Tuesday, January 27, 2026

CSSU လုပ်ငန်းစဉ်များ RCSS ခေတ္တဆိုင်းငံ့မည်

သျှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) သည် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရာမှာ ထိုက်သင့်သလောက် တိုးတက်မှုမရရှိခဲ့သဖြင့် RCSS အနေဖြင့် ခေတ္တဆိုင်းငံမည်ဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၂၆)ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့သည်။

မတ်လ ၅ ရက်နဲ့ ၆ ရက်နေ့မှာ ကျားဖြူပါတီရုံးခန်းမှာပြုလုပ်ကျင်းပတဲ့ CSSU ရဲ့ နှစ်ပတ်လည်ညီလာခံ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်သည် (RCSS/SSA) သည် CSSU ကို ဦးဆောင်ဖွဲ့စည်းခဲ့သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

CSSU ၏ ရည်မှန်းချက်ဖြစ်သည့် သျှမ်းတိုင်းရင်းသားများအကြား ညီညွတ်ရေးမှသည် သျှမ်းပြည် တိုင်းရင်းသားများအားလုံးညီညွတ်ရေးသို့ ဦးတည်ရန်အတွက် တိုးတက်မှုမရှိသလောက်နည်းပါးသည့် အပြင် သျှမ်းပြည်အတွက် ရှင်းလင်းတိကျသည့် နိုင်ငံရေး ရည်မှန်းချက်များ မချမှတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့အပြင် ပါတီ နှစ်ပါတီအကြား ညှိနှိုင်းဆောင်ရွက်မှုများမလုပ်ဆောင်နိုင်ခဲ့ခြင်း၊ သျှမ်းတပ် (၂)တပ်ကြား ထိတွေ့မှုများကို CSSU မှ မဖြေရှင်းပေးနိုင်ခြင်း စသည့်အချက်များကိုပါ RCSSထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရည်မှန်းချက်များအတိုင်း အဖွဲ့ဝင်များအကြား ပူးပေါင်းလက်တွဲပြီး ရှေ့ခရီးကို အတူတကွ ချီတက်ရန် ခက်ခဲခြင်း၊ လက်ရှိပြဿနာများ ဖြေရှင်းနိုင်ရန် ၊ ကော်မတီ၏ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများ ပြန်လည်သုံးသပ်ပြင်ဆင်ရန် လိုအပ်ခြင်းတို့ကြောင့် RCSSမှ CSSU ၏ လုပ်ငန်းစဉ်များ ခေတ္တဆိုင်းငံ့ထားသင့်ကြောင်း ထုတ်ပြန်ချက် ကြေညာထားသည်။

CSSU သည် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ပူးပေါင်းဖြေရှင်းနိုင်ရေး၊ သျှမ်းပြည်တိုင်းရင်းသားပေါင်းစုံ စည်းလုံးညီညွှတ်ရေး၊ ငြိမ်းချမ်းစွာ အေးအတူပူအမျှ အတူယှဉ်တွဲနေထိုင်ရေးတို့ကို ဦးတည်ပြီး နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အရပ်ဖက်လူမှုအဖွဲ့အစည်းများဖြင့် (၂၀၁၃) ခုနှစ် အောက်တိုဘာ (၁၇) ရက်မှာ ဖွဲ့စည်းခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...

မိုင်းယောင်းမြို့နယ် RCSS တပ်စခန်းအနီး စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ် စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်ထဲ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအနီးသို့ စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၈ ရက်) နေ့လယ်ပိုင်းတွင် မိုင်းယောင်းမြို့နယ်အခြေစိုက် စစ်ကော်မရှင်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃၃၅ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ စစ်အင်အား...

နိုင်ငံရေး ပြဿနာနှင့် အမြင်မတူခြင်းကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲခဲ့ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

0
သျှမ်းပြည်တော်လှန်ရေး (၆၇) နှစ်ကာလအတွင်း နိုင်ငံရေး ပြဿနာကြုံတွေ့ရခြင်း၊ အမြင်မတူခြင်းတို့ကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲမှုများရှိခဲ့သည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။ ယနေ့ မေလ ၂၁ ရက်တွင် ကျရောက်သော (၆၇) နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့အတွက် ပေးပို့သည့် သဝဏ်လွှာထဲတွင်...

“တော်လှန်ရေးဝိညာဉ်” မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

0
မြန်မာပြည် မြေပုံရဲ့ ၄ ပုံ ၁ ပုံခန့် ကျယ်ဝန်းတဲ့ သျှမ်းပြည်ဟာ အရှုပ်အထွေးပေါင်းများစွာ စစ်ရေးယမ်းငွေ့တွေနဲ့ ပြည့်နှက်လာခဲ့တာ နှစ်ပေါင်း (၇၀) နီးပါးရောက် ရှိခဲ့ပါပြီ။ သျှမ်းပြည်မှာ သယံဇာတတွေ ပေါကြွယ်ဝပြီး တိုင်းရင်းသားလူမျိုးစုံ နေထိုင်တဲ့ဒေသဖြစ်သလို စစ်လက်နက်ကိုင်တွေလည်း ပေါများတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ စစ်လက်နက်ကိုင်တွေရဲ့ ရည်မှန်းချက်တွေက...