Saturday, May 18, 2024

ရန်ကုန် မှ သျှမ်းမြောက် မန်တုံလာလည်သူ အမျိုးသား အရက်သောက်လွန် သေဆုံး

Must read

သျှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်မှ လျှပ်စစ်ရုံး (EPC)ရှေ့တွင် အရက်သောက်လွန်ပြီး သေဆုံးသည့် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းများထံမှ သတင်းသိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အလောင်းကို တွေ့ရှိခြင်းဖြစ်ပြီး သေဆုံးသူသည် မန်တုံမြို့သို့ ဘုန်းကြီးပျံလွန်တော်မူပွဲ လာရောက်လည်ပတ်သည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နေ ဦးခင်မောင်ထွေး အသက် (၄၂)နှစ် ဖြစ်ကြောင်း သိရသည်။

“အရက်မူးလွန်ပြီး ချောင်းထဲ ပြုတ်ကျတယ်လို့ထင်ရတယ်၊ ချောင်းတော့ မနက် မကျယ်ပါဘူး၊ ဒါပေမဲ့ အအေးပတ်တာရယ်၊ မူးနေတာရယ်တွေကြောင့် သေဆုံးရတယ်လို့ ယူဆရတယ်” ဟု မန်တုံမြို့နယ် လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းကို သက်ဆိုင်ရာမိသားစုဝင်များ၏ ခွင့်ပြုချက်ဖြင့် မန်တုံမြို့မှ လူမှုကူညီရေးအသင်းများ တာဝန်ယူကာ တိုင်းရင်းသားပေါင်းစုံ သုဿန်တွင် မီးရှို့သဂြိုလ်ပြီဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article