သျှမ်းပြည်အတွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုးချဲ့ဖွင့် ပိုက်ဆံပိုကောက်လာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း မြို့နယ်များတွင် စစ်ကောင်စီသည် စစ်ဆေးရေးဂိတ်များကို တိုးချဲ့ဖွင့်လှစ်ပြီး ပိုက်ဆံကောက်ယူနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ဂိတ်များသည် အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပေါ်လာပြီး ကားသမား၊ ကုန်တင်ကားများ၊ ခရီးသည်တင်ကားများကို မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင် စသည့်တို့ကို စစ်ဆေးပြီး ငွေကောက်ခံယူ နေလျက်ရှိကြောင်း သိရသည်။

“ဒီဂိတ်တွေက အာဏာသိမ်းပြီး နောက်ပိုင်းမှာပဲ ထွက်ပေါ်လာတာ။ ကားပြေးဆွဲတဲ့ လိုင်းကားတွေဆိုရင်လည်း သူတို့တောင်းတယ်။ မှတ်ပုံတင်တွေလည်း စစ်တယ်။ ပိုက်ဆံမပေးဘူးဆိုရင်လည်း ရစ်တာတွေရှိတယ်။ အာဏာသိမ်းပြီးတော့ သူတို့ ကြိုက်သလိုလုပ်တာပေါ့” ဟု ကိုယ်တိုင်ကြုံတွေ့ရသည့် မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခင် NLD အစိုးရလက်ထက်တွင် စစ်ဆေးရေးဂိတ်များရှိသော်လည်း ပြည်သူများဘက်မှ ပြန်ခြေပ ပြောဆိုနိုင်ခဲ့သော်လည်း လက်ရှိတွင် ပြည်သူတွေက ငြင်းပိုင်ခွင့်မရှိကြောင်း သိရသည်။

“အရင်ကတော့ လဝကလား ဘယ်ဌာနက လာစစ်ဆေးတာလည်းဆိုတာ မေးမြန်လို့ရသေးတာပေါ့။ အခု အာဏာက သူတို့ လက်ထဲ အကုန်ရောက်သွားတော့ ဘာမှပြန်ပြောလို့မရဘူး။ ကျနော်တို့ မူဆယ်ဘက်မှာဆိုရင် တရုတ်မျက်နှာပေါက်ရင် မှတ်ပုံတင်တောင်းပြီး မရှိရင် သူတို့က ယွမ် ၁၀၀ လောက်တောင်းတယ်” ဟု မူဆယ်ဒေသခံ အမျိုးသားက ဆိုသည်။

မူဆယ်မြို့နယ်တွင် နမ့်ခမ်း – မူဆယ်လမ်းကြား နမ့်ပန်ဂိတ်တွင် တစ်ခု၊ လားရှိုး – မူဆယ် လမ်းကြားတွင် တစ်ခု စစ်ဆေးပြီး ငွေကောက်ယူနေလျက်ရှိကြောင်း သိရသည်။

ထို့အပြင် သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ဘက်တွင်လည်း နေ့၊ ည လမ်းသွားလာသူများကို စစ်ကောင်စီ အုပ်စုမှ ငွေကြေးကောက်ခံမှု ပြုလုပ်နေကြောင်း သိရသည်။

“အခုက အပြင်ထွက်လည်း စိတ်ပူရတယ်။ ဘယ်သွားသွား မလွတ်လပ်ဘူး။ ညအပြင်သွားရင် စစ်ကောင်စီက ပိုက်ဆံတောင်းတာခံရတယ်။ ဟိုနေ့က ပင်လုံဂိတ်မှာဆိုရင် ၃ ထောင်လောက်တောင် တောင်းတယ်။ ညအချိန်ဆိုရင် သူတို့ကို ပိုပေးရတာ။ အရေးကြီးကိစ္စမရှိရင် မထွက်တော့တာ” ဟု ပင်လုံမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ ယခုအချိန်တွင် ဒေသခံ ပြည်သူများက အပြင်ထွက်သွားလာပါက ပိုက်ဆံ ၁၀၀၀ အထက် အမြဲယူဆောင်သွားနေရကြောင်း၊ စစ်ကောင်စီတပ်များသည် မြို့ဝင်ဂိတ်တစ်ခုထဲ စစ်ဆေးမှုပြုလုပ်နေတာမဟုတ်ဘဲ လမ်းကြိုလမ်းကြားတွင် စစ်ဆေးမှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“အပြင်တစ်ခါထွက်ရင် အနည်းဆုံးတော့ ပိုက်ဆံ ၁၀၀၀ ရှိရတော့မယ်။ စစ်ကောင်စီတွေက မြို့ဝင်ထွက်ဂိတ်တွေမှာဘဲ စောင့်နေတာမဟုတ်ဘူး။ ခိုလမ် နမ့်စန်ကြားဆိုရင် ၄ နေရာလောက်ရှိတယ်။ မှတ်ပုံတင်တွေကော တောင်းကြည့်တယ်။ ပိုက်ဆံလည်းတောင်းတယ်။ ၂၀၀ ပေးရင်လည်း မယူချင်ဘူး။ ၅၀၀ အထက် ပေးနေရတာ” ဟု ကားဆရာ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှုမရှိတော့ဘဲ စစ်ကောင်စီများက ကြိုက်သလို ပြည်သူအပေါ်အုပ်ချုပ်နေသောကြောင့် ဒေသခံများက ခက်ခဲသထက် ပိုမိုခက်ခဲလာကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည် ၁၅ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်မံတိုးမြှင့်

