Tuesday, January 27, 2026

နေရပ်ပြန်ခဲ့သည့် မိုင်းယော်စစ်ရှောင်တစ်ဦး ဆေးရုံတွင် ထပ်မံသေဆုံး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် စစ်ရှောင်နေရပ်ပြန်ချိန် ရှော့တိုက်မိုင်း နင်းမိသည့် စစ်ရှောင် (၅)ဦးထဲမှ (၁)ဦး ထပ်မံသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ သေဆုံးသွားသည့် စစ်ရှောင်အမျိုးသမီးသည် လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့က လားရှိုးဆေးရုံတွင် ဒဏ်ရာ ပြင်းထန် ရရှိခဲ့ပြီးနောက် သေဆုံးသွားကြောင်း သိရသည်။

“စစ်ဘေးရှောင်တွေထဲမှာ ၃ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်။ အခုက ဒဏ်ရာရထားတဲ့ (၅)ယောက် ထဲမှာ တစ်ဦးက ထပ်သေဆုံးသွားတယ်။ သူက ဒဏ်ရာရရှိထားတာ ပြင်းထန်တော့ မခံနိုင်တော့လို့ သေဆုံးသွားတာ။ ကျန်တဲ့ (၄)ယောက်လည်း ဆေးရုံမှာ ကုသနေသေးတယ်” ဟု မိုင်းယော်တိုက်နယ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

လားရှိုးဆေးရုံတွင် ဆေးကုသနေဆဲဖြစ်သည့် စစ်ဘေးရှောင် (၄)ဦးထဲမှ (၂)ဦးမှာ ကျန်းမာရေးအခြေနေ စိုးရိမ်ရကြောင်း၊ တိုက်ပွဲကြောင့် ကလေးငယ်က စ သေဆုံးနေရပြီး ပြည်သူများလည်း ဒုက္ခရောက်ရှိနေရသဖြင့် တိုက်ပွဲကို ရပ်တန့်ပေးရန်အတွက် ဒေသခံများက တောင်းဆိုလိုက်သည်။

“ကျနော်တို့ မိုင်းယော်တိုက်နယ်ဘက်မှာဆိုရင် လုံခြုံရေးမရှိတော့ဘူး။ လက်နက်ကိုင်တပ်ဖွဲ့တွေကိုလည်း တောင်းဆိုချင်တယ်။ ကျနော်တို့ ပြည်သူတွေက လက်နက်မရှိဘူး။ ပြည်သူက သူတို့ရဲ့ ကြားထဲကနေ သေဆုံးသွားနေရတယ်။ ကျနော်တို့ ပြည်သူတွေလည်း ဒုက္ခတွေရောက်တယ်။ ဖြစ်နိုင်ရင်တော့ တိုက်ပွဲကို ရပ်တန့်ပေးစေချင်တယ်” ဟု မိုင်းယော်မြို့ ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် မိုင်းယော်စစ်ဘေးရှောင်များက နေရပ် ပြန်ချိန်တွင် လမ်းတစ်ဝက်၌ ရှော့တိုက်မိုင်းနင်းမိပြီး ကလေးတစ်ဦး အပါအဝင် (၃)ဦး သေဆုံးသွားပြီး (၅)ဦး ဒဏ်ရာရရှိခဲ့သည်။

လက်ရှိ မိုင်းယော်တိုက်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့် အဖွဲ့များမှာ စစ်ကောင်စီတပ် နှင့် မြောက်ပိုင်းမဟာမိတ် (TNLA, MNDAA, AA ) တပ်ဖွဲ့များဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...