Tuesday, January 27, 2026

မိုးကုတ်တွင် မီးလောင် အဘိုးအိုတစ်ဦး သေဆုံး

မိုးကုတ်မြို့တွင် ယနေ့ (ဖေဖော်ဝါရီ ၂၅)ရက် မနက်အစောပိုင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး သက်ကြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းသိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၂၅)ရက် မနက် (၁)နာရီဝန်းကျင်တွင် မိုးကုတ်မြို့ အနောက်ပိုင်း ကသဲအုပ်စု ရန်ကြီးအောင်ရပ်ရှိ နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ညက ၁ နာရီလောက်မှာ မီးလောင်တာ။ အဘိုးအိုတစ်ယောက် စိတ်ဝေဒနာသည်ပေါ့ သူတော့ မီးထဲ ပါသွားပါတယ်။ အချိန်မီ မကယ်လိုက်နိုင်ဘူး။ အသက်အရွယ်ကတော့ (၆၀)ကျော်လောက်တော့ ရှိမယ်။ မီးလောင်တာက တော်တော်ပြင်းတယ်။ တစ်နာရီလောက်ကို မီးငြိမ်းသတ်ရတာ” ဟု မိုးကုတ် ပါရမီ နာကူမှု အသင်းမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုမီးလောင်ရာနေရာသို့ မိုးကုတ် အရံမီးသတ်တပ်ဖွဲ့၊ ပါရမီ လူမှုကူညီရေးအသင်း၊ ရပ်ကွက်နေ ပြည်သူများက (၁)နာရီဝန်းကျင်အကြာထိ မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးနှင့် မည်သည့်အကြောင်းကြောင့် မီးစတင်လောင်ကျွမ်းသည်ကိုတော့ မသိရသေးပေ။

မီးလောင်မှုကြောင့် နှစ်ထပ် ပျဉ်ထောင်အိမ် ပျက်စီးခဲ့ရပြီး အိမ်တွင်းနေ သက်ကြီး အဘိုးအိုတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

ထိုမီးလောင်မှုသည် ယခု ၂၀၂၂ ခုနှစ်တွင် မိုးကုတ်မြို့နယ်အတွင်း ပထမဆုံး မီးလောင်မှုဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးကုတ်မြို့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး သံဃာတစ်ပါးပျံလွန်၊ အမျိုးသမီးတစ်ဦး သေဆုံး

0
သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့အရှေ့ပိုင်းတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သံဃာတစ်ပါး ပွဲချင်းပြီး ပျံလွန်တော်မူ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၄ ရက်) လွတ်လပ်ရေးနေ့ နံနက် ၈ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်တပ်စွဲထားသည့် မိုးကုတ်မြို့အရှေ့ပိုင်း လယ်ဦးရပ်ကွက်ရှိ ရတနာသီရိ ဘုန်းကြီးကျောင်းနှင့် အထက(၄)...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...

မိုးကုတ်မြို့ကို ဆုတ်ခွာရမည့် TNLA မှ ဒေသခံကျောက်တူးခွင့် လုပ်ကွက်ခွဲဝေချပေးနေ

0
သျှမ်းပြည်နှင့် မန္တလေးနယ်စပ် မိုးကုတ်မြို့ရှိ ဂေါက်ကွင်းနေရာတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒေသခံများကို ကျောက်တူးခွင့် လုပ်ကွက်ခွဲဝေ ချထားပေးနေကြောင်း သတင်းရရှိသည်။ မိုးကုတ်မြို့မှ မကြာခင် ဆုတ်ခွာမည်ဟု ကြေညာထားသည့် TNLA တပ်ဖွဲ့သည် နိုဝင်ဘာ လဆန်းပိုင်းမှ စပြီး ၎င်းတို့ထိန်းချုပ်စဉ် အကြီးအကျယ် ကျောက်တူးဖော်မှု...

မူဆယ်မြို့တွင် ဆိုလာပြားဘတ္ထရီ ပေါက်ကွဲမှုကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆိုလာပြားဖြင့် ဘတ္ထရီ အားသွင်းရာမှ အပူလွန်ကဲပြီး ပေါက်ကွဲခဲ့ခြင်းကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၁ ရက်) ညနေ ၆ နာရီခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီ အဝေးပြေးကားကြီးဝင်းနှင့် ခိုင်ဇာနန်းတော် ဟိုတယ် အနီးပတ်ဝန်းကျင်ရှိ နေအိမ်တစ်လုံးတွင်...

မိုးကုတ်မြို့ကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ အရပ်သားထိခိုက်မှုရှိ

0
သျှမ်း-မန္တလေးနယ်စပ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ ( အောက်တိုဘာလ ၁ ရက်) မနက် ၁၁ နာရီဝန်းကျင်တွင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ အနောက်ပိုင်း ရေထွက်ကြီးသို့ သွားသည့် လမ်းဘက်သို့...