သေဆုံးသွားပြီး စစ်ကောင်စီဘက်မှ ပြန်လည်လျော်ကြေးပေးမည်ဟု ပြောဆိုသွားပြီးနောက် ယနေ့အထိ လျော်ကြေးငွေ မရရှိသေးကြောင်း...
ဖမ်းဆီးခံရ ကက်သလစ်ဘုန်းတော်ကြီး ၂ ပါး နှင့် ပြည်သူများ အဆက်အသွယ် မရသေး
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့တွင် စစ်ရှောင်များကို သွားရောက်ကူညီသည့် တောင်ကြီးမြို့မှ ကက်သလစ် ဘုန်းတော်ကြီး နှစ်ပါးနှင့်အတူ ပြည်သူ (၅)ဦးကို စစ်ကောင်စီတို့ ဖမ်းဆီးသွားပြီး ယနေ့ (ဖေဖော်ဝါရီ ၂၄) ရက်ထိ အဆက်အသွယ် မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ကက်သလစ်ဘုန်းတော်ကြီးနှင့် ပြည်သူ (၅)ဦးတို့သည် ဖေဖော်ဝါရီ ၂၁...






