ဖမ်းဆီးခံရ ကက်သလစ်ဘုန်းတော်ကြီး ၂ ပါး နှင့် ပြည်သူများ အဆက်အသွယ် မရသေး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့တွင် စစ်ရှောင်များကို သွားရောက်ကူညီသည့် တောင်ကြီးမြို့မှ ကက်သလစ် ဘုန်းတော်ကြီး နှစ်ပါးနှင့်အတူ ပြည်သူ (၅)ဦးကို စစ်ကောင်စီတို့ ဖမ်းဆီးသွားပြီး ယနေ့ (ဖေဖော်ဝါရီ ၂၄) ရက်ထိ အဆက်အသွယ် မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ကက်သလစ်ဘုန်းတော်ကြီးနှင့် ပြည်သူ (၅)ဦးတို့သည် ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဖယ်ခုံမြို့တွင်းရှိ ပြည်သူများကို ကူညီရန်အတွက် သွားနေစဉ် လမ်းတစ်ဝက်တွင် စစ်ဆေးစရာရှိသည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း သိရသည်။

“ဘုန်းတော်ကြီးနဲ့အတူ ပြည်သူ (၅)ဦးလည်း ဖမ်းခံရတယ်။ သူတို့ စစ်ဆေးစရာရှိတယ်ဆိုပြီးတော့ ဖမ်းဆီးသွားတာ။ ဒီနေ့ထိတော့ အဆက်အသွယ် ပြန်မရသေးဘူး။ ဘာအကြောင်းမှလည်း မကြားရသေးဘူး။ အဆက်အသွယ်လည်းမရသေးဘူး” ဟု ဖယ်ခုံမြို့ ကက်သလစ်ဂိုဏ်းအုပ် ဆရာတော် တပါးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ဖမ်းဆီးခံထားရသည့် ကက်သလစ် ဆရာတော်တို့သည် လက်ရှိမှာ တောင်ကြီးမြို့ တစ်နေရာတွင် စစ်ဆေးခံနေရပြီး မည်သည့်နေရာတွင်ရှိနေကြောင်း မသိရသေးပေ။

ထိုသို့ ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ် ပြန်မရရှိသောကြောင့် ကျန်ရှိနေသည့် ဒေသခံများနှင့် ဂိုဏ်းဆရာတော်များက စိုးရိမ်နေလျက်ရှိကြောင်း သိရသည်။

“တောင်ကြီးထဲမှာပဲရှိတာ။ ဘယ်နေရာမှာရှိတာလဲဆိုတာကို ကျနော်တို့ မသိရဘူး။ သူတို့ ဒီလိုဖမ်းပြီးသွားတော့ အဆက်အသွယ်တွေ ဘယ်နေရာမှာ ခေါ်သွားတယ်ဆိုတာတွေ မပြောတော့ စိုးရိမ်တာပေါ့။ သူတို့ တစ်ခုခု ဘာများလုပ်မလဲဆိုတာကို စိုးရိမ်တာပေါ့” ဟု ကက်သလစ်ဂိုဏ်းအုပ် ဆရာတော်တစ်ပါးက ပြောသည်။

ဖယ်ခုံ၊ မိုးဗြဲတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ပြည်သူများ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး စစ်ဘေးရှောင်နေကြရသူများလည်း အများအပြားရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...