Tuesday, January 27, 2026

မန်တုံပြည်သူ့ဆေးရုံလက်မခံသည့်မွေးလူနာ ရုရှားတောင်ကြားလမ်းတွင်မီးဖွားပြီးကလေးသေဆုံး

သျှမ်းပြည် မြောက်ပိုင်း မန်တုံမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိသည့် မွေးလူနာကို ဆေးရုံက လက်မ ခံသောကြောင့် မန်တုံ – လားရှိုး တောလမ်းပိုင်း ရုရှားတောင်ကြားလမ်းတွင် မီးဖွားကာ မွေးလာသည့် ကလေးငယ် သေဆုံးသွားကြောင်း ကြားသိရသည်။

Photo Credit to SPM- လားရှိုးဆေးရုံအသွား ရုရှားတောင်အရောက် မန်တုံမွေးလူနာ အရေးပေါ်မီးဖွား၊ နမ္မတူဆေးရုံသို့ပို့ဆောင်လိုက်ရ ကလေးငယ်သေဆုံး

သြဂုတ်လ ၅ ရက်နေ့ နံနက် ၁၁ အချိန်ခန့် က မန်တုံမြို့နယ် ပန်ဆွေရွာသူ ကိုယ်ဝန်ဆောင် အမျိုးသမီး မန်တုံပြည်သူ့ ဆေးရုံသို့ မီးဖွားဖို့ရန်ရောက်ရှိလာကြောင်း၊ မန်တုံဆေးရုံကလက်မခံဘဲ လားရှိုးဆေးရုံကြီးသို့ သွားမွေးရန် လွှဲပြောင်းလိုက်ကြောင်း၊ အရေးပေါ်မီးဖွားရန်အသွား နမ္မတူမြို့နယ် ရုရှားတောင်ကြားလမ်းအရောက် မီးဖွားလိုက်ရပြီးမကြာမှီ ကလေးသေဆုံးသွားကြောင်း ဆွေမျိုးများအသိုင်းအဝိုင်းကပြောသည်။

နံနက် ၁၁ နာရီခွဲ လောက် မန်တုံဆေးရုံကို ရောက်တယ်၊  ဆေးရုံကလက်မခံလို့ ကလေးမွေးဖို့ လားရှိုးသွားနေချိန် နေ့လည် ၃ နာရီ လောက်က မန်တုံ နဲ့ နမ္မတူကြားက ရုရှားတောင်ကြားအရောက်မှာဘဲ ကလေးကိုခက်ခက်ခဲခဲနဲ့ မွေးဖွားခဲ့ပါတယ်၊ နမ္မတူ ဆေးရုံရောက်ပြီးနောက်ရက်မနက်မှာဘဲ ကလေးဆုံးသွားတယ်”  –  ဟု မွေးလူနာ မိသားစုအသိုင်းအဝိုင်းက ပြောသည်။

မန်တုံ – နမ္မတူ – လားရှိုးလမ်းက  ၈၂ မိုင်ဝေးကြောင်း၊ ၊ လမ်းခုလတ်တွင် မိန်းခလေး ကလေးငယ်လေးမွေးဖွားပြီး   နမ္မတူဆေးရုံသို့ရောက်ရှိကာ မနက်ပိုင်းတွင် ကလေး ဆုံးသွား ကြောင်း ကြားသိရသည်။

ကလေးငယ်က ဆုံးသွားပါပြီ၊ ဒီမနက် ၅ နာရီ  ဆေးရုံမှာပဲဆုံးသွားတယ်ပေါ့၊ သွေးနုသားနုနဲ့ သယ်ရတဲ့ လမ်းခရီးလည်း ကြမ်းတယ်၊ ပြီးတော့ ဆေးရုံတွေမှာ အိမ်တွေမှာ မွေးဖွားသလိုလည်း မဖြစ်တော့အဲ့ကြောင့် လည်းပါမယ်၊ မိခင် ကတော့ ကျန်းမာစွာ ရှိနေပါတယ်”  – ဟု မိုးသောက်ကြယ် လူမှုကူညီရေး အသင်းသား တဉီးက ပြောသည်။

