Wednesday, January 28, 2026

မိုးဗြဲဘက် စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သားပြည်သူများ ထိခိုက် သေဆုံးမှုရှိ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများရှိနေကြောင်း သတင်းသိရသည်။

ယနေ့ (ဖေဖော်ဝါရီလ ၂၃) ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှ စတင်ပြီး မိုးဗြဲအခြေစိုက် စစ်ကောင်စီ လက်အောက်ခံ အမှတ် ၄၂၂ တပ်မှ လက်နက်ကြီးဖြင့် လူနေရပ်ကွက်မြို့တွင်းဘက်သို့ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် (၇၀)ကျော် အဘိုးအို တစ်ဦး သေဆုံးပြီး၊ အသက် (၁၄)နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး နှင် အမျိုးသားတစ်ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

“ဒီကနေ့လည်း အစောကြီးပစ်ပါတယ်၊ PDF တွေလည်း မရှိဘဲနဲ့ လူနေရပ်ကွက်တွေဘက်ကို ရမ်းပြီးပစ်လာ လို့ ကဖုရွာက အိမ်ထဲပုန်းနေတဲ့ အသက် ၇၀ ကျော် အဖိုးအိုတစ်ဦးကို လက်နက်ကြီး မှန်သွားတယ်။ တခြား သူတွေလည်း ထိခိုက်ဒဏ်ရာရသူလည်းရှိတယ်၊ အဆောက်အအုံ ပျက်စီးမှုလည်း များတယ်” ဟု မိုးဗြဲမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုရက်သတ္တပတ်အတွင်း မိုးဗြဲမြို့နယ်အတွင်းသို့ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များအပြင် တာဝေးပစ် လက်နက်များ၊ ၁၂ဝ မမ၊ ၈ဝ မမ ကဲ့သို့သော လက်နက်များဖြင့်လည်း စစ်ကောင်စီတို့က အကြိမ်ရေများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

“စကစတွေက အင်အားအလုံးအရင်းနဲ့ လက်နက်ကြီးနဲ့ရော ဝေဟင်ကနေ ဗုံးကြဲတိုက်နေတယ်၊ သူတို့တွေက ပြည်တွင်းစစ်အနေနဲ့ ကန့်သတ်ထားတဲ့ လက်နက်တွေ အကုန်သုံးနေတယ်၊ စကစတွေ မသုံးသေးတာ ဆိုလို့ ဓာတုလက်နက်ပစ္စည်းပဲရှိတယ်” ဟု မိုးဗြဲမြို့မှ PDF တပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

လက်ရှိရှေ့တန်း စစ်မျက်နှာပြင်တွင် စစ်ကောင်စီတပ်ဖွဲ့တို့နှင့် ရင်ဆိုင်တိုက်ခိုက်နေသော PDF များ အနေဖြင့် စစ်ကောင်စီတို့နှင့် လက်နက်အင်အားမမျှသည့်အတွက် အကူအညီများလိုအပ်နေပြီး ကူညီထောက်ပံ့ပေးကြ ရန်လည်း ပြောဆိုထားပါသည်။


မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများက ဝါရီဆူးဖလိုင်နှင့် ဝီသဲကူးကျေးရွာမှ နေအိမ်များကို မီးရှို့ခဲ့ပြီး ဝါရီဆူးဖလိုင်က ကျေးရွာသားအချို့ကိုလည်း ဖမ်းစီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကာ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှု ၁၀ ဦးထက်မနည်း ရှိနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...