0
သျှမ်းပြည် မြို့နယ်ပေါင်း ၁၅ ခုအပါအဝင် နိုင်ငံတစ်ဝန်းမှ မြို့နယ် ၅၈ ခုတွင် အရေးပေါ်အခြေအနေကို နောက်ထပ် ရက်ပေါင်း ၉၀ အထိ သက်တမ်းတိုးရန် ယနေ့ (ဇူလိုင် ၂၁ ရက်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ယခုကဲ့သို့ သက်တမ်းတိုးရန်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်ဆေးရေးဂိတ် ဖျက်သိမ်းမှုကြား ကားခနှင့် ကုန်ဈေးနှုန်း မကျသေး

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်းရှိ စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်အချို့ကို ဖျက်သိမ်းထားသော်လည်း ကားခနှုန်းထားများနှင့် ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းလာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် တောင်ကြီး–ဟိုပုံးလမ်း ၈ မိုင် စစ်ဆေးရေးဂိတ်၊ ပင်လုံမြို့အဝင် စစ်ဆေးရေးဂိတ်နှင့် မိုင်းနောင်–လဲချားလမ်းဆုံ စစ်ဆေးရေးဂိတ်တို့ကို ဖျက်သိမ်းထားသည်။ သို့သော် ၎င်းလမ်းပိုင်းရှိ အခြားစစ်ဆေးရေးဂိတ်များ နှင့် စက်သုံးဆီကန့်သတ်ချက်များကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် မြင့်မားနေဆဲဖြစ်ကြောင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဂိတ်တွေကို အကုန်ဖျက်သိမ်းတာတော့ မဟုတ်သေးဘူး။ လဲချားဂိတ်၊ မိုင်းပွန်ဂိတ်နဲ့ ၄ မိုင်ဂိတ်တွေမှာ ပစ္စည်းတွေအလွယ်တကူ ဖြတ်လို့မရသေးဘူး။ ပိုက်ဆံတောင်းတာထက် ပစ္စည်းတွေကို သိမ်းရမလား၊ ဂိတ်မှာချထားခဲ့မလားဆိုပြီးပြောတာတွေ ရှိနေတုန်းပဲ။ အဲဒါကြောင့် ကားခဈေးကို လျှော့ဖို့ ခက်နေပါတယ်” ဟု တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးကပြောသည်။ ယခုအချိန်ထိ စစ်ကော်မရှင်မှ စက်သုံးဆီကို တစ်ပတ်လျှင် လီတာ ၉၀ သာ ကန့်သတ်ထုတ်ပေးသဖြင့် လမ်းကြောင်း တစ်ကြောင်းပြေးဆွဲရန် မလုံလောက်ဘဲ ပြင်ပပေါက်ဈေးဖြင့် ထပ်မံဝယ်ယူ အသုံးပြု နေရကြောင်း ၎င်းက ဆက်ပြောသည်။ တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာ ၄၈၀၀ ကျပ်ခန့်ရှိသော်လည်း ကန့်သတ်ပမာဏ ကုန်လျှင် ကျပ် ၈,၀၀၀ဝန်းကျင်ဖြင့် ဝယ်ယူနေရပြီး မိုင်းရှူးတွင်လည်း တစ်လီတာ ၈၀၀၀ ကျပ် ဝန်းကျင်ရှိနေကြောင်း၎င်းကပြောသည်။ ထိုအခက်အခဲများကြောင့် ခရီးသည်များအတွက် ကားခများကို ပုံမှန်ဈေးနှုန်းထိ ပြန်လျော့ပေးရန် ခက်ခဲနေကြောင်း ဂိတ်မှူးတစ်ဦးကပြောသည်။ အဆိုပါ တောင်ကြီး – မိုင်းရှူးလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်များ ဖျက်သိမ်းထားသော်လည်း ကုန်ပစ္စည်းဈေးနှုန်းများမှာကျဆင်းခြင်းမရှိသေးကြောင်း မိုင်းရှူးမြို့ရှိ...

ချင်းမိုင်တွင် စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းသူများနှင့် ရာဇဝတ်မှုများကို စောင့်ကြည့်ရန် “ဒရုန်းစစ်ဆေးရေးအဖွဲ့” ဖွဲ့စည်း

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စစ်ဆေးရေးဂိတ်များကို တိမ်းရှောင်သူများနှင့် ပိုမိုရှုပ်ထွေးလာသော ခေတ်သစ်ရာဇဝတ်မှုများကို ဝေဟင်မှ တဆင့် စောင့်ကြည့်နိုင်ရန် လူမဲ့လေယာဉ် (Unmanned Aerial Vehicles-UAV) များ အသုံးပြုသည့် "ဒရုန်းကင်းလှည့်အဖွဲ့" (Drone Patrol) စစ်ဆင်ရေးကို စတင်အသုံးပြုပြီ ဖြစ်ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၁၅...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...