အရေးပေါ် အခြေအနေကြား မွေးလူနာအား လက်ခံမွေးဖွားပေးခြင်း မရှိသည့်  မန်တုံမြို့မှ  ပြည်သူ့ ဆေးရုံကို မြို့ခံလူထုအချို့က ပြစ်တင်ဝေဖန်နေကြသည်။

အမည်မဖါ်လိုသည့် မန်တုံမြို့ ဆေးရုံအသိုင်းအဝိုင်း၀န်ထမ်းတဦးက –  “မွေးဖွားဖို့ရောက်လာတဲ့ မိခင်က ကိုယ်၀န်လမစေ့ ဘူး၊ ရေမွှာလည်း ပေါက်နေတယ်၊ ပြီးတော့ သွေးဆင်းတာလည်း အရမ်းများနေတယ်၊ ဒီမှာက ခွဲစိပ် ကိရိ ယာပိုင်းရော လူအင်အားပိုင်းရော မလုံလောက်လို့ လားရှိုးဆေးရုံကို လွှဲလိုက်ရတာပါ”  – ဟု သျှမ်းသံ တော်ဆင့်ထံ ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း မန်တုံမြို့သည် ၂၀၀၈ ဖွဲ့စည်းပုံအရ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ရ အဖြစ် သတ်မှတ်ထားသည်။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ (၂၀၂၁ ခု) က တပ်မတော်မှ တိုင်းပြည်အာဏာ သိမ်းလိုက်သောကြောင့် ဝန်ထမ်းအချို့ အလုပ်မဆင်းဘဲ CDM တွင်ပါဝင်နေကြောင်း၊ ဆေးရုံလည်ပတ်ဖို့ရန် ဝန်ထမ်းအင်အားမလုံလောက်ကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Namhpakka_Flood

ကွတ်ခိုင်မြို့နယ်အတွင်း အခါလွန်မိုးရွာပြီး တောင်ကျရေကြောင့် စပါးခင်းရေမြုပ် ပျက်စီးမှုများ

0
သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

TNLA ထိန်းချုပ် နမ္မတူမြို့ ဗုံးထပ်ကြဲခံရ၊ စစ်ဘေးရှောင် ၅၀၀ နီးပါး ထပ်မံထွက်ပြေး

0
သျှမ်းပြည် နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ထပ်မံထွက်ပြေးရသည့် စစ်ဘေးရှောင် (၅၀၀) ကျော် အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၂၃ ရက်) ည ၉ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်သို့...

စစ်ကော်မရှင် TNLA ထိန်းချုပ် နမ္မတူနှင့် နမ့်ဆန် ဗုံးထပ်မံကြဲ၊ အရပ်သား ၃ဦးသေဆုံး

0
စစ်ကော်မရှင်သည် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်နှင့် နမ့်ဆန်မြို့နယ်ကို ယနေ့ (အောက်တိုဘာ ၁၇)ရက်တွင် လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲကာ အရပ်သား (၃)ဉီး သေဆုံးပြီး၊ (၃)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ထိုလေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသွားသည့် သူများသည် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာမှ အမျိုးသား(၁)ဉီးနှင့် အမျိုးသမီး (၂)ဉီးဖြစ်ကြောင်း စစ်ရေး...

လားရှိုးမြို့ပေါ်ရောက် သီပေါ၊ နမ္မတူ စစ်ဘေးရှောင် ထောင်နှင့်ချီ အတွက် စားဝတ်နေရေး အရေးပေါ် အကူအညီလိုအပ်

0
စစ်ကော်မရှင်၏ လေကြောင်းဗုံးကြဲမှုကြောင့် လားရှိုးမြို့ပေါ်သို့ရောက်ရှိလာသည့် သီပေါမြို့နှင့် နမ္မတူမြို့မှ စစ်ဘေးရှောင် ထောင်ချီအတွက် စားဝတ်နေရေး အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ (၁) ရက်တွင် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် နမ္မတူမြို့ဘက်သို့ လေကြောင်းဖြင့်...

နမ္မတူဒေသခံ ရာနှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်

0
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်က လေကြောင်း ဆက်တိုက် ဗုံးကြဲမှုကြောင့် ဒေသခံများ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ (၂) ရက်မှ စတင်ပြီး အောက်တိုဘာ (၇)ရက်အထိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် တစ်ပတ်အတွင်